Thursday, January 16, 2014
ခြင်္သေ့မျက်နှာနှင့် လူ
လူရဲ့ခန္ဓာကိုယ် အပေါ်မှာ ထူးခြားစွာ အမွှေးအမျှင်များ ပေါက်နေသော
သူများ ရှိခဲ့ကြဖူးပါတယ်။ ထိုသူများဟာ သမိုင်းဝံပုလွေ ဟု လူသိများသည့်
ထူးဆန်းသည့် ရောဂါတစ်မျိုးကို ခံစားကြရသူများ ဖြစ်ပါတယ်။
ဒီလို ပုံစံထူးခြားနေသော်လည်း စိတ်ဓာတ်မကျပဲ ဘ၀ကို ရဲရဲရင်ဆိုင် ဖြတ်
သန်းခဲ့တဲ့ ခြင်္သေ့မျက်နှာနှင့်လူ ၊ လိုင်ယွန်နယ် ဟု အများက ခေါ်ဆိုကြတဲ့
စတတ်ဖဲင် ဘိုင်ဘရော့စကီး အကြောင်းကိုတင်ပြချင်ပါတယ်။
Wednesday, January 8, 2014
လူစွန့်စားတို့ကို စိန်ခေါ်နေသည့် သဘာဝ ကျောက်သားတိုင်ကြီး
ဩစတြေးလျ နိုင်ငံရှိ ကျောက်ဆောင်တစ်ခုသည် တိုင်ချောင်းကြီးတစ်ချောင်း အဖြောင့်အတိုင်း စိုက်ထူထားသည့်ပမာ သဘာဝအတိုင်း တည်ရှိနေသည်။ ပင်လယ်ကမ်းစပ် ကျောက်ဆောင်များအနီး၌ ငွားငွားစွင့်စွင့် ရပ်တည်နေသည့် တည်ဆောက်ပုံ ထူးခြားလှသည့် အဆိုပါ ကျောက်တုံးကြီးကို တိုတမ်တိုင်လုံးဟု နာမည်ပေးထားပြီး လူစွန့်စားများ မျက်စိအကျဆုံး နေရာတစ်ခု အနေဖြင့်လည်း မှတ်ယူနိုင်မည် ဖြစ်သည်။
ဝင်ရိုးစွန်းဝက်ဝံ ဦးခေါင်းပုံနှင့် ဆင်တူသည့် မိုလာမိုလာငါး
သမုဒ္ဒရာ ရေနက်ပိုင်းတွင် နေထိုင်လေ့ရှိသည့် မိုလာမိုလာခေါ် ငါးတစ်မျိုးသည် ဝင်ရိုးစွန်း ဝက်ဝံများ၏ ဦးခေါင်းနှင့် ဆင်တူသော အသွင်သဏ္ဍန်မျိုး ရှိနေသည်ကို တွေ့ရသည်။ သမုဒ္ဒရာနေရောင်ငါးဟုလည်း ခေါ်ဝေါ်လေ့ရှိသည့် ယင်းငါးမျိုးများကို အတ္တလန္တိတ် သမုဒ္ဒရာ အလယ်ပိုင်းဒေသများတွင် အများအားဖြင့် တွေ့ရှိနိုင်သည်။ ယင်းတို့ကို အဝေးမှ ရုတ်တရက် ကြည့်ပါက ပိုလာဘဲယားခေါ် ဝင်ရိုးစွန်း ဝက်ဝံဖြူများ၏ ဦးခေါင်းပုံသဏ္ဍန်မျိုးနှင့် ထင်ယောင်ထင်မှား တွေ့မြင်နိုင်မည် ဖြစ်သည်။ တောင်အာဖရိက ကမ်းလွန်တွင် ဓာတ်ပုံဆရာ အေမို့စ်နာချိုအမ်က ယခုဓာတ်ပုံကို မှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့သည်။
မိုလာမိုလာ ငါးများ၏ သဘာဝအတိုင်း ဝဖိုင့်သော ခန္ဓာကိုယ်နှင့် အရောင်မှိန်မှိန် အလင်းတန်းများကြောင့် ယင်းဓာတ်ပုံသည် ပိုလာဝက်ဝံ တစ်ကောင်၏ ဦးခေါင်းမျိုးနှင့် ပိုမို၍ ဆင်တူသွားခြင်း ဖြစ်သည်။ မိုလာမိုလာ ငါးများသည် ကျောရိုးဆူးတောင် ပျောက်ကွယ်နေလေ့ရှိသဖြင့် ဝိုင်းစက်သော ပုံစံကို ပိုမိုပီပြင်စေသည်။ ၎င်းတို့ မွေးဖွားလာချိန်မှစပြီး ကျောရိုးဆူးတောင်သည် လုံးဝဥဿုံ ဖွံ့ဖြိုးကြီးထွားလာမှု မရှိတော့ချေ။ မိုလာမိုလာတို့သည် ကိုယ်အလေးချိန် ကီလိုဂရမ် (၁၀၀၀)မျှထိ ထွားကျိုင်းလာနိုင်ပြီး သမုဒ္ဒရာထဲတွင် အကြီးမားဆုံး စာရင်းဝင် ငါးမျိုးနွယ် တစ်ခုလည်း ဖြစ်သည်။
မိုလာမိုလာ ငါးမျိုးကွဲ (၃)ခုရှိပြီး အားလုံးသည် သမပိုင်းနှင့် အပူပိုင်းဇုန် သမုဒ္ဒရာများတွင်သာ ကျက်စားလေ့ရှိသည်။ မိုလာဆိုသော စကားသည် လက်တင်ဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပြီး ကြိတ်ဆုံဟု အဓိပ္ပါယ်ရသည်။ ယင်းမှာ ငါးများ၏ ဝိုင်းဝန်းသော ကိုယ်ထည်တည်ဆောက်ပုံကို အစွဲပြု မှည့်ခေါ်သော အမည်လည်း ဖြစ်သည်။ ref:planet.com
ပုဂံအပါအဝင် အထင်ရှားဆုံး ရှေးဟောင်းအမွေအနှစ် နေရာ ၂၀
UNESCOက ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် သတ်မှတ်ထားသည့် နေရာပေါင်း
(၉၆၂)ခုထိ ရှိနေသည်။ ယင်းတို့အနက်မှ လက်ရွေးစင် နေရာ(၂၀)ကို ခရီးသွားဝက်ဘ်ဆိုက်
VeryFirstTo.comက ရွေးနုတ်ခဲ့ပြီး အကောင်းဆုံး ကမ္ဘာလှည့် ခရီးစဉ်အဖြစ် စီစဉ်ပေးခဲ့သည်။
အားလပ်ရက်တွင် ကမ္ဘာ့နေရာ အခု(၂၀)သို့ လည်ပတ်သွားလာနိုင်မည့် ယင်းခရီးစဉ်ကို တရုတ်ကျောင်းသား
တစ်ဦးနှင့် အီတလီ လုပ်ငန်းရှင် တစ်ဦးတို့က အစောဆုံး စာရင်းပေးသွင်းခဲ့သည်။ ထိုခရီးစဉ်အတွက်
ကုန်ကျစရိတ်သည် တစ်ဦးလျှင် ဒေါ်လာ (၁.၅)သန်း ဖြစ်သည်။
အဆိုပါ ကမ္ဘာလှည့် ခရီးစဉ်သည် ရှေးမြို့ဟောင်းများထံ ဦးတည်နေသလို လှပသော သဘာဝ
ပတ်ဝန်းကျင်များကိုလည်း ရှုမြင်ခွင့် ရမည်ဖြစ်သည်။ ရှေးလူသားတို့၏ အံ့ဩဘနန်း ဗိသုကာ အတတ်ပညာများကို
လေ့လာနိုင်ခွင့် ရနိုင်သလို ဆန်းကျယ်လှသည့် ရေအောက်သဘာဝ ရှုခင်းများကိုလည်း ထိတွေ့ ခံစားနိုင်ဦးမည်ဟု
ဆိုသည်။ CNNက မြန်မာ့ရှေးဟောင်းမြို့တော် ပုဂံအပါအဝင် ဆန်းကျယ်ထူးကဲလှသည့် အဆိုပါ
လက်ရွေးစင်နေရာပေါင်း (၂၀)၏ ခရီးစဉ် အနှစ်ချုပ်ကို သုံးသပ်ဖော်ပြခဲ့သည်။
    အန်ကောဝတ်ကျောင်းတော် (ကမ္ဘောဒီးယား)
အဆိုပါ ကျောင်းတော်ကြီးသည် ဆီယမ်ရိပ် မြို့မှ မိနစ်(၂၀)မျှ သုံးဘီးကား စီးသွားရုံဖြင့် ရောက်ရှိမည်
ဖြစ်သည်။ နိုဝင်ဘာလမှ ဖေဖော်ဝါရီလကြား ခရီးသည် အများဆုံး သွားရောက်လေ့ရှိသည်။ အဆိုပါ အချိန်တွင်
ရာသီဥတုသည် ခြောက်ခြောက်သွေ့သွေ့ ရှိနေတတ်ပြီး အနိမ့်ဆုံး အပူချိန်မှ (၂၅)ဒီဂရီမှ (၃၀)ဒီဂရီ
ဆဲလ်ဆီးရပ်စ်မျှ ဖြစ်နေသည်။ ကမ္ဘောဒီးယားနှင့် ပတ်သက်သော အကြောင်းအရာများကို Geckos
Adventures Tour ဝက်ဘ်ဆိုက်တွင် အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်သည်။
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ ( ၁ မှ ၈ ) (စ-ဆုံး)
 ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းခြင်းဆိုတာ
ပြင်ပမှပယောဂမပါပဲ ခန္ဓာကိုယ်တွင်း မှပြင်းထန်လှသော မီးတောက်
မီးလျှံများ အလိုလိုထွက်လာပြီး သေဆုံးသွားစေသည်အထိ လောင်
မြှိုက်ခြင်းကို ဆိုလိုတာပါ။
သည်လိုသဘာဝလွန်အဖြစ်မျိုးကို သိပ္ပံပညာရှင်များက သေသေချာချာ
လေ့လာထားပြီး Sloontaneous Human Combution (SHC)ဟု
အမည်ပေးထားပါတယ်။အများအားဖြင့် ရာဇဝတ်ပြစ်မှုများလားဟု
ထင်စရာရှိသဖြင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် မှုခင်းဆရာဝန်များ
နှင့်အတူ သိပ္ပံပညာရှင်များပါ ပေါင်းစပ်လေ့လာကာ အလိုအလျောက်
မီးလောင်ကျွမ်းမှုအဖြစ်အပျက်များဟု မှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ်။
ဒီလိုလောင်ကျွမ်းမှုများကို ခေတ်အဆက်ဆက်မှတ်တမ်းတင်ထားခဲ့ကြ
ပါတယ်။အစောဆုံးမှတ်တမ်းအဖြစ် ၁၆၀၀ ပြည့်နှစ်မှသည် ယနေ့ အထိ
ဆိုလျှင်မှတ်တမ်း ၂၀၀ ကျော်လောက်ရှိပါပြီ။နီးနီးစပ်စပ်အဖြစ်များနှင့်
ထူးထူးခြားခြားဖြစ်ခဲ့သည်များကို ဆက်လက်ပြီးတင်ပြပေးပါမည်။
ဆိုသူအမျိုးသမီးသည် မော်တော်ဘုတ်ပေါ်တွင် ခင်ပွန်း သားသမီးများ
နှင့်အတူ မတ်တပ်ရပ်နေပါတယ်။ထိုအချိန်တွင်ရုတ်တရက် မေရီကိုယ်ပေါ်
မှမီးတောက်မီးလျှံများထွက်လာပါတယ်။မိသားစုဝင်များသည် မကြုံဖူး
သဖြင့် အံ့သြကာကြောင်၍ကြည့်နေမိကြပါတယ်။သတိဝင်ပြီးမီးငြိမ်းသတ်
ရန်လုပ်ချိန်တွင်တော့ မေရီတစ်ယောက်မှာ ပြာတောင်ကျသွားရှာပါပြီ။
အဖြစ်အပျက်မှာလျှင်မြန်လွန်းလှပါတယ်။ထိုသို့ လောင်ကျွမ်းရာတွင်လည်း
အနီးရှိမိသားစု တစ်ဦးတစ်ယောက်မှ လောင်ခြင်း ကူးစပ်ခြင်းမျိုးလုံးဝမရှိပဲ
မေရီတစ်ဦးတည်းသာလောင်ကျွမ်းပြာကျသွားခြင်းဖြစ်ပါတယ်။
Sunday, December 15, 2013
အမှတ်တမဲ့အလွဲများ(၃၈)
ဒီတစ်ပါတ် သူငယ်ချင်းတို့ အတွက် အလွဲပုံလေးတွေ တင်ပေးလိုက်ပါပြီ။
အားပေးကြပါအုံးနော်...
အံမယ် အဖမ်းခံရတာတောင် ပြုံးပြုံးကြီး။ 
ပုဒ်မ ၁၈ နဲ့များလား မသိဘူးနော်...
အီးးး ကယ်ကြပါအုံးဗျ...
Saturday, December 7, 2013
ဆန်းဆန်းပြားပြား Body Art ပန်းချီများ (၃)
ဒီဆိုဒ်မှာ Body Art ပန်းချီနဲ့ပတ်သတ်တဲ့ ပိုစ့်တွေတော်တော်များများတင်ပေးဖူးပါတယ်။
ထူးထူးခြားခြားအနုပညာ စာမျက်နှာမှာ ကြည့်နိုင်ပါတယ်။အခုလည်း အီတလီ ပန်းချီပညာရှင်
Johannes Stoetter  ၏ ဆန်းပြားတဲ့ Body Art ပန်းချီများကို တင်ပေးလိုက်ပါတယ်။
ကြည့်ရှုအားပေးကြပါအုံးနော်......
ဒီပုံကတော့ ကြည့်လိုက်လျှင် ရောင်စုံလှပတဲ့ ဖားပုံစံဟုထင်စရာပါ။ ဒါပေမယ့် ဒီလိုပုံဖြစ်စေဖို့
အမျိုးသမီး ငါးဦး ပေါင်းစပ်ဖွဲ့စည်းထားရတာပါ။ မိန်းကလေးငါးဦး ကို ပုံစံကျအောင်နေခိုင်းပြီး
ဆေးရောင်စုံတင်လိုက်တဲ့အခါ ယခုပုံစံမြင်ရပါတယ်။ ဒါဟာ Johannes ၏ လက်ရာမြောက်တဲ့
ပုံကောင်းတစ်ခုပါ။ ကျွန်တော်အရင်က တင်ပေးဖူးတဲ့ ထူးထူးခြားခြားပေါင်းစပ် အနုပညာ ပိုစ့်
တွင် မိန်းကလေး ၃ ဦးဖြင့် ကျားခေါင်းပုံ ဖန်တီးမှု အဆင့်ဆင့် ကို တင်ပြပေးဖူးပါတယ်။
ဆက်လက်ကြည့်လိုက်ကြပါအုံးဗျာ...
Related Posts Plugin for WordPress, Blogger...