Saturday, June 21, 2014

ထူးဆန်းသောနည်းဖြင့် သေဆုံးသူများ နှင့် ကမ္ဘာကျော်ခဲ့သူတွေရဲ့ ထူးခြားဆန်းပြား အလွဲများ


- ဘီစီ ၅ ရာစုက ဂရိပန်းချီကျော်ဇူးဆစ်ဟာ သူရဲ့ ရုပ်တူပန်းချီကိုကြည့်ပြီး တအားရယ်မောရာကနေ
သွေးကြောပြတ် သေသွားပါတယ်။

- ဘီစီ ၂၈၉ မှာ အာဂါသိုကလီးဆိုတဲ့လူဟာ သွားကြားထိုးတံကို မျိုချမိပြီး အသက်ရှုမရဖြစ်သေပါတယ်။

- ဧကရာဇ်ဘုရင်ကြီး အလက်ဇန်းဒါးသည်ဂရိတ်ဟာ နှစ်ရက်နှစ်ည ပျော်ပွဲရွှင်ပွဲကျင်းပရာကနေ
ဖျားပြီးသေပါတယ်။

- အင်္ဂလန်ပြည်က ဂျွန်ဘုရင်ဟာ အစားလွန်ပြီးသေဆုံးပါတယ်။

- ၁၂၆၉ ခုနှစ်မှာ သူရဲကောင်း စတုတ္ထဖျီဝါရိုင်းဆိုသူဟာ စစ်ပွဲအောင်နိုင်င်္ပြီး
ဝံ့ကြွားစွာပြန်လာပါတယ်။ ရွံ့နွံတစ်ခု ရောက်တဲ့အခါ ၀တ်ထားတဲ့သံချပ်ကာအကျီ ရဲ့အလေးချိန်ကြောင့်
မြင်းရောလူရော မြုပ်ပြီးသေပါတယ်။

- ၁၄၇၈ ခုနှစ်မှာ မြို့စားကြီးဂျော့ကို သူ့ရဲ့ညီဖြစ်တဲ့ ရစ်ချက်က ၀ိုင်အရက်စည်ထဲ နှစ်သတ်ခဲ့ပါတယ်။

- စကော့တန်မြို့စားကြီး ဂျိမ်းဒေါက်ကလပ်ဟာ သူပထမဆုံးသယ်ဆောင်တင်သွင်းလာခဲ့တဲ့ ခေါင်းဖြတ်စက်နဲ့
သူကိုယ်တိုင်အသတ်ခံရပါတယ်။

မွေးကတည်းက လက်မောင်းတစ်ဖက်ကြီးနေတဲ့ ကမ္ဘာ့လက်မောင်းလှဲချန်ပီယံ


ဂျာမန်ဖွား Matthais Schlitte ဟာ ရှားပါးတဲ့ အရိုးများအစီအစဉ်မကျမှု ဝေဒနာကို
မွေးကတည်းက ခံစားခဲ့ရပြီး သူ့  ရဲ့ ညာဖက်လက်မောင်းဟာ ဘယ်ဖက်လက်မောင်းထက် နှစ်ဆကြီးနေခဲ့ပါတယ်။
လက်ဖျံရဲ့လုံးပတ်ကတင် ၄၆ စင်တီမီတာရှိတာပါ။

အသက် ၂၇ နှစ်အရွယ် Matthais Schlitte ဟာ သူ့ ရှဲ့ရှားပါးရောဂါကြောင့်ပဲ
ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ရပါတယ်။ သူဟာ ကြေးစားလက်မောင်းလှဲကစားသမားအဖြစ် အသက်မွေးခဲ့ပြီးနောက်
ဂျာမနီအမျိုးသားချန်ပီယံဆု ရှစ်ကြိမ်နဲ့  အပြည်ပြည်ဆိုင်ရာလက်မောင်းလှဲချန်ပီယံဆု ၁၂ ကြိမ်ရရှိထားခဲ့ပါတယ်။

Monday, June 2, 2014

မိုးရွာလျှင် တူရိယာသံစုံ ထွက်သော အိမ်


မိုးရွာရင် လူတီးစရာ မလိုပဲ အလိုအလျောက် သံစုံ ထွက်တဲ့ အိမ် အပြင်မှာ တကယ်ရှိပါတယ်။
ဂျာမနီနိုင်ငံ၊ Saxony ပြည်နယ် Dresden မြို့ ထဲမှာ ဖြစ်ပြီး အနုပညာရှင်နဲ့ ဒီဇိုင်နာ များ ဖြစ်တဲ့ Christoph Roßner, Annette Paul နဲ့ Andre Tempel တို့က ဖန်တီးထားတာ ဖြစ်ပါတယ်။ သူတို့ သုံးယောက်နေတဲ့ တိုက်လည်း ဖြစ်ပါတယ်။
အိမ်ခေါ်မိုးက ကျလာတဲ့ မိုးရေကို အသုံးပြုလို့ ပုလွေ၊ အနောက်တိုင်း နှဲ တစ်မျိုး ဖြစ်တဲ့ ဆက်ဆိုဟွန်း (Saxophone) ပေါင်းများစွာနဲ့ ဖန်တီး ထားပါတယ်။ အချက်မှန်မှန် ထွက်အောင်လည်း တစ်ခါတည်း အီလက်ထရောနစ် ဆားကစ် ချိန်သလို ချိန်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် မိုးရွာပြီဆိုတာနဲ့၊ ဘယ်လောက်များများ၊ ဘယ်လောက်နည်းနည်း အနောက်တိုင်း စစ်တီးဝိုင်း သို့မဟုတ် အကတီးဝိုင်းက သံစဉ်များကို ကြားရမှာ ဖြစ်ပါတယ်။၎င်းတို့ရဲ့ တီထွင်ဆန်းသစ်မှုကြောင့် လာရောက် လေ့လာသူများနဲ့ အမြဲ စည်ကားလျက် ရှိကြောင်း သိရပါတယ်။ 
From:ရိုးရာလေး

ငါးက နှိပ်ပေးသော ငါးမာဆက်


Doctor Fish လို့ခေါ်တဲ့ ငါးသဖွဲတစ်မျိုး Garra rufa ငါးကို အသုံးပြုလို့ ဖွင့်လှစ်တဲ့ Spa ဖြစ်ပါတယ်။

ယင်း ငါးဆရာဝန်မှာ သွားမပါပါဘူ။ ဒါကြောင့် အသားကို ပါးစပ်နဲ့ စုပ်လိုက်၊ ပြန်ထုတ်လိုက် လုပ်ပါတယ်။ ဒီနည်းလမ်းကြောင့်မို့ ခြေထောက် အကြောများ ကို နှိပ်နှယ်ပေးသလို ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတာ ကတော့ လန် ဒန်မြို့ က ငါးနှိပ်ခန်း Spa တစ်ခုမှာ ဖြစ်ပါတယ်။ Rufa ငါးအကောင် ၁၅၀ ပါဝင်တဲ့   ရေကန် ထဲကို ခြေထောက်ကို ထည့်ပြီး ယခုလို အနှိပ်ခံနေကြပါတယ်။

ယင်း အလေ့အထက်ရဲ့  အစက ဂျပန်ဖြစ်ပါတယ်။ ဂျပန်ပြီးတော့ အခြားသော အာရှနိုင်ငံများ မှာပါ ပြု လုပ်ပြီး ဥရောပ၊ အမေရိက ထိကို ကူးဆက် သွားပါတယ်။ အချို့ ဆို တစ်ကိုယ်လုံးကို အနှိပ်ခံတဲ့ အထိ ပြု လုပ် ပါတယ်။ ယင်း ငါးများရဲ့  နှိပ်နှယ်ပေးမှုကြောင့် အကြောသေခြင်း၊လေဖြတ်   ခြင်းတို့ မှ ပြန် လည်ကောင်းမွန်လာတဲ့ လက်တွေ့ သာဓကများ ရှိကြောင်း သိရပါတယ်။

From:ရိုးရာလေး

ဘာမြူဒါတြိဂံ၏ လျှို့ဝှက်ချက်ကို သိပ္ပံပညာရှင်များ ဖော်ထုတ်နိုင်ပြီ



 
အတ္တ လန်တစ် သမုဒ္ဒရာ အတွင်း ရှိ မီယာမီ၊ ပြူတို ရီကို၊ ဘာမြူဒါ ကြားမှာ တည်ရှိ တဲ့ တြိဂံ ပုံစံ ဒေသ ဟာ ထူးဆန်း လှတဲ့ အခြေ အနေ တွေကြောင့် ထင်ရှား ကျော်ကြား တဲ့ နေရာ အဖြစ် သတ်မှတ် ခြင်း ခံထား ရ ပါ တယ်။ ဘာမြူဒါ တြိဂံ ဒေသရဲ့ ဆိုးရွား လှတဲ့ အကြောင်း ကို နယ်မြေ သစ် ရှာ ဖွေ ခဲ့တဲ့ ခရစ္စ တိုဖာ ကိုလံ ဘတ် က သူ့ရဲ့ မှတ်တမ်း ထဲမှာ ရေးသား ဖော်ပြ ခဲ့ဖူးတယ် လို့ သိရ ပါတယ်။

ဘာမြူဒါတြိဂံ ဒေသကြား ကိုဝင်ရောက် လာတဲ့ သင်္ဘောတွေ၊ လေယာဉ်တွေဟာ အကြောင်းပြချက် မယ် မယ် ရရမရှိဘဲ ပျောက် ဆုံးသွားခဲ့တာမို့ဒီဒေသကို မကောင်း ဆိုးဝါး နေရာ အဖြစ် သတ်မှတ် ထားကြပါတယ်။ အချို့က ဘာမြူဒါတြိဂံဒေသမှာ ဂြိုဟ်သား တွေ၊ ၀ဲဂယက်တွေ၊ မကောင်းဆိုးဝါး တွေ ကြီး စိုးနေတာမို့ သင်္ဘော တွေ နဲ့ လေယာဉ်တွေ ပျောက်ဆုံးနေခြင်းဖြစ်ရတယ်လို့ ဒဏ္ဍာရီ ဆန်ဆန်ပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အမေရိ ကန်သိပ္ပံပညာရှင်တွေကတော့ ဘာမြူဒါတြိဂံ ဒေသမှာ ဘာမှမရှိဘဲ ရာသီ ဥတု ဆိုးရွားမှု ကြောင့် သာ သင်္ဘော တွေနဲ့ လေယာဉ်တွေပျောက် ဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ အချက်အလက် တွေနဲ့ ထုတ်ပြန်သွားခဲ့ပါတယ်။

Thursday, February 6, 2014

အမှတ်တမဲ့အလွဲများ(၄၀)

အပိုင်း ၄၀ ရောက်လာပါပြီ...
ဆက်လက်အားပေးကြပါအုံးဗျာ...
ကိုယ်ပိုင်အဲယားကွန်းနဲ့ မီးစက်နဲ့ ...မပိုင်ဘူးလား...

လူလည်ကြီးးး

Thursday, January 30, 2014

တရုတ်နိုင်ငံမှ ပင်လယ်ပျော် ဂျစ်ပ်စီများ

အပြောင်းအလဲကို လက်မခံခြင်းဟု ဝေဖန်သူများလည်း ရှိသည်။ ရိုးရာဓလေ့ကို ခိုင်မာစွာ စောင့်ထိန်းခြင်းဟုချီးကျူးသူများလည်း ရှိသည်။ မည်သို့ပင်ဖြစ်စေ တရုတ်နိုင်ငံမှ တန်ကာလူမျိုးများကမူ ခေတ်သစ် လူနေမှုဘဝကို ငြင်းပယ်ကာ ပင်လယ်ပျော် ဂျစ်ပ်စီများအဖြစ် ဆက်လက် ခံယူနေထိုင်ဆဲပင်။ 

တန်ကာမျိုးနွယ်
(၇၀၀၀)မျှသည် မြေပေါ်တွင် မနေဘဲ ရေထဲတွင်သာ သီးခြား လူ့အဖွဲ့အစည်း တစ်ခုအဖြစ်
စုရုံးနေထိုင်ကြသည်။ တရုတ်နိုင်ငံ၏ ရှေးကျသည့် တံငါမိသားစုများမှ ဆင်းသက်လာသည့် တန်ကာတို့သည် ရေပေါ်တွင်ဖောင်ဖွဲ့ ဆောက်လုပ်ထားသည့်အိမ်များပေါ်တွင် နေထိုင်ကာ
 ရေသတ္တဝါများကို ပင်လယ်ထဲတွင်ခြံခတ်မွေးမြူပြီး စားနပ်ရိက္ခာ ပြဿနာကို ဖြေရှင်းကြသည်။ 

Related Posts Plugin for WordPress, Blogger...