Sunday, September 21, 2014

အံရောသောဝ်…နိုင်ငံတကာ ဥပဒေများ


ပြင်သစ် နိုင်ငံရဲ့ မြို့တော် ပါရီ (Paris) မှာတော့ ယခုအခါ ပျိုပျိုမေတို့အတွက် သတင်းကောင်း ဥပဒေကို ပြင်ဆင်မွန်းမံလိုက်ပါပြီ။  ဒီ ဥပဒေကတော့ အမျိုးသမီးတွေဟာ တရားဝင် ဘောင်းဘီရှည် ၀တ်ဆင်ခွင့် ရပါပြီတဲ့။  ၂၁၄ နှစ်ကြာ တားမြစ်ထားတဲ့ ဥပဒေကို ၁၇၉၉ ခုနှစ်မှာ စတင်ပြဋ္ဌာန်းခဲ့တာ ဖြစ်ပြီးတော့ အဲဒီအချိန်တုန်းက အမျိုးသမီးတွေဟာ ဘောင်းဘီရှည်ဝတ်ဆင်ချင်ရင် ရဲအရာရှိဆီမှာ အထူးခွင့်ပြုချက်ကို ရယူရမယ်လို့ ဆိုထားတာပါ။  ၁၈၉၂ ခုနှစ်မှာတော့ အကယ်၍ အမျိုးသမီးဟာ မြင်းဇက်ကြိုးကို ကိုင်ထားမယ်ဆိုရင်တော့ ဘောင်းဘီရှည် ၀တ်ဆင်ခွင့်ရမယ် လို့ ပြင်ဆင်ခဲ့ပါတယ်။  ၁၉၀၉ ခုနှစ်မှာတော့ ဒီဥပဒေကို ထပ်မံပြင်ဆင်ခဲ့ပါတယ်။  ဒါကတော့ အမျိုးသမီးဟာ စက်ဘီးစီးနင်းနေတဲ့အခါ ဒါမှမဟုတ် စက်ဘီးဂိုက်ကို ကိုင်ထားတဲ့အချိန်မှာဆိုရင် ဘောင်းဘီ ပုံစံအမျိုးမျိုး ၀တ်ဆင်ခွင့်ရှိတယ်ဆိုတာပါ။  ၁၉၄၆ ခုနှစ်မှာတော့ ယောက်ျားများနည်းတူ အမျိုးသမီးများ တန်းတူအခွင့်အရေး ရလာတော့ ဒီဥပဒေ ဟာ မျက်စေ့စပါးမွှေးစူးစရာဖြစ်လာပါတယ်။  ခုတော့ အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ ၀န်ကြီးက အမျိုးသမီးတွေကို တရားဝင် ဘောင်းဘီရှည် ၀တ်ဆင်ခွင့်ပေးလိုက်ပါပြီ။  ဒါပေမယ့် ချွင်းချက်တစ်ခုတော့ ရှိပါတယ်။  ခေတ်မမီတော့တဲ့၊  ဒါမှမဟုတ် အများအမြင်မသင့်လျှော်တဲ့ ဘောင်းဘီရှည်မျိုးကိုတော့ ၀တ်ဆင်ခွင့် မရှိပါဘူးတဲ့။  ဘာကြောင့်ရယ်တော့ အကျွန်လဲ မလျှောက်တတ်။

နောက်ထပ် ကြောင်တောင်တောင် ဥပဒေလေးတွေလည်း ပြင်သစ်မှာ ရှိပါသေးတယ်။

မနက် ၈နာရီမှ ည၈နာအတွင်း ၇၀%နှုန်းသော ရေဒီယိုမှ ထုတ်လွှင့်တဲ့ သီချင်းတွေဟာ ပြင်သစ် အနုပညာရှင်တွေရဲ့ သီချင်းတွေ ဖြစ်ရပါမတဲ့။

ရထားလမ်းတွေပေါ်မှာ နမ်းခြင်းဟာ ဥပဒေကို ချိုးဖောက်ပါတယ်။

ဘယ်ဝက်ကိုမှ သူ့ရဲ့ သခင်က နပိုလီယံဆိုတဲ့ နာမည် မှည့်ခွင့် မရှိပါဘူး။

ရဲအရာရှိ ဒါမှမဟုတ် ရဲကားကို ဓာတ်ပုံရိုက်ခြင်းဟာ ဥပဒေကို ချိုးဖောက်ပါသတဲ့။  ဓာတ်ပုံရိုက်ရင်း ရဲတစ်ယောက်ယောက် ဖြတ်လျှောက်သွားရင်တောင် မြင်ကွင်းထဲ ပါအောင် မရိုက်ရမယ့်ပုံပေါက်နေပြီ။

ကမ္ဘာ့အကြီးဆုံး ချောကလက် အဆောက်အဦး


 ကဲ ချောကလက်ချစ်သူများ…  ဘယ်လောက်ကြီးတဲ့ ချောကလက်ကို မြင်ဖူးပါသလဲ။  ခု တွေ့ရတဲ့ ချောကလက် ရုပ်ထုကြီးကတော့ မေရန်း တွေရဲ့ ဘုရားကျောင်းပုံစံကို ပြုလုပ်ထားတာဖြစ်ပြီး ၁၈၂၃၉ ပေါင် အလေးချိန်ရှိပါသတဲ့။  ဒီလိုမျိုးကြီးလွန်းလို့လဲ အခုဆိုရင် ဂင်းနစ် စံချိန်တင်သွားပြီ ဖြစ်ပါတယ်။  ဒီ ချောကလက် အဆောက်အဦးပုံစံကို ပြုလုပ်ဖို့အတွက် နာရီပေါင်း ၄၀၀ ကျော်အချိန်ယူရတယ်လို့ ဆိုပါတယ်။ 
          ဒီ ချောကလက်အဆောက်အဦးကို မေရန်း လူမျိုးတွေ ဆောက်ခဲ့တဲ့အတိုင်း စကေးကိုက် ဆောက်ခဲ့ပြီးတော့ လှေကားထစ်အရေအတွက်လည်း ထပ်တူဖြစ်ပါတယ်။  ဒါ့အပြင် နံရံတွေမှာလည်း မေရန်း လူမျိုးတွေရဲ့ ပြက္ခဒိန်ထဲကအတိုင်း ဖွဲ့စည်းထားပါသတဲ့။ ဒီ ချောကလက် အဆောက်အသီးကြီးကတော့ ၁၀ ပေ ပတ်လည် အောက်ခြေရှိပြီးတော့ ၆ ပေမြင့်မားပါတယ်။
          ဒီ ချောကလက်ကို ထုတ်လုပ်တဲ့ Qzina ကတော့ ဘာဖြစ်လို့ ဒီလို မေယန်းလူမျိုးတို့ရဲ့ အဆောက်အဦးပုံစံကို လုပ်ရသလဲဆိုတော မေရန်းလူမျိုးတွေဟာ ကိုကိုးပင် စတင်စိုက်ပျိုးနိုင်တဲ့ လူမျိုးစုဖြစ်တဲ့အပြင် ကိုကိုးအစေ့ရဲ့ အရသာကို စတင်မိတ်ဆက်ပေးနိုင်တဲ့ လူမျိုးစုဖြစ်လို့ပါတဲ့။  ဒါ့အပြင် ဒီလူမျိုးစုတွေဟာ သူတို့ရဲ့ ဘုရားသခင်ကို ကိုကိုးအစေ့တွေကို ပူဇော်ပသကြတယ်လို့ ဆိုပါတယ်။
          ဒီ ချောကလက် အဆောက်အဦးကြီးကိုတော့ ဇွန်လ ၄ ရက်နေ့ကစပြီး Qzina’s Institue of Chocolate and Pastry မှာ ပြသထားမှာပါ။  ဒါပေမယ့် အကြာကြီး ပြသထားမှာတော့မဟုတ်ပါဘူး ၂၁ ဒီဇင်ဘာလ ၂၀၁၂ မှာ ဒီချောကလက် အဆောက်အဦးကြီးကို ဖျက်ဆီးပစ်မှာဖြစ်ပါတယ်။  ဘာဖြစို့လဲဆိုတော့ မေရန်းတို့ရဲ့ ပြက္ခဒိန်ဟာ အဲ့ဒီအချိန်မှာ ကုန်ဆုံးသွားမှာဖြစ်လို့ ဖြစ်ပါတယ်။

သဘာဝလျှို့ဝှက်လူသတ်ကောင်များ

Golden Poison Frog (ရွှေရောင် အဆိပ်ရှိသောဖား)

သဘာဝတရားကြီးဟာ ဘယ်လောက်ပဲ လှပတယ်ပြောပြော ဘယ်လောက်ပဲ ငြိမ်းချမ်းပါ တယ်ပြောပြော တောနက်ကြီးတွေနဲ့ ပင်လယ်နက်တွေထဲမှာ အဆိပ်ပြင်းတဲ့ ရှားပါးသတ္တ၀ါတွေရှိနေတုန်းပါပဲ ။ သူတို့ ကို သဘာဝလှို့ဝှက်လူသတ်ကောင်များ (Nature's secret killers ) လို့လည်းခေါ်ကြပါတယ် ။ မြင်ဖို့ခဲ ယဉ်းလှတဲ့ သတ္တ၀ါတွေမို့ တင်ပြပေးလိုက်ရပါတယ် ။

Blue Ringed Octopus (အပြာရောင်ကွင်းများနှင့် ရေဘ၀ဲ)

Saturday, June 21, 2014

ဝါးတူ ချောင်း ၆သောင်းခွဲနီးပါးဖြင့် ဂျက်ကီချန်း ပုံကို ဖန်တီး


တရုတ် ထမင်းစား၊ ဟင်းစား ဝါးတူပေါင်း အချောင်း ၆၄ ၀၀၀ ကို အသုံးပြုလို့ ဂျက်ကီချန်း ပုံတူကို
 တရုတ်ပြည်က Hong Yi လို့အမည်ရတဲ့ အမျိုး သမီးက ဖန်တီး လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့က အသက်
၆၀ ပြည့် သွားတဲ့ ဂျက်ကီချန်းကို ဂုဏ်ပြုခြင်း ဖြစ်ပါတယ်။
ယခုလို ပြုလုပ်ဖို့ အတွက် စက်ရုံတွေ၊ စားသောက်ဆိုင် တွေက စွန့်ပစ် တူ များကို စုလို့ ပုံတူ ဖန်တီးခြင်း
ဖြစ်ပါတယ်။ ပေကျင်းနဲ့ Zhejiang ကနေ တူများ စုထားခြင်း ဖြစ်ပါတယ်။ တူ အပြင် ဝါးလုံး
အတိုအပြတ် အချို့ ကိုလည်း အသုံးပြု ထား ပါတယ်။ ခန်းစီး လိုက်ခါလို့ တွဲလောင်း ပုံစံ ဖြစ်အောင်
ကြိုးနဲ့ ချည်လို့ ဖန်တီးခြင်း ဖြစ်ပါတယ်။

စွန့်ပစ် ပစ္စည်း ပြန်လည် အသုံးပြုတဲ့ အလေ့အထ ကိုပါ လုံ့ဆော်ရဲ့ Hong Yi ဟာ သူမရဲ့ စွမ်းရည်ကိုပါ
ထုတ်ဖော် ပြသ သွားခဲ့ခြင်း ဖြစ်ပါတယ်။
ref:yoayarlay

ဂင်းနစ်စံချိန် (၂၁)ခု တင်ရှိထားတဲ့ ရေခဲလူသား


နယ်သာလန် နိုင်ငံသား အသက် (၅၅) နှစ် အရွယ်ရှိ ၀င်ဟော့ဖ်ဟာ ဂင်းနစ်စံချိန်
(၂၁) ခု တင်ရှိထားပြီး ထူးခြားလှတဲ့ အံ့မခန်း စွမ်းဆောင်ရည် တွေကြောင့် ရေခဲလူသားအဖြစ်
ခေါ်ဝေါ်ခြင်းခံခဲ့ ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဟော့ဖ်ဟာ သာမန်လူတွေ မစွမ်းဆောင်နိုင်တာကို
ပြုလုပ်နိုင်ခဲ့ ခြင်းကြောင့် ဖြစ်ပါတယ်။ ရေခဲအမှတ် သုညဒီဂရီ ဖာရင်ဟိုက်အောက်အေးတဲ့
မြောက်ဝင်ရိုးစွန်းတန်းမှာ အ၀တ်အစားမပါဘဲ ဘောင်ဘီတို တစ်ထည်နဲ့ ပြေးပြခြင်း၊ ကမ္ဘာ့ အမြင့်ဆုံး
ဧ၀ရတ်တောင်ကို အ၀တ်အစားမပါဘဲ ဘောင်းဘီတိုတစ်ထည် ၀တ်ဆင်ပြီး တက်နိုင်ရန် ကြိုးစားခဲ့ခြင်း တို့ကြောင့်
ရေခဲလူသားအဖြစ် သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။ ကလေးငါးဦးဖခင်ဟော့ဖ်ဟာ ရေခဲကန်ထဲမှာ
အချိန်အကြာဆုံးနေပြတဲ့ စံချိန်ကိုလည်း တင်ရှိထားပါတယ်။ လူရဲ့ ခန္ဓာကိုယ်မှာ အပူချိန်လျော့ကျ သွားပါက
အန္တရာယ်ရှိပေမယ့် ဟော့ဖ်ကတော့ အပူချိန်ကို ဘယ်လို ထိန်းသိမ်း ရမလဲဆိုတာ သိရှိထားပါတယ်။

ထူးဆန်းသောနည်းဖြင့် သေဆုံးသူများ နှင့် ကမ္ဘာကျော်ခဲ့သူတွေရဲ့ ထူးခြားဆန်းပြား အလွဲများ


- ဘီစီ ၅ ရာစုက ဂရိပန်းချီကျော်ဇူးဆစ်ဟာ သူရဲ့ ရုပ်တူပန်းချီကိုကြည့်ပြီး တအားရယ်မောရာကနေ
သွေးကြောပြတ် သေသွားပါတယ်။

- ဘီစီ ၂၈၉ မှာ အာဂါသိုကလီးဆိုတဲ့လူဟာ သွားကြားထိုးတံကို မျိုချမိပြီး အသက်ရှုမရဖြစ်သေပါတယ်။

- ဧကရာဇ်ဘုရင်ကြီး အလက်ဇန်းဒါးသည်ဂရိတ်ဟာ နှစ်ရက်နှစ်ည ပျော်ပွဲရွှင်ပွဲကျင်းပရာကနေ
ဖျားပြီးသေပါတယ်။

- အင်္ဂလန်ပြည်က ဂျွန်ဘုရင်ဟာ အစားလွန်ပြီးသေဆုံးပါတယ်။

- ၁၂၆၉ ခုနှစ်မှာ သူရဲကောင်း စတုတ္ထဖျီဝါရိုင်းဆိုသူဟာ စစ်ပွဲအောင်နိုင်င်္ပြီး
ဝံ့ကြွားစွာပြန်လာပါတယ်။ ရွံ့နွံတစ်ခု ရောက်တဲ့အခါ ၀တ်ထားတဲ့သံချပ်ကာအကျီ ရဲ့အလေးချိန်ကြောင့်
မြင်းရောလူရော မြုပ်ပြီးသေပါတယ်။

- ၁၄၇၈ ခုနှစ်မှာ မြို့စားကြီးဂျော့ကို သူ့ရဲ့ညီဖြစ်တဲ့ ရစ်ချက်က ၀ိုင်အရက်စည်ထဲ နှစ်သတ်ခဲ့ပါတယ်။

- စကော့တန်မြို့စားကြီး ဂျိမ်းဒေါက်ကလပ်ဟာ သူပထမဆုံးသယ်ဆောင်တင်သွင်းလာခဲ့တဲ့ ခေါင်းဖြတ်စက်နဲ့
သူကိုယ်တိုင်အသတ်ခံရပါတယ်။

မွေးကတည်းက လက်မောင်းတစ်ဖက်ကြီးနေတဲ့ ကမ္ဘာ့လက်မောင်းလှဲချန်ပီယံ


ဂျာမန်ဖွား Matthais Schlitte ဟာ ရှားပါးတဲ့ အရိုးများအစီအစဉ်မကျမှု ဝေဒနာကို
မွေးကတည်းက ခံစားခဲ့ရပြီး သူ့  ရဲ့ ညာဖက်လက်မောင်းဟာ ဘယ်ဖက်လက်မောင်းထက် နှစ်ဆကြီးနေခဲ့ပါတယ်။
လက်ဖျံရဲ့လုံးပတ်ကတင် ၄၆ စင်တီမီတာရှိတာပါ။

အသက် ၂၇ နှစ်အရွယ် Matthais Schlitte ဟာ သူ့ ရှဲ့ရှားပါးရောဂါကြောင့်ပဲ
ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ရပါတယ်။ သူဟာ ကြေးစားလက်မောင်းလှဲကစားသမားအဖြစ် အသက်မွေးခဲ့ပြီးနောက်
ဂျာမနီအမျိုးသားချန်ပီယံဆု ရှစ်ကြိမ်နဲ့  အပြည်ပြည်ဆိုင်ရာလက်မောင်းလှဲချန်ပီယံဆု ၁၂ ကြိမ်ရရှိထားခဲ့ပါတယ်။
Related Posts Plugin for WordPress, Blogger...