Sunday, January 10, 2016
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၂၇၀၀ကျော်မှာ ဒေါက်မြင့်ဖိနပ်စီးပြီး ကြိုးတန်းလမ်းလျှောက် ပြခဲ့တဲ့ အမျိုးသမီး
unnamed 279
ဒေါက်မြင့်ဖိနပ်စီးလိုက်ရင်ကို တစ်ချို့ မိန်းကလေးတွေအတွက် မြေကြီးပေါ်လမ်းလျှောက်ရတာကိုက ပိုခက်ခဲ သွားတတ်ပါတယ်။ ဒါပေမယ့် Texas ပြည်နယ်၊ Austin က အသက် ၂၆ နှစ်အရွယ် Faith Dickey ဆိုသူ အမျိုးသမီးဟာ ဘရာဇီးနိုင်ငံက Highgirls ပွဲတော်မှာ သေမင်းကိုစိန်ခေါ်တဲ့စတန့် ပြကွက်တစ်ခုအနေနဲ့  ပန်းရောင်ဒေါက်ဖိနပ်ဝတ်ဆင်ကာ ကြိုးတန်းလမ်းလျှောက်ပြလိုက်ပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂၇၅၀ ကျော်အမြင့်မှာ ဒေါက်ဖိနပ်စီးကာ မတော်တဆပြုတ်ကျခဲ့ရင် အသက်ကယ်နိုင်ဖို့ အတွက် အသက်ကယ်ကြိုးတစ်ခုကိုပဲ သုံးပြီး ကောင်းကင်ကြိုးတန်းကို အောင်မြင်စွာလမ်းလျှောက်ဖြတ်ကူးပြခဲ့ပါတယ်။
Faith ဖြတ်လျှောက်ပြခဲ့တဲ့ ဘရာဇီးနိုင်ငံ၊ရီယိုဒီဂျနေရိုးမြို့ က Pedra da Gavea ကောင်းကင်ကြိုးတန်းဟာ နိုင်ငံရဲ့နာမည်အကြီးဆုံး ကောင်းကင်ကြိုးတန်း တစ်ခုဖြစ်ပါတယ်။ “ ပထမဆုံး ကြိုးရဲ့ တင်းအားကို စမ်းဖို့  ကျွန်မလျှောက်နေကျအတိုင်း ခြေဗလာနဲ့ ပဲ ကြိုတင်လျှောက်ကြည့်ခဲ့ပါတယ်။ လွယ်လွယ်ကူကူပါပဲ။ နောက်တော့ ဒီထက်ပိုခက်သွားအောင် ဒေါက်မြင့်ဖိနပ် စီးပြီး လျှောက်ပြခဲ့တာဖြစ်ပါတယ်။ ဒါ ရီယို မှာ ကျွန်မ ပထမဆုံးအကြိမ်လျှောက်ဖူးတာပါ။ ရှုခင်းကတော့ ရင်သပ်ရှုမောစရာပါပဲ” လို့ Faith က ပြောပြပါတယ်။
ကြိုးတန်းက တော်တော်ရှည်ပြီး ဒေါက်မြင့်ဖိနပ်ကလည်း သေးနေတော့ ဒီတစ်ခါလျှောက်ရတာ အရင်ကထက် ပိုခက်ပါတယ်” လို့ သူမက ရှင်းပြပါတယ်။
Ref: Mirror
ref;: Trend.com.mm
၁၉ လသားအရွယ်မှာတင် စကားလုံးပေါင်း ၃၀၀ ကျော်ကို တတ်ထားပြီး စာဖတ်တတ်တဲ့ ပါရမီရှင်ကလေးငယ်
index 24
ကလေးငယ်အများစုဟာ အသက် ငါးနှစ်ပတ်ဝန်းကျင်လောက်၊ ကျောင်းစတက်တဲ့အချိန်မှ စာ စဖတ်တတ်ကြပေမယ့် ဒီ ၁၉ လသားအရွယ် ကလေးငယ်လေးကတော့ အခုအခါ စကားလုံးပေါင်း ၃၀၀ ကျော်ကို ဖတ်တတ်ပြီး ၁ ကနေ ၅၀ အထိလည်း ရေတွက်နိုင်ပါတယ်။
အမေဖြစ်သူ LaToya Whiteside ဟာ မြောက်ကယ်ရိုးလိုင်းနားပြည်နယ်၊ ချားလော့မြို့ က အိမ်မှာ သားငယ်လေး Carter တစ်ယောက် စာရွက်ကတ်တွေပေါ်က စကားလုံးတွေကို ဖတ်နေပုံကို ဗီဒီယိုရိုက် မှတ်တမ်းတင်ခဲ့ပါတယ်။အဆိုပါဗီဒီယိုအပိုင်းမှာ ကလေးလေးဟာ ‘are’ ဆိုတဲ့ စကားလုံးကို ဖတ်ပြနေပြီး  မှန်ရဲ့လားဆိုတာကို သူ့ အမေကို တစ်ချက်လှမ်းကြည့်လိုက်ပြီး နောက်ထပ် ဆက်ဖတ်ပြနေတာကို တွေ့ ရမှာပါ။ ထို့ နောက်မှာတော့ Carter လေးဟာ ‘was’ ‘to’ ‘like’ စတဲ့ စကားလုံးတွေကို ပီပီသသဖတ်ပြနေတာကို တွေ့ ရပြီး နောက် ကတ်တစ်ကတ်ကို ပြောင်းလိုက်ချိန်မှာတော့ ကတ်က ဇောက်ထိုးဖြစ်နေတာကိုပါ သတိထားမိတာကို တွေ့ မြင်ရပါတယ်။
Friday, January 8, 2016
အမှတ်တမဲ့ အလွဲများ ( ၄၇ )
နည်းနည်းလေးဖြစ်ဖြစ် ပြုံးလိုက်ကြရအောင်နော်...
ဆရာမက အရမ်းကြင်နာတတ်တာ...
FB IMG 1450338489881
သေပါပြီ... မေမေရယ်
FB IMG 1450348876180
Thursday, January 7, 2016
ကမ္ဘာ့အရှည်ဆုံး နှစ်နိုင်ငံကြား နယ်နိမိတ်များ
နိုင်ငံနှစ်ခုကြား ထိစပ်နေသော ကမ္ဘာ့အရှည်ဆုံးနယ်နိမိတ် များအကြောင်းကို
တင်ပြပေးခြင်ပါသည်။ (၁) မှ (၁၀) အထိ တင်ပြပေးပြီး ကမ္ဘာ့အရှည်ဆုံးစာရင်း
Top 20 ထဲ ပါဝင်သော မြန်မာနိုင်ငံ အကြောင်းကိုပါ ရှာဖွေတင်ပြပေးပါမည်။
(၁) Canada – United States
fronteira canada estados unidos america
ကမ္ဘာ့အကြီးဆုံး စာရင်းဝင် နိုင်ငံ နှစ်ခုကြားမှာ တည်ရှိသော ဒီနှစ်နိုင်ငံ၏နယ်နိမိတ်ထိစပ်မှု
စုစုပေါင်းမှာ 8,893 km (5,525 မိုင်)   ရှိပါသည်။ ထို့ကြောင်ပင် ကမ္ဘာအရှည်ဆုံး
နှစ်နိုင်ငံကြား နယ်နိမိတ်ဟု မှတ်တမ်းတင်ထားကြပါသည်။
canada usa
Wednesday, January 6, 2016
ဒဏ္ဍရီ ထဲကနေရာလေး
strange formations 1
ဒီဒေသလေးကတော့ ဒဏ္ဍရီပုံပြင်တွေထဲက ဒေသလေးပါ။
တရုတ်နိုင်ငံ ၊ ဟူနန်ဒေသ မှာ တည်ရှိတဲ့Wulingyuan တောင်တွေပါ။
တွေအတွက်လက်မလွှတ်တန်း သွားကြရတာပေါ့...
perierga.gr - Οι περίεργοι βράχοι του Wulingyuan
Monday, January 4, 2016
သစ်ပင်ပေါ် က အနုပညာ
တကယ်လှပ အသက်ဝင်ပါသည်။ မူရင်းခေါင်းစဉ်ကတော့ ပဟေဠိဆန်သော သစ်ပင်ပါတဲ့။
သဘာဝအတိုင်းဖြစ်နေတာလို့လည်းဆိုကြပါသည်။ 
အိန္ဒိယနိုင်ငံ Nalgonda ဒေသမှာ တည်ရှိပါသည်။
ကဲ ကြည့်လိုက်ကြပါအုံးနော်...
qjzmkl
index
Saturday, January 2, 2016
တရုတ်ပြည်မှ သက်တန့်တောင်တန်းကြီး(Rainbow Mountain )
o RAINBOW MOUNTAINS 900aa
သဘာဝအတိုင်းဖြစ်တည်နေသော သက်တန့်ရောင် တောင်တန်းများကို
တရုတ်နိုင်ငံ ဂန်ဆူပြည်နယ်တွင် တွေ့ရှိရပါသည်။ ထိုတောင်ထွတ်များတည်ရှိရာ
ဒေသသည် ရှန်ဟိုင်းမြို့မှအနောက်ဘက် မိုင် ၆၀၀ ကျော်အကွာအဝေးတွင်
တည်ရှိပါသည်။
ေo RAINBOW MOUNTAINS 900
Related Posts Plugin for WordPress, Blogger...