Tuesday, March 1, 2016

ကမ္ဘာ့အလှပဆုံး ပင်လယ်ကမ်းခြေများ ( ငပလီပါဝင်)

ကမ္ဘာ့အလှပဆုံး ပင်လယ်ကမ်းခြေများ (The Best Beaches In The World) အကြောင်းကို
(၁) မှ (၂၅) အထိ တင်ပြပေးချင်ပါသည်။ အခုဒီစာရင်းသည် ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာလှည့်
ခရီးသွားများ၏ အမှတ်ပေး စစ်တမ်းကောက်ယူထားသော စာရင်းပါ။ ထိုသို့စာရင်းကောက်ယူ
အမှတ်ပေးမှုကို Tripadvisor.com ၀က်ဆိုက်မှ နှစ်စဉ်တင်ပြပေးလေ့ရှိပြီး ထိုစာရင်းကို
ကမ္ဘာတစ်ဝန်းမှ ကမ္ဘာလှည့်ခရီးသည်များ နှင့် သတင်းဌာနများမှလည်း အလေးဂရုပြု၊
အသိအမှတ်ပြုလေ့ရှိကြပါသည်။ယခုနှစ် ကမ္ဘာ့အကောင်းဆုံးကမ်းခြေစာရင်းတွင်
မြန်မာနိုင်ငံမှ ငပလီကမ်းခြေပါဝင်လာပြီး အဆင့် (၈) သတ်မှတ်ခံရပါသည်။ Top Ten အတွင်း
သို့ အာရှမှ ငပလီကမ်းခြေနှင့် ဖိလစ်ပိုင်ကမ်းခြေ (အဆင့် ၁၀ ) တို့သာ ပါဝင်ပါသည်။
(၁) မှ (၂၅ ) အထိ ကြည့်လိုက်ကြရအောင်နော်…
(၁) Grace Bay – Providenciales ,Turks and Caicos
1 grace bay providenciales turks and caicos acc
Turks and Caicos မှ Grace Bay ကမ်းခြေသည် နံပါတ် ၁ သတ်မှတ်ခံရသလို
ကမ္ဘာကျော်ပင်လယ်ကမ်းခြေတစ်ခုဖြစ်ပါသည်။ ကြည်လင်ပြီး သန့်ရှင်းတဲ့ ရေများနှင့်
ပြည့်စုံသလို ဒီကမ်းခြေ၏ အခြာအားသာချက်တစ်ခုမှာ သကြားကဲ့သို့ အဖြူရောင် သဲသောင်ပြင်
တည်ရှိပါသည်။

(၂) Baia de Sancho  - Brazil
2 baia de sancho fernando de noronha brazil as
ဘရာဇီးနိုင်ငံမှ လှပသော ကမ္ဘာကျော် ကမ်းခြေတစ်ခုပါ။

Thursday, February 25, 2016

ကြမ္မာဆိုးများနှင့် ပြိုင်ကားလေးဘတ်စ်တတ်

2913858

ကံကြမ္မာဆိုးများနှင့် နာမည်ကျော်ကြာတဲ့ ပြိုင်ကားလေး ဘတ်စ်တတ် အကြောင်းကို
တင်ပြခြင်ပါတယ်။ ဒီပြိုင်ကားလေး၏ မူလပထမပိုင်ရှင်ဟာ နာမည်ကျော်ကြားသော
သရုပ်ဆောင်တစ်ဦးဖြစ်သူ ဂျိမ်းစ်ဒင်း ပါ။ သူဟာ သရုပ်ဆောင်အလုပ်တွင်မက
ပြိုင်ကား စီးရ ၊ မောင်းရတာကိုလည်း ကြိုက်ပါတယ်။ ဒါကြောင့် သူနောက်ဆုံးဝယ်
လိုက်တဲ့ ပြိုင်ကားလေးကို little Bastard လို့အမည်ပေးလိုက်ပါတယ်။
သူ ဒီကားကိုဝယ်ယူစဉ်မှာ နာမည်ကျော်ကြားသော ဆာ အလက် ဂီးနက်စ် က
အရှိန်ပြင်းစွာ မောင်းနိုင်တဲ့ ကားကြောင့် ဂျိမ်းစ်ဒင်း တစ်ယောက်သေနိုင်တယ် လို့
နိမိတ်ဖတ် ဟောကိန်းထုတ်လိုက်ပါတယ်။
3803685
        ဂျိမ်းစ်ဒင်း      

ကမ္ဘာ့အရှည်ဆုံး ရေအောက်လှိုဏ်ခေါင်းကြီးများ

ကမ္ဘာ့အရှည်ဆုံး ရေအောက်လှိုဏ်ခေါင်းကြီးများ အကြောင်းကို
စုစည်းတင်ပြလိုက်ပါသည်။ တစ်နေရာမှ တစ်နေရာသို့ကူးလူးသွားလာကြရာတွင်
အသုံးပြုကြသော ပင်လယ်ရေအောက်လှိုဏ်ခေါင်းများပါ။ ၁ မှ ၁၀ အထိ တင်ပြပေးလိုက်ပါသည်။
(၁) Seikan Tunnel – 53.9 km

800px Seikan Tunnel Entrance Honshu side
ဒီလှိုဏ်ခေါင်းကြီးသည် ရေအောက်တွင် ၃၃.၄ မိုင် ( ၅၃.၉ ကီလိုမီတာ) အထိအရှည်ရှိပါသည်။
ကမ္ဘာပေါ်တွင် အရှည်ဆုံး ရေအောက်လှိုဏ်ခေါင်း အဖြစ်ရော အရှည်ဆုံးရေအောက် မီးရထားလှိုဏ်ခေါင်း
အဖြစ်ပါ စံချိန်နှစ်ခု တင်ထားပါသည်။ဂျပန်နိုင်ငံတွင် တည်ရှိပြီး ဟွန်းရှူးကျွန်း နှင့် ဟော့ကိုင်းဒိုးကျွန်း
တို့ကို ဆက်သွယ်ပေးထားပါသည်။နှစ်ပေါင်း ၂၅ နှစ်လောက် အချိန်ယူ တည်ဆောက်ခဲ့ရပြီး
၁၉၈၈ ခု မတ်လ မှာတည်ဆောက်မှု ပြီးစီးခဲ့ပါသည်။
800px Seikan Tunnel profile diagram svg

Saturday, February 20, 2016

အမှတ်တမဲ့ အလွဲများ ( ၄၉ )

ဒီတစ်ပါတ်အတွက် အပိုင်းသစ်လေးတင်ပေးလိုက်ပါတယ်။
ပြုံးရွှင် ကြည်နူးနိုင်ကြပါစေ ခင်ဗျာ...
ဟူး... ပင်ပန်းတယ်ကွာ...
181 8 78171ef9bb838329f76a401dce66e028

သမ္မတကြီး တော်တော်နောက်

FB IMG 1445957161069


သဘာဝကျကျရိုက်မလို့ဆို၊ လာကြလေ...
FB IMG 1450340443346

တိရိစ္ဆာန်ကူး ခုံးကျော်တံတား
FB IMG 1450338327892

ကဲ... ဆွဲမယ် ။ လာထား
FB IMG 1449673768811

တောက်... အမြင်ကိုကပ်တယ်
FB IMG 1450348862115

ကိုယ်ပိုင် ရေစိမ်ကန်
FB IMG 1447816140178

သေပြီဆြာ...
FB IMG 1450349722062

မီးက မျက်ရည်လွယ်လို့ပါ...
FB IMG 1450349683146
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

စက်ဘီးနင်းရင်း GPS စနစ်ဖြင့် ပန်ချီရေးဆွဲသူ

FB IMG 1455875217279
ကနေဒီယန် ပန်းချီအနုပညာရှင် Stephen Lund သည် အများနှင့်မတူသော စိတ်ကူးစိတ်သန်းများဖြင့်
ပန်းချီရေးဆွဲရန် စိတ်ကူးခဲ့ပါသည်။ သူ၏စိတ်ကူးမှာ ဂြိုလ်တုလမ်းပြစနစ်ဖြစ်သော GPS ကို
အခြေခံကာ စက်ဘီးစီးရင်း အလွန်ကြီးမားသော ပုံကြီးများကို ရေးဆွဲရန်ပင်ဖြစ်ပါသည်။
ထိုသို့သူ၏စက်ဘီးကို အသုံးပြုလှည့်လည်နင်းကာ GPS ပေါ်တွင် ပေါ်နေသော မျဉ်းအနီများကို
အသုံးပြုပြီး ကျော်ကြားသော နိုင်ငံ အထိမ်းအမှတ်ရုပ်ပုံများ နှင့် အခြားသော ပုံကြမ်းများကို
မြောက်များစွာ ရေးဆွဲခဲ့ပြီးဖြစ်ပါသည်။
FB IMG 1455875220474

Friday, February 19, 2016

ကမ္ဘာ့ အကြီးဆုံးမိုးရာသီ သစ်တောဥယျာဉ်တုကြီး

ဒီနေရာသည် Tropical Islands Resort : World's Largest Indoor Rainforest
ဟုလူသိများကြပါသည်။
tropical island resort 02

အပူပိုင်းဒေသ မှာတည်ရှိပေမယ့် တကယ့်ကိုစိမ်းလန်းစိုပြေပြီး သဘာဝဥယျာဉ်လေး
အတိုင်းဖြစ်တည်လာအောင် ဖန်တီးယူထားရတာပါ။
ဒီသစ်တောဥယျာဉ်နှင့် ရေကန်သာလေးဟာ အောက်ကအဆောက်အဦး ထဲမှာ
တည်ရှိပါတယ်။
tropical island resort 16

Monday, February 15, 2016

ထူးခြားဆန်းသစ်သော အရိပ်ပန်းချီများ

FB IMG 1455274367031ဒီတစ်ခါတင်ပြပေးချင်တာက စိတ်ကူးဆန်းဆန်းနဲ့ တီထွင်ဖန်တီးထားတဲ့
အရိပ်ပန်းချီပုံလေးတွေပါ။သာမာန် ပုံစံတစ်ခုကို အလင်းဖြင့်ထိုးပြီး ဖြစ်ပေါ်လာတဲ့
အရိပ်ပုံများမဟုတ်ပဲ ပစ္စည်းအတိုအစ ၊ စာရွက် အပိုင်းအစများကို စုပုံထားပြီး
ဖန်တီးထားတဲ့ လက်ရာမြောက် အရိပ်ပန်းချီတွေမို့လို့ ဆန်းသစ်နေတာပါ။
ဒီအရိပ်ပန်းချီများကို ဗြိတိန်နိုင်ငံမှ Tim Noble နှင့် Sue Webster တို့နှစ်ယောက်ပေါင်းပြီး
တီထွင်ဖန်တီးထားတာပါ။ သူတို့ရဲ့ Studio Website ထဲမှ တစ်ချို့ပုံများကို တင်ပြပေးလိုက်ပါတယ်။
အားပေးကြည့်ရှု့လိုက်ပါအုံးဗျာ……..
FB IMG 1455274234649
Related Posts Plugin for WordPress, Blogger...