Friday, March 18, 2016
လူသားတွေနဲ့ ကြောင်တွေ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ ကျော်ကတည်းက အတူနေခဲ့ဟုဆို
bilde
ရှေးဟောင်းသုတေသနသိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ ရှိချက်အရ ကြောင်တွေဟာ လူသားတွေနဲ့  လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော် ကတည်းက အတူယှဉ်တွဲနေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သုတေသနအသစ်လေ့လာချက် အရ အစောဆုံးကြောင်ရိုင်းမျိုးဆက်တွေဟာ ကိုယ့်အစာအတွက် ကိုယ်တိုင်ရှာဖွေအမဲလိုက်ခဲ့ရာကနေ လူသားတွေ ဆီမှာ အစာတောင်းခံတဲ့ဘ၀ကို ကူးပြောင်းခဲ့တယ်လို့  ဆိုပါတယ်။ တရုတ်နိုင်ငံက လယ်ရွာတစ်ခုမှာ သုတေသန တူးဖော်မှုတစ်ခုပြုလုပ်ခဲ့ရာမှာ သက်တမ်းနှစ် ၅၃၀၀ နီးပါးရှိတဲ့ လူသား၊ကြောင်၊၀က် နဲ့ ကြွက်တို့ ရဲ့ အရိုးစုတွေတွေ အတူယှဉ်တွဲတည်ရှိနေတာကို တွေ့  ရှိခဲ့ကြပါတယ်။
ဒီအရိုးစုတွေကို ဓာတ်ခွဲခြေရာခံကြည့်တဲ့အခါမှာ အဲဒီ့မှာတွေ့ ရတဲ့ကြောင်တွေဟာ စိုက်ပျိုးမြေထဲမှာ ရှင်သန်နေတဲ့ ကြွက်လို သားကောင်တွေကို အမဲလိုက်နေခဲ့တယ်လို့ တွေ့ ရှိရပါတယ်။ ဒီသက်သေအထောက် အထားကို ကြည့်ရင် အဲ့အချိန်ကလူတွေဟာ ကြွက်ပြသနာနဲ့ ကြုံတွေခဲ့ရပြီး စားနပ်ရိက္ခာသိုလှောင်တဲ့နေရာ တွေမှာ ကြွက်တွင်းနဲ့ ကြွက်တွေကြောင့် ဒုက္ခရောက်ခဲ့ရပါတယ်။
အရှည်လျားဆုံး ရွှေဆွဲကြိုး
other gold chain 28dd2
ဒူဘိုင်းမှာ ပြသခဲတဲ့ ရွှေဆွဲကြိုးဟာ (၅ ဒသမ ၅၂၂) ကီလိုမီတာ အထိ ရှည်လျား တာကြောင့် အရှည်လျားဆုံး ရွှေဆွဲကြိုး အဖြစ် စံချိန်တင် သွားပါတယ်။ ဒူဘိုင်းဟာ အရှေ့အလယ်ပိုင်းမှာ အခမ်းနားဆုံးမြို့ ဖြစ်တာနဲ့ အညီ ကြီးကျယ်တဲ့ မိုးမျှော် အဆောက်အဦ မျိုးစုံကို မြင်တွေ့ ရမှာ ဖြစ်ပြီး ဂင်းနစ် စံချိန် အမျိုးမျိုး ကိုလည်း ချိုးဖျက်နေတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ အမြင့်ဆုံး အဆောက်အအုံ ကိုလည်း ဒူဘိုင်းမှာ တည်ဆောက်ထားပါ တယ်။ အခုလည်း အထိမ်းအမှတ် ပွဲတော် အဖြစ် အရှည်ဆုံး ရွှေဆွဲကြိုးကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ရွှေဆွဲကြိုးကို ဖန်တီးရာမှာ လူပေါင်း များစွာ အသုံး ပြုခဲ့ရ ပါတယ်။ ရွှေဆွဲကြိုးကို လက်မှု ပညာနဲ့ ပြုလုပ်ခဲ့ တာကြောင့် အချိန်ယူခဲ့ရ ပါတယ်။(၂၂) ကာရက်ရှိတဲ့ ရွှေကို လူပေါင်း(၁၀၀)နဲ့ ဖန်တီးခဲ့တာ ဖြစ်ပြီး (၄၅) ရက် အချိန်ယူခဲ့ရ ပါတယ်။ ရွှေရဲ့ အလေးချိန်က (၁၈၀) ကီလို အထိရှိပြီး ရွှေဆွဲကြိုးမှာ ပါဝင်တဲ့ ကွင်းဆက် အရေအတွက်က လေးသန်းကျော် ရှိပါ တယ်။ ဒီရွှေဆွဲကြိုးကို အများ ပြည်သူ ကြည့်နိုင်ဖို့ ဖွင့်လှစ် ပြသခဲ့ပြီး ဖန်တီး ပြုလုပ်ရာမှာ အချိန်ယူခဲ့ရ ခြင်းကြောင့် စိတ်ဝင်တစား လာရောက် ကြည့်ရှုသူ တွေ အများအပြားရှိခဲ့ ပါတယ်။ဒီရွှေဆွဲကြိုးကို လူပေါင်း (၁၀၀) နဲ့ တစ်နေ့ (၁၀) နာရီ အချိန်ယူကာ (၄၅) ရက်ကြာ ပြုလုပ် ခဲ့ခြင်း ဖြစ်ပါတယ်။ ဒူဘိုင်း ဈေးရောင်း ပွဲတော် အရောင်း မြှင့်တင်ခြင်း အစီအစဉ် တစ်ရပ် အနေဖြင့် ဒီရွှေဆွဲကြိုးကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး လက်ဝတ် ရတနာ ကုမ္ပဏီတွေ ပူပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒူဘိုင်း ဈေးရောင်း ပွဲတော်ဟာ ဒီနှစ်မှာနှစ်(၂၀) ပြည့် သွားခဲ့ပြီး၊ ဇန်န၀ါရီလ (၁) ရက်ကနေ ဖေဖော်ဝါရီလ (၁) ရက်အထိ ကျင်းပ ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီရွှေဆွဲကြိုးကို ဒူဘိုင်းရွှေလက်ဝတ် ရတနာ ရောင်းဝယ်ရေး အဖွဲ့က ဦးစီး ပြုလုပ်ခဲ့တာ ဖြစ်ပြီး၊ အဲဒီ အဖွဲ့ရဲ့ တာဝန်ရှိ သူ ချန်ဒူးက မိမိတို့ ဒူဘိုင်းမြို့တော်သည် ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးမြို့တော် ဖြစ်ပြီး ဒီစံချိန်ကို ဆက်ထိန်း နိုင်ဖို့ ယခုလို ပြုလုပ်ခဲ့ ရခြင်း ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
credit; messenger journal
အိမ်ကိုခိုးဝင်နေထိုင်သူက အိမ်ရှင်ကို တရားပြန်စွဲ
img man claims abandoned homes are up for grabs
အမေရိကန်ပြည်ထောင်စု၊ စပရင်းဒေးမြို့ မှာ နေထိုင်တဲ့ မိသားစုတစ်စုဟာ နာမကျန်းဖြစ်နေတဲ့ ဆွေမျိုးတစ်ယောက်ဆီ ခရီးထွက်သွားပြီး ပြန်အလာမှာ သူတို့ အိမ်ဧည့်ခန်းမှာ လူတစ်ယောက်က         ခြေပစ်လက်ပစ်လှဲနေတာကို တွေ့ လိုက်ရပါတယ်။ မိသားစုက မေးတဲ့အခါ ဒီအိမ်ဟာ သူ့ အိမ်ဖြစ်ပြီး သူ့ မှာ ဟာမင်တန်တရားရုံးနဲ့ လုပ်ထားတဲ့ ပိုင်ဆိုင်မှုစာချုပ်တွေရှိကြောင်း ပြန်ပြောလိုက်ပါတယ်။ တကယ်တမ်းတော့ ရော်ဘတ်ကားဆိုသူဟာ ခရီးထွက်သွားတဲ့ မိသားစု ရဲ့ အိမ်ကိုခိုးဝင်ပြီး တံခါးသော့ကို ပြောင်း ၊ အိမ်တစ်ခုလုံးကို ပြောင်သလင်းခါအောင် လုပ်ပစ်လိုက်ပြီး သူ့ အိမ်ဖြစ်ကြောင်း စာချုပ်အတုတွေလုပ်ထားတာပါ။ သူ့ အဆိုအရ တော့ “ ကျွန်တော် အိမ်မှာဝင်မနေခင် ဒီအိမ်မှာဘယ်သူမှမရှိကြောင်းသေချာအောင်လုပ်ပါတယ်။သူတို့ အိမ် ကနေ ထွက်ခွာသွားတာနဲ့ ဒီအိမ်ကို သူတို့ မပိုင်တော့ဘူးလေ၊ဒါကြောင့်ကျွန်တော်ဝင်နေလိုက်တယ်။ ကျွန်တော်ရှိနေရင် ဒါကျွန်တော့်အိမ်ပေါ့လို့ ” ကားလ်က ပြန်လည်ချေပခဲ့ပါတယ်။
အမှတ်တမဲ့ အလွဲများ ( ၅၁ )
ဒီတစ်ပါတ်အတွက် ပြုံးရွှင်စရာပုံလေးတွေ တင်ပေးလိုက်ပါပြီ။
အားပေးကြပါအုံးဗျာ....
ဟားး ဒီလောက်ကတော့ ဂျွမ်းထိုးပြေးတာတောင်နိုင်တယ်ကွ..
FB IMG 1450349568202
ဒီကပြန်ရင် ရှင်နဲ့ကွဲပီ။ကားစုတ်ကြီးခေါ်လာတယ်
FB IMG 1450348703464
Wednesday, March 16, 2016
အပြာရောင် မြစ်...
part 020
အရင်ကလဲ ပန်းရောင် ၊ အစိမ်းရောင်မြစ်ဆိုပြီးတင်ပေးဖူးပါတယ်။
ဒီတစ်ခါတော့ သူငယ်ချင်းတို့ ကို အပြာရောင်မြစ်တစ်စင်းဆီခေါ်သွားပါမယ်။
သီချင်းထဲက စိတ်ကူးယဉ်မြစ် မဟုတ်ပါဘူး။ ကမ္ဘာ့မြောက်ဘက်အခြမ်း က
မှာတည်ရှိပါတယ်။ ဒီရေခဲမြစ်ဟာ ဂရင်းလန် ရေခဲပြင် နဲ့ အာတိတ်သမုဒဿဒရာ ကို
ပေါင်းစပ် ပေးပါတယ်။မြစ်အကျယ် ကတော့ 15 km နဲ့ 70 km ရှည်ပါတယ်။ရေ
အနက်ဆုံး 600m လောက်ရှိပါတယ်။ မတူကွဲ ပြားတဲ့ ပုံလေးတွေကို ရှုစားပါအုံး...
part 009
part 024
part 016
part 018
part 014
part 021
part 015
part 007
part 003
part 008
သူငယ်ချင်းတို့  ပျော်ရွှင်ချမ်းမြေ့ကြပါစေ.............နေခရမ်း
Tuesday, March 15, 2016
လက်အရိပ် ပြကွက်ပုံများဖန်တီးခြင်း
မိမိတို့ကိုယ်တိုင် အပျင်းပြေ လုပ်ကြည့်လိုလျှင်ဖြစ်စေ ၊ သူငယ်ချင်းများ နှင့်
ကလေးငယ်များကို လုပ်ပြလိုလျှင်ဖြစ်စေ ၊ ကိုယ်တိုင်ဖန်တီးနိုင်တဲ့ လက်အရိပ် ပုံလေး
များကို စုစည်းတင်ပြပေးခြင်ပါသည်။ ဓာတ်မီးကဲ့သို့ အလင်းရောင် တစ်ခုကို
အသုံးပြုပြီး ကိုယ်တိုင် ဖန်တီးကြည့်နိုင်ပါသည်။ ကဲ...ကြည့်လိုက်ကြရအောင်နော်...
Capture၂
Capture
Monday, March 14, 2016
မိုင်(၇၀၀)ကျော်ခရီးပြင်းနှင်ပြီး သခင့်ဆီအရောက်ပြန်လာသည့် ကြောင်ကလေး
1418647709 bouchery cat dan bouchery
ပြင်သစ်နိုင်ငံမှ ကွတ်ကီး(Cookie) အမည်ရှိသော ချစ်စရာကြောင်ကလေးတစ်ကောင်၏
စွန့်စားခန်းကလည်း ကြောင်ချစ်သူများအနေဖြင့် ပြောစရာ တစ်ခုဖြစ်နေပါသည်။
ကြောင်ကလေး ကွတ်ကီးနှင့် သူ၏သခင်များသည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ထဲတွင်
ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ Grasse အမည်ရှိသော အရပ်သို့ ခရီးထွက်
ရင်း မမျှော်လင့်ပဲ ကြောင်ကလေး ကွတ်ကီးကို ပျောက်ဆုံးသွားခဲ့ရပါသည်။
ထိုသို့ ပျောက်ဆုံးသွားသော ကြောင်ကလေးကွတ်ကီးသည် ၂၀၁၄ ခုနှစ်
အောက်တိုဘာလထဲတွင် သူ၏သခင်နေထိုင်ရာ နော်မန်ဒီအပိုင် Calvados ဒေသသို့
တစ်ကိုယ်လုံးတွင် ဒဏ်ရာအနာတရများစွာဖြင့် ပြန်လည်ရောက်ရှိလာပါသည်။
2443526569 b9aa832558 z
Related Posts Plugin for WordPress, Blogger...