Saturday, March 26, 2016
မြန်မာပြည်တွင်း တွေ့တွေ့သမျှ...(၃)
လူမှုကွန်ယက်တွေပေါ်မှာ တွေ့မိသမျှနှင့် သူငယ်ချင်းတစ်ချို့က ပို့ပေးထားတဲ့ ပုံလေးတွေကို
ထပ်မံပြီးတင်ပေးလိုက်ပါသည်။ မူရင်းတင်သူများအားလုံးကို လည်းကျေးဇူးတင်ပါသည် ခင်ဗျာ...
လုံးဝ ကွက်တိပဲ...
FB IMG 1453123838798
အီးးး နာဘူးကွ...
FB IMG 1457143571063
Wednesday, March 23, 2016
ကမ္ဘာ.အဆိပ်ပြင်းဆုံးသတ္တ၀ါ(၁၀)မျိုး
ကမ္ဘာ့အဆိပ်အပြင်းဆုံးဟု သတ်မှတ်ထားသော သတ္တ၀ါ ၁၀ မျိုးကို တင်ပြပေးပါမည်။
1.Box Jellyfish (ဂျက်လီငါး၊ရေတန်းငါး)
Photo Grid 1458622844740
ကမ္ဘာ.အဆိပ်အပြင်းဆုံးဆုကိုရရှိထားသည့်ဂျယ်လီငါးရဲ.အဆိပ်ဟာလူ၏ နှလုံး၊အာရုံကြောစုစည်းမူ
စနစ်၊အရေပြားဆဲလ် စသည်တို့ကို ချက်ခြင်းပျံနှံနိုင်ပါသည်။
ဂျယ်လီငါး၏ အညံ့ဆုံးခန္တာအစိတ်အပိုင်းတခုသည်ပင် လူတစ်ယောက်အား မခံမရပ်အောင် နာကျင်စေ
ပါသည်။ ထိုသို.ထိတွေခံလိုက်ရသော သူသည် စိတ်တုန်လူပ်ခြောက်ခြား၍ နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်ပဲ ကမ်းခြေရောက်အောင် မကူးခတ်နိုင်ပဲ သေဆုံးရတတ်သည်။
ထိုအဆိပ်ပြင်းလှသည့် ဂျယ်လီငါးများကိုအာရှ နှင့် သြစတေးလျှ ပင်လယ်ရေပိုင်နက်အချို.မှာ တွေရတတ်ပါသည်။
Monday, March 21, 2016
ကမ္ဘာ့အထူးခြားဆုံး အဆောက်အုံးများ
 ကမ္ဘာတစ်လွှားမှာ ရှိတဲ့ တည်ဆောက်ပုံ ထူးခြားတဲ့ အဆောက်အဦးများမှ တစ်ချို့ကို
စုစည်းတင်ပေးလိုက်ပါသည်။ ကြည့်လိုက်ကြပါအုံးနော်...
( ၁) Ripley Museum
Ripley s Believe It or Not Odditorium (008)
ကမ္ဘာ့ထူးထူးဆန်းဆန်းအကြောင်းအရာများကို စုဆောင်းသိမ်းဆည်းပြသထားတဲ့
ရစ်ပလေ၏ ပြတိုက်၏ တညဆောက်ထားပုံမှာ လည်း အချိန်မရွေးအက်ကွဲပြိုကွဲတော့မည်ဟု
ထင်စရာပါ။ အမေရိကန်နိုင်ငံ မစ်ဇိုရီပြည်နယ် ၊ Bransonမြို့မှာ တည်ရှိပြီး ၁၈၁၂ ခုနှစ်
တွင် လှုပ်ခပ်ခဲ့သည့် Wrightwood ငလျင်ကို အမှတ်တရ အနေဖြင့် တည်ဆောက်ထားတာပါ။
ထိုငလျင်မှာ အလွန်ပြင်းထန်ခဲ့ပြီး ရစ်တာစကေး ၈.၀ အထိရှိခဲ့ပါသည်။
(၂)Mind House
part 003
စပိန်နိုင်ငံ ဘာစီလိုနာ မြို့မှာ တည်ရှိပါသည်။
ထိုမြို့က အဆောက်အဦးတော်တော်များများမှာ ပုံစံထူးခြားပြီး လှပနေပါသည်။
Saturday, March 19, 2016
Australia မှ ရေလှိုင်းပုံကျောက်ဆောင်ကြီး
wave rock (3)
Australia မှာသဘာဝအတိုင်းတည်ရှိနေတဲ့ ပင်လယ်ရေလှိုင်းပုံစံကျောက်ဆောင်ကြီးပါ။
ဒီကျောက်ဆောင်ကိုသူတို့ ဆီမှာတော့ Wave Rock လို့ ခေါ်ကြပါသည်။
part 004
Friday, March 18, 2016
ကမ္ဘာ့အသေးငယ်ဆုံး တွားသွားသတ္တဝါ
Brookesia micra on a match head
ကမ္ဘာ့အသေးဆုံး တွားသွားသတ္တဝါဟု သတ်မှတ်ရမည့် ပုတ်သင်ညိုမျိုးစိတ် တစ်မျိုးကို မာဒါဂါစကား၌ တွေ့ရှိခဲ့ပါသည်။ယင်းပုတ်သင်ညိုသည် စုစုပေါင်း ခန္ဓာကိုယ် အလျား သုံးစင်တီမီတာသာရှိပြီး Brookesia micraဟု အမည်ပေးထားသည်။ သုံးစင်တီမီတာ သည် အမြီးပါ
ပါဝင်ပြီး ခန္ဒာကိုယ်သက်သက်မှာ လက်သည်းထက်ပင် ပို၍ သေးငယ်သည်ကို
တွေ့ရပါသည်။
6401 728x
အဆိုပါ ပုတ်သင်ညို မျိုးစိတ်သစ်၏ ဗီဇစစ်ဆေးမှုများကို ဆန်ဒိုင်းဂိုးပြည်နယ် တက္ကသိုလ်မှ ပြုလုပ်ခဲ့ပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ပါစေ............. နေခရမ်း
သူကိုယ်တိုင်တင်ထားတဲ့ကမ္ဘာ့စံချိန်ကို ပြန်ချိုးဖျက်ပြလိုက်တဲ့ သံလိုက် လူသား
image aspx 0
အသက် ၄၁ နှစ်အရွယ် Etibar Elchyev ဆိုသူ  သံလိုက်လူသားဟာ သူ့ ရဲ့ လည်ပင်းနဲ့ ဝမ်းဗိုက် တစ်ဝိုက်မှာ သတ္တုဇွန်း ၅၃ ချောင်းကို တွဲကပ်ပြပြီး လူ့ ခန္ဓာကိုယ်မှာ သတ္တုပစ္စည်းအများဆုံး တွဲကပ်နိုင်တဲ့ စံချိန် အသစ်ကို တင်လိုက်ပါတယ်။ ဂျော်ဂျီယာ လူမျိုးဖြစ်တဲ့ Elchiyev ဟာ ၂၀၁၁ ခုနှစ်ကလည်း သတ္တုဇွန်း ၅၀ ချောင်းကို ကပ်ပြ ခဲ့ပြီး ကမ္ဘာ့စံချိန်တင်ခဲ့သူဖြစ်ပါတယ်။ အခု ၂၀၁၃ ဒီဇင်ဘာ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ သူ့ ရဲ့ စွမ်းရည်ပြပွဲမှာ သတ္တုဇွန်း ၅၃ ချောင်းကို ကပ်ပြပြီး စံချိန်အသစ်ကို ထပ်တင်လိုက်ပါတယ်။
သူဟာ ဒီမှာ ရပ်တန့် နေမှာမဟုတ်ဘဲ ဆက်လက်စံချိန်တင်ဖို့ ကြိုးစားသွားမယ့်အကြောင်းကို “ အချိန်တန်လို့ ရှိရင် ကျွန်တော် လေယာဉ်ပျံကြီးတစ်စီးလုံးကို ရွှေ့ ပြတာဖြစ်ဖြစ် ရထားလွတ်တစ်စီးကို ကျွန်တော့်သံလိုက်စွမ်းအားနဲ့ ရွှေ့ ပြတာဖြစ်ဖြစ် ၊အဲလိုမျိုးတစ်ခုလောက် လုပ်ပြသွားမှာပါ။ ကျွန်တော့်ရဲ့ ဖဲချပ်တွေကို ခင်ဗျားတို့ ကို တစ်ခါတည်း လှန်ပြမှာမဟုတ်ပါဘူး” လို့ ပြောကြားသွားပါတယ်။
Ref: bbc.co.uk
ပင်အပ်ပေါင်း (၄၅၅၀) ကို (၈)နာရီအတွင်း ခန္ဓာကိုယ်မှာ ထိုးပြခဲ့သူ
other needle 0d0fd
ကနေဒါနိုင်ငံသား   မက်သယူးဟာ အသားအနာခံပြီး စံချိန်သစ်တစ်ရပ်ကို တင်ရှိနိုင်ခဲ့ပါတယ်။ အဲဒါကတော့ ပင်အပ်တွေနဲ့ခန္ဓာကိုယ်မှာ ထိုးစိုက်ပြီး အားလုံး အံ့အားသင့်အောင် ပြုလုပ် သွားခဲ့ခြင်းဖြစ်ပါတယ်။
             အရေပြားပေါ်မှာ အပေါက်ပေါင်း (၄၅၅၀)ကို ရှစ်နာရီ အတွင်း ဖောက်ပြခဲ့တာ ဖြစ်ပါတယ်။ လက်နဲ့ နောက်ကျောမှာ အပ်တွေအများအပြား ထိုးစိုက်ခဲ့ပြီး အပ်တွေဟာ ခွဲစိတ်ရာမှာ အသုံးပြုတဲ့အပ်တွေဖြစ်ပါတယ်။ ဒါကြောင့် မက်သယူးဟာ ခွဲစိတ်ရာမှာ သုံး တဲ့အပ်တွေ ခန္ဓာကိုယ်မှာ အများဆုံးစိုက်သူအဖြစ် မှတ် တမ်းဝင်သွားပါတယ်။ အရင်က အမေရိကန်နိုင်ငံသား တိုင်ဆန်(၂၀၁၁)က တင်ရှိထားတဲ့ ပင်အပ်ပေါင်း (၃၉၀၀)စံချိန်ကို  ချိုးဖျက်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ မက်သယူးဟာ အသားကိုအနာခံပြီး စံချိန်တင်ဖို့ ကြိုးစားတဲ့နောက်ကွယ်မှာ ရည်ရွယ်ချက် တစ်ခုရှိပါတယ်။ ဗန်ကူးဗားမြို့မှာ ဖွင့်လှစ်ထားတဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး ရန်ပုံငွေရရှိရေးရည်ရွယ်ပြီး ထူးခြားစံချိန်တစ်ရပ်တင်နိုင်အောင် ကြိုးစား ခဲ့ခြင်းဖြစ်ပါတယ်။ မက်သယူးကို ပင်အပ်တွေ စိုက်ပေးသူက ခန္ဓာကိုယ်မှာ အလှဆင်ယင်မှု တွေပြုလုပ်ပေးနေတဲ့ ပညာရှင် ရုသ်ဖောက်စ် ဖြစ်ပါတယ်။ အသက်(၃၂)နှစ်ရှိပြီဖြစ်တဲ့ ရုသ်ဖောက်စ်ဟာ အတွေ့အကြုံရင့်ကျက်သူ ဖြစ်ပေမယ့် မက်သယူးကိုပြုလုပ်ပေးရာမှာ များစွာစိတ်လှုပ်ရှားခဲ့ရပါတယ်။ ရုသ်ဖောက်စ်က “ကျွန်တော်တို့ စံချိန်ချိုးဖောက်ဖို့ ကြိုးစားခဲ့ခြင်း မဟုတ်ပေမယ့် အရင်စံချိန်ကို ပျက်အောင်လုပ်မယ်လို့ ရည်ရွယ်ချက် ရှိခဲ့ပါတယ်။ ကျွန်တော်တို့အတွက် ရှည်ကြာလွန်းတဲ့နေ့ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ မက်သယူး ကတော့ အလွန်နာကျင်ခဲ့ပါတယ်။ ပင်အပ်တွေ ပြန်ထုတ်ချိန်မှာ မက်သယူးဟာအလွန် နာကျင်ခဲ့တာကြောင့် အမြန်လုပ်ဆောင်ခဲ့ ရပါတယ်လို့ ပြောခဲ့ပါတယ်။ မက်သယူးကလည်း မိမိအနေဖြင့် နာကျင်လွန်းသဖြင့် ငိုချင်မိကြောင်း၊ သို့သော် ကောင်းတဲ့အရာ လုပ် ဆောင်ခြင်းအဖြစ် တွေးယူပြီး ပြီးစီးအောင် လုပ်ဆောင်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။
credit; messenger journal
Related Posts Plugin for WordPress, Blogger...