Friday, August 12, 2016

မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၉ )

သူငယ်ချင်းတို့ အတွက် စုစည်းပြီး ပြန်တင်ပေးလိုက်ပါတယ်။
အားပေးကြပါအုံးဗျာ.....

စတီး တန်းလောက်တောင် မမာပါလား ဓာတ်တိုင်ရယ်...
http://i1183.photobucket.com/albums/x474/konay1/funny/FB_IMG_1461485578311.jpg

ဝိုင်းဆွဲကြပါအုံးဟ...
http://i1183.photobucket.com/albums/x474/konay1/funny/FB_IMG_1466176355001.jpg

Friday, August 5, 2016

အမှတ်တမဲ့ အလွဲများ ( ၆၁ )

ဒီတစ်ပါတ်အတွက် ထပ်ပြီး စုစည်းတင်ပေးလိုက်ပါပြီ.....
CCTV တပ်ထားတယ်နော်...
http://i.imgsafe.org/4d1218cdbc.jpg

ကောင်းလိုက်တဲ့ကား....
http://i.imgsafe.org/4d123bdfc6.jpg

ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ ( Eisriesenwelt )

သူငယ်ချင်းတို့ကို ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ ( Eisriesenwelt ) အကြောင်းကို
တင်ပြပေးချင်ပါသည်။အခြားလှိုဏ်ဂူများနှင့်မတူပဲ အထဲမှာ ကျောက်စက်ပန်းဆွဲများ
ပုံစံ ဖြစ်တည်နေသော ရေခဲလွှာများ ၊ ရေခဲတိုင်များကို တွေ့မြင်ရမှာပါ။
ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ(Eisriesenwelt) သည် Austria နိုင်ငံ Werfen
မှာတည်ရှိပြီး Salzburg မြို့ကနေ ၄၀ ကီလိုမီတာလောက် ဝေးတဲ့နေရာမှာ ရှိသော
သဘာဝထုံးကျောက်ရေခဲလှိုဏ်ဂူ အမျိုးအစားပါ။
http://i.imgsafe.org/4cc041abdc.jpg
ဂျာမန်တွေကတော့ ဒီနေရာကို ရေခဲဘီလူးများကမ္ဘာလို့ခေါ်ကြပါတယ်။
အကျယ်အ၀န်းအားဖြင့် 42 ကီလိုမီတာ ရှိပြီး Hochkogel တောင်အထဲမှာတည်ရှိပြီး
ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ အဖြစ် သတ်မှတ်ထားကြပါသည်။
http://i.imgsafe.org/4cbfd54350.jpg
( တောင်ပေါ်မှ ရေခဲလှိုဏ်ဂူသို့ ၀င်ရောက်ရာ ဂူပေါက် )
ဒီဂူကြီးသည် ၁၆၅၆ မီတာ အမြင့်မှာ တည်ရှိတာမို့ လာရောက်သူများအနေဖြင့်
တောင်ပေါ်ကိုအရင် တက်ပြီးမှ ရေခဲလှိုဏ်ဂူ ထဲကို ရောက်ရှိမှာပါ။

Thursday, August 4, 2016

ရေခဲနံရံတွေကြားမှ လမ်းကလေး


ဂျပန်နိုင်ငံမှာ တည်ရှိတဲ့ လမ်းမပါ။ 15 m အရှည်ရှိပြီး ထူးထူးခြားးခြား
တည်ရှိနေတာမို့လို့ တင်ပေးလိုက်ပါတယ်။
http://i.imgsafe.org/37b152cca3.jpg
အရမ်းအေးမယ်ဆိုတာတော့ သိသာပါတယ်။
http://i.imgsafe.org/37b20b61b4.jpg
ကဲ ... သွားလည်လိုက်ရအောင်နော်...

ကမ္ဘာ့အရှည်လျားဆုံး တဖြောင်းတည်းရှိသော လှေကားထစ်များ

ကမ္ဘာ့အရှည်လျားဆုံးလှေကား ဆိုတာက တဖြောင်းတည်းရှိပြီး တဆက်တည်းရှိနေသော
တောင်တက်လှေကားကိုဆိုလိုတာပါ။အကွေ့အကောက်များမပါပါဘူး။
မှတ်တမ်းမှာတော့ World’s longest straight staircaseဟု မှတ်တမ်းတင်ထားပါသည်။
အထစ်ပေါင်း ၆၉၉ ထစ်ရှိတဲ့ Jacob’s Ladder လို့ အမည်ရသည့်လှေကားပါ။
http://i.imgsafe.org/376a7a526a.jpg
၁၆၅၉ခုနှစ်ထဲက ဗြိတိသျှကိုလိုနီတွေစတင် အခြေချခဲ့တဲ့ Saint Helenaဆိုသော
ကျွန်လေးမှာတည်ရှိပါတယ်။ ဒီကျွန်လေးဟာ တစ်ချိန်က ဗြိတိသျှပိုင်နက်တွေထဲမှာ
ဒုတိယသက်တမ်းအရင့်ဆုံးဖြစ်မှာပါ။
http://i.imgsafe.org/376a91f1e9.jpg
 မြို့တော်မှာ Jamestown ဖြစ်ပြီး ဒီလှေကားက
အဲဒီမှာတည်ရှိပါတယ်။Saint Helena ကျွန်းကလေးသည် အတ္တလန်တစ် သမုဒ္ဒရာ ထဲမှာ
ရှိပါသည်။

Wednesday, August 3, 2016

ကမ္ဘာပေါ်ရှိ ထူးထူးခြားခြား ဟန်ချက်ညီ ကျောက်တုံးကြီးများ

ကျွန်တော်တို့ ကမ္ဘာမြေကြီးအပေါ်တွင် ပုံသဏ္ဍာန်ထူးခြားပြီး တည်ရှိနေသော
ကျောက်တုံး ကျောက်ဆိုင်များအကြောင်းကို (၁) မှ (၁၅) အထိ စုစည်းတင်ပြပေးချင်ပါသည်။
ယခုတင်ပြမည့်ကျောက်တုံးများသည် ကြည့်လိုက်လျှင် လဲပြိုတော့မတတ် ထင်ရ
သော်လည်း ဟန်ချက်ညီစွာ ရပ်တည်နေကြသဖြင့် မြင်သူတကာ အံ့သြဖွယ်
ဖြစ်ကြရပါသည်။ ထိုကျောက်တုံးများသည် အများအားဖြင့် မီးတောင်ပေါက်ကွဲခြင်း၊
ငလျှင်လှုပ်ခြင်း ၊ သဘာဝ လေ ၊ ရေ တို့၏တိုက်စားမှုများကြေင့် ဖြစ်တောင့်ဖြစ်ခဲ
ထိုကဲ့သို့ ဖြစ်တည်နေကြရခြင်းဖြစ်ပါသည်။ကြည့်လိုက်လျှင် လဲပြိုမလားဟု
ထင်ရသော်လည်း နှစ်သန်းပေါင်း များစွာ တည်ရှိနေခဲ့ကြပြီး ဖြစ်ပါသည်။
ကမ္ဘာပေါ်ရှိ ထူးထူးခြားခြား ဟန်ချက်ညီ ကျောက်တုံးကြီးများကို ကြည့်လိုက်ကြ
ပါအုံးနော်….
(၁) Idol Rock, Brimham Moor, North Yorkshire, UK
http://i.imgsafe.org/2234aa52fb.jpg
အောက်ခြေသေးသေးလေးအပေါ်တွင် ထုထည်ကြီးမားသော ကျောက်တုံးကြီး
တည်ရှိနေသော အရပ်သည် အင်္ဂလန်နိုင်ငံ ယောခ့်ရှိုင်းယားနယ်၏ မြောက်ဖက်
Brimham Moor ဒေသ တွင်ဖြစ်ပါသည်။ ထိုဒေသသည် လွန်ခဲ့သောနှစ်သန်းပေါင်း
၄၀၀ လောက်က မြစ်တစ်ခုအဖြစ် တည်ရှိခဲ့ပြီး ရေတိုက်စားခြင်းမျိုးကြောင့်
ထိုကဲ့သို့ ပုံစံထူးခြားသော ကျောက်တုံးပုံစံ ဖြစ်တည်ခဲ့ရခြင်းဟု ဆိုကြပါသည်။
အပေါ်ကျောက်တုံးကြီး၏ အလေးချိန်ကို တန် ၂၀ ခန့်ဟု ခန့်မှန်းတွက်ချက်ထားကြ
ပါသည်။

(၂) Balanced Rock Colorado
http://i.imgsafe.org/2234b6c15b.jpg
ဒီအသဲယားဖွယ်ကျောက်တုံးကြီးသည်လည်း ကော်လိုရာဒိုပြည်နယ်ရှိ
The Garden of Gods ဥယျာဉ်ထဲမှာ တည်ရှိတဲ့ ကျောက်တုံးဖြစ်ပါတယ်။
လမ်းမကြီး၏ ဘေးကပ်ရပ်တွင် ရှိနေပြီး အချိန်မရွေး ပြိုကျတော့မလား
ထင်ရပေမယ့် ခရီးသွားများအတွက် လာရောက်လည်ပတ်ကြည့်ရှု့စရာ
နေရာတစ်ခုဖြစ်ပါသည်။
ဒီကျောက်တုံးကြီးသည်လည်း နှစ်သန်းပေါင်းရာချီက ထိုဒေသ၏ ထုံးကျောက်
အလွှာကို ရေတိုက်စားခဲ့ခြင်းကြောင့် ဖြစ်တည်ခဲ့ရခြင်းဟု ဆိုပါသည်။

Sunday, July 31, 2016

အမှတ်တမဲ့ အလွဲများ ( ၆၀ )

အမှတ်တမဲ့ အလွဲများခေါင်းစဉ်နဲ့ တင်ပေးလာတာ အပိုင်း(၆၀) အထိရောက်လာပါပြီ။
အားပေးတောင်းဆိုကြတဲ့ သူငယ်ချင်းများအတွက် ဆက်လက်တင်ပေးလိုက်ပါတယ်။
ပြုံးပျော်ရွှင်လန်းနိုင်ပါစေဗျာ...
မှတ်တမ်းတင်သူကပိုများနေသေးတယ်ဗျာ...
http://i.imgsafe.org/e35be02684.jpg

ဒီကလေး ဘာပျောက်လို့ပါလိမ့်...
http://i.imgsafe.org/e35bec82b3.jpg

Related Posts Plugin for WordPress, Blogger...