
ဗြိတိန်နိုင်ငံ၊ လီဆက်စတာရှိုင်းယားတွင် အသက် (၂) နှစ်သာ ရှိသေးသည့် ကလေးငယ် တစ်ဦးက ရဲတပ်ဖွဲ့ထံ အရေးပေါ် ဖုန်းခေါ်ပြီး မိခင်ဖြစ်သူအား ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ အိစ်မစ်ဒ်လန်း လူနာတင်ယာဉ် ဝန်ဆောင်မှု ဌာနက ရိုင်လီဝါ့ဒ်၏ သတင်းပေးမှုကြောင့် ၎င်း၏ မိခင်ကို အလျင်အမြန် သွားရောက် ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ရိုင်လီသည် မိခင်ဖြစ်သူ ရုတ်တရက် လဲကျသွားသည်ကို တွေ့ရှိပြီးနောက် 999 သို့ ဖုန်းခေါ်ခဲ့ခြင်း ဖြစ်သည်။
ကလေးငယ်သည် မိခင်ဖြစ်သူ ဒါနာဟင်နရီ၏ အခြေအနေ ပုံမှန် မဟုတ်သည်ကို သိရှိခဲ့သည့်တိုင် ၎င်း၏ အတွေးအခေါ် စွမ်းရည်အရ မည်သို့ ဖြစ်သွားသည်ကို ရှင်းမပြတတ်ချေ။ ရဲများက ဖုန်းထဲမှတစ်ဆင့် မေးမြန်းသည့်အခါ ရိုင်လီက “မေမေ အိပ်ပျော်သွားတယ်” ဟုသာ ပြောဆိုခဲ့သည်။ ရဲတပ်ဖွဲ့၏ ဆက်သွယ် သတင်းပေးမှုကြောင့် ဖုန်းခေါ်သည့် နေအိမ်သို့ လူနာတင်ယာဉ်က ချက်ချင်းသွားရောက် စစ်ဆေးခဲ့သည်။ ထို့နောက် ဒါနာကို ဆေးရုံသို့ အလျင်အမြန် တင်ပို့ခဲ့ရသည်။








