Thursday, September 22, 2016
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၈ )
 “ လေချွန်သည်ဟု စွပ်စွဲခံရကာ မတရားအကျဉ်းချခံရသူ”
  *****************************************
ဒီတစ်ခေါက် ဘဝဇာတ်ခုံပေါ်မှ ပြကွက်ဆန်းများအကြောင်း
ကိုတော့ သက်ဦးဆံပိုင်ဘုရင်စနစ် အကြောင်းတွေကိုပဲ
ဆက်တင်ပေးပါမယ်။ဘုရင်စနစ်တွေ အာဏာရှင်စနစ်တွေ
ဟာအုပ်ချုပ်သူလူတန်းစား၏ စိတ်ထားပ်ါမူတည်ပြီး ပြည်သူ
အပေါ်အကျိုးသက်ရောက်မှုကြီးစွာ ဖြစ်ပေါ်ပါတယ်။အခု
ဒီအဖြစ်အပျက်လေးဟာ အုပ်ချုပ်သူတစ်ယောက်၏ ညှာတာ
မဲ့သော တရားစီရင်မှုနှင့် ရက်စက်တဲ့ အပြုအမူကြောင့်
ခံလိုက်ရသူအတွက်ကတော့ ရင်နာစရာပါ……
http://i1183.photobucket.com/albums/x474/konay1/general%204/9682534e99442f3e6c9bf086222e4ce4.jpg
             (  louis xvi and marie antoinette )
၁၇၈၆ ခုနှစ်တွင် ပြင်သစ်နိုင်ငံမြောက်ပိုင်း ဘရစ်တနီနယ် က
မာရီအော်ဂတ်စတင်း ဆိုတဲ့ မားကွစ်( အမတ် ) ပီလဲယားဟာ
နိုင်ငံတော်အကျဉ်းသားအဖြစ် သတ်မှတ်ပြစ်ဒဏ်ချခြင်းခံခဲ့
မာရီအန်တွိုင်းနက် ဆိုသည့်တော်ဝင်မျိုးနွယ်အမျိုးသမီး
တစ်ယောက်က ပြင်သစ်ပြဇာတ်တစ်ခုကိုသွားကြည့်ပါတယ်။
သူမ က ပြဇာတ်ကြည့်ဖို့ တော်ဝင်ထိုင်ခုံ မှာထိုင်ခါနီးတွင်
ပီလဲယားက လေချွန်လိုက်တယ်ဆိုပြီး စွပ်စွဲကာ တရားစွဲခြင်း
ခံရပါတယ်။
Monday, September 19, 2016
ခြေထောက်အား နောက်ပြန်လှည့်နိုင်သူ
http://i1183.photobucket.com/albums/x474/konay1/general/PhotoGrid_1474140911512.jpg
၂၀၁၇ ခုနှစ် Guinness မှတ်တမ်းအတွက်ထူးထူး
ခြားခြား မှတ်တမ်းဝင်သွားသူ တစ်ယောက်ကတော့
လန်ဒန် မှ အသက် ၁၄ နှစ်အရွယ်ရှိ Maxwell Day
ဆိုသူလူငယ် တစ်ယောက်ပါ။သူကတော့
ပုံမှာမြင်ရတဲ့ အတိုင်း ခြေထောက်များကို အကွာအဝေး
အများဆုံး နောက်ပြန်လှည့် မတ်တပ်ရပ်နေနိုင်သူ
ဖြစ်ပါသည်။ နောက်ပြန်လှည့်ထားနိုင်သည့်
အကွာအဝေးမှာ ၁၅၇ ဒီဂရီ အထိရှိပါသည်။
မြင်ရသူအတွက် အသဲယားစရာ ဟုထင်မှတ်ရသော်လည်း
Maxwell အတွက်ကတော့ နာကျင်မှုလုံးဝမရှိပဲ
သက်တောင့်သက်သာ ပဲဖြစ်နေပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ.....နေခရမ်း
Iron Man မျက်နှာပိုင်ဆိုင်သော ပိုးတုံးလုံး
http://i1183.photobucket.com/albums/x474/konay1/general/PhotoGrid_1473674675023.jpg
Daphnis nerii လို့ခေါ်တဲ့ ပုံးတုံးလုံး မျိုးနွယ်မှ အကောင်များ ဖြစ်ပါတယ်။ ယင်း အကောင်များရဲ့ ထူးခြားချက် အနေနဲ့ သူတို့ရဲ့ မျက်နှာ ပုံသဏ္ဍာန်ဟာ Iron Man နဲ့ တူညီနေခြင်း ဖြစ်ပါတယ်။
Iron Man ကတော့ ယင်း ပိုးတုံးလုံးကို နမူနာယူပြီးတော့ ဖန်တီးထားတာ မဟုတ် ပါဘူး။ သဘာဝ တရားအားဖြင့် တူညီ နေတာကို သဘာဝ လေ့လာ သူများကို ဖော်ထုတ် ပြသခဲ့ခြင်း ဖြစ်ပါတယ်။ ယင်း ပိုးကောင် များဟာ အာဖရိက နဲ့ အာရှမှာ ရှင်သန် ပေါက်ဖွားမှုများပြီး အသီးအနှံ့ ဖျက်တဲ့ စားသုံးတဲ့ ပိုးတစ်မျိုးပဲ ဖြစ်ပါတယ်။ နယ်တွေ ဘက်မှာ ဆိုရင် ပိုးယားကောင်၊ ပိုးတုံးလုံး၊ ပိုးလောက် အစရှိသဖြင့် ခေါ်ဝေါ် ပါတယ်။
ဥရောပတိုက် တောင်ပိုင်းမှာလည်း နွေရာသီဆိုရင် ရှင်သန် ပေါက်ဖွားလေ့ ရှိကြောင်း သိရ ပါတယ်။
Ref: wiki
Credit:innewsmyanmar
(၂) နှစ်သား ကလေးငယ်က 999 ထံ ဖုန်းခေါ်ပြီး မိခင်၏ အသက်ကို ကယ်တင်
http://i1183.photobucket.com/albums/x474/konay1/general/PhotoGrid_1473673512974.jpg
ဗြိတိန်နိုင်ငံ၊ လီဆက်စတာရှိုင်းယားတွင် အသက် (၂) နှစ်သာ ရှိသေးသည့် ကလေးငယ် တစ်ဦးက ရဲတပ်ဖွဲ့ထံ အရေးပေါ် ဖုန်းခေါ်ပြီး မိခင်ဖြစ်သူအား ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ အိစ်မစ်ဒ်လန်း လူနာတင်ယာဉ် ဝန်ဆောင်မှု ဌာနက ရိုင်လီဝါ့ဒ်၏ သတင်းပေးမှုကြောင့် ၎င်း၏ မိခင်ကို အလျင်အမြန် သွားရောက် ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ရိုင်လီသည် မိခင်ဖြစ်သူ ရုတ်တရက် လဲကျသွားသည်ကို တွေ့ရှိပြီးနောက် 999 သို့ ဖုန်းခေါ်ခဲ့ခြင်း ဖြစ်သည်။
ကလေးငယ်သည် မိခင်ဖြစ်သူ ဒါနာဟင်နရီ၏ အခြေအနေ ပုံမှန် မဟုတ်သည်ကို သိရှိခဲ့သည့်တိုင် ၎င်း၏ အတွေးအခေါ် စွမ်းရည်အရ မည်သို့ ဖြစ်သွားသည်ကို ရှင်းမပြတတ်ချေ။ ရဲများက ဖုန်းထဲမှတစ်ဆင့် မေးမြန်းသည့်အခါ ရိုင်လီက “မေမေ အိပ်ပျော်သွားတယ်” ဟုသာ ပြောဆိုခဲ့သည်။ ရဲတပ်ဖွဲ့၏ ဆက်သွယ် သတင်းပေးမှုကြောင့် ဖုန်းခေါ်သည့် နေအိမ်သို့ လူနာတင်ယာဉ်က ချက်ချင်းသွားရောက် စစ်ဆေးခဲ့သည်။ ထို့နောက် ဒါနာကို ဆေးရုံသို့ အလျင်အမြန် တင်ပို့ခဲ့ရသည်။
လူပေါင်းအယောက်(၃ဝ)ကို ကယ်ပြီးအသေခံသွားတဲ့ခွေးကလေး
http://i1183.photobucket.com/albums/x474/konay1/general/PhotoGrid_1473742615173.jpg
အသားမှာ အဆိပ်ပါတယ်ဆိုတာကို ခွေးကလေးအနံ့ခံသိလိုက်တယ်။
လူတွေကို အဆိပ်မိထားတဲ့ခွေးသားမစားဖို့ ခွေးကလေးကဟောင်ပြီး တားတယ်။
ဒါကို လူတွေက သဘောမပေါက်ခဲ့ဘူး.. ခွေးကလေးလည်း အသားစားချင်တယ်ထင်ပြီး အသားပစ်ကျွေးလိုက်တယ်။
ခွေးကလေးကမစားဘဲ ဟောင်ပဲဟောင်နေခဲ့တယ်.. ဟောင်သံထဲမှာ ဆွဲဆွဲငင်ငင်ငိုသံတွေ ရောစွက်နေတယ်။
နောက်ဆုံး လူတွေအသားစားခါနီးမှာ ခွေးကလေးဟာ မျက်ရည်ကျပြီး ဝမ်းနည်းသံနဲ့ တစ်ချက်အူလိုက်တယ်။
ပြီးတော့ သူ့ကိုချကျွေးတဲ့အသားကို စားပြလိုက်တယ်။ နေရာမှာတင် အဆိပ်သင့်ပြီး သေရှာတယ်။
ဒီအကြောင်းကို သူဌေးတစ်ဦးကကြားတော့ ခွေးကလေးကို အရမ်းကရုဏာသက်မိတယ်။
ခွေးကလေးကို သေချာမြေမြုပ်သင်္ဂြုံလ်ပြီး ရုပ်ထုလုပ် အထိမ်းအမှတ်ပြုခဲ့တယ်။
ခွေးကလေးကိုသင်္ဂြုံလ်တဲ့နေ့မှာ မိုးတွေရွာနေခဲ့တာတောင် လူပေါင်းတစ်ရာကျော်လိုက်ပါပို့ဆောင်ခဲ့တယ်။
သူကယ်လိုက်တဲ့ လူပေါင်းက အယောက်(၃ဝ)ပါတဲ့….
Credit to နိုင်းနိုင်းစနေ
တစ်ညတည်းခိုခ တစ်ဒေါ်လာသာ ပေးရမယ့် အချုပ်ခန်းပုံစံ တည်းခိုခန်း
http://i1183.photobucket.com/albums/x474/konay1/general/PhotoGrid_1473742657099.jpg
နယူးယော့ခ်မြို့ကြီးမှာ တစ်ညတည်းခို ခ တစ်ဒေါ်လာပေးပြီး နေနိုင်တဲ့ နေရာမျိုး မရှိဘူးလို့ ထင်ကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဒေါ်လာ တည်းပေးပြီး နေနိုင်တဲ့ တည်းခိုခန်း အမှန်တကယ် ရှိနေပါတယ်။ တစ်ခုရှိတာက အဲဒီတည်းခိုခန်းမှာ နေထိုင်မယ့်သူဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်း တွေကို လိုက်နာသွားရမှာ ဖြစ်ပါတယ်။ စည်းမျဉ်းတွေကို မလိုက်နာရင်တော့ တည်းခိုလို့ရမှာ မဟုတ်ပါဘူး။ တရုတ်ပညာရှင် Miao Jiaxin  ဟာ ထူးခြား တဲ့ စိတ်ကူးနဲ့ ဒီအစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ပါတယ်။ တည်းခိုရမယ့် အခန်းကို အချုပ်ခန်းပုံစံအဖြစ် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ သံတိုင်တွေကြား ထဲမှာ နေထိုင်သွားရမှာဖြစ်တဲ့အပြင် ခြောက်ခြားစရာ ဖြစ်အောင် ပြုလုပ်ထားပါတယ်။
Sunday, September 18, 2016
ပုံစံထူးခြားလှပသော ပန်းပွင်းလေးများ
ကျွန်တော်တို့ ကမ္ဘာကြီးကို အလှဆင်နေကြသော အရာများတွင်
ပန်းပင်၊ ပန်းပွင့်လေးများသည် အဓိကကျသော အခန်းမှ ပါဝင်နေပါသည်။
လူသားတို့၏ စိတ်ပျော်ရွှင်ချမ်းမြေ့မှု နှင့် အေးချမ်းမှုကို ခံစားနိုင်သော
ပန်းဥယျာဉ်များ ကမ္ဘာအနှံ့မှာ တည်ရှိနေကြပါသည်။ကမ္ဘာပေါ်တွင်
ပန်းမျိုးပေါင်း နှင့် မျိုးစိတ်များမှာလည်း များစွာ ရှိနေကြပြီး
ယနေ့အချိန်အထိပင် ပန်းမျိုးအသစ်များကို တွေ့ရှိမှတ်တမ်း တင်နေ
ရတုံးပါ။ထိုကဲ့သို့ ပန်းမျိုးပေါင်းများစွာမှ လှပပြီး အသွင်ထူးခြားနေသော
ပန်းပွင့်လေးများကို တင်ပြချင်ပါသည်။ အများအားဖြင့် သတ္တ၀ါ တစ်ဦးဦး
နှင့် ပုံသဏ္ဍန်ဆင်တူနေသော ပန်းများကို တင်ပြပါမည်။ထိုကဲ့သို့
ပန်းပွင့်လေးများသည် သစ်ခွပန်းပင်များ အများဆုံး ပါဝင်နေတတ်ပါသည်။
ရှုစားကြပါအုံးနော်…
(1)Monkey Face Orchid (Dracula Simia)
http://i1183.photobucket.com/albums/x474/konay1/general%204/PhotoGrid_1474218588779.jpg
သစ်ခွပန်းမျိုး ဖြစ်ပြီး ပန်းပွင့်၏ အလယ်နေရာတွင် မျောက်တစ်ကောင်၏
မျက်နှာပုံကို ထင်ရှာစွာ တွေ့မြင်နိုင်ပါသည်။
(2)Moth Orchid (Phalaenopsis)
http://i1183.photobucket.com/albums/x474/konay1/general%204/PhotoGrid_1474218668469.jpg
ပိုးဖလံ နှင့်တူသော သစ်ခွပန်းမျိုးပါ။ နေခရမ်းကတော့ ငှက်လေးတစ်ကောင်
နှင့်ပိုတူတယ်လို့ ထင်ပါသည်။
Related Posts Plugin for WordPress, Blogger...