Monday, October 3, 2016

ရှုပ်ပွနေတဲ့ ပိုက်ဆံအိတ်ရှင်းရင်း ဒေါ်လာ တစ်သိန်းကျော်ပေါက်တဲ့ ကံစမ်းမဲ လက်မှတ်တွေ့

http://i1183.photobucket.com/albums/x474/konay1/general%205/kan%20htoo%20shin.jpg
အိုင်းရစ်အမျိုးသမီးတစ်ဦးက သူ့ပိုက်ဆံအိတ်ကိုရှင်းရင်း မမျှော်လင့်ပဲ သူမေ့နေတဲ့ ဒေါ်လာ ၁သိန်း ၅သောင်း ၇ထောင်တန် ကံစမ်းမဲ လက်မှတ်ကို ရှာတွေ့ခဲ့ပါတယ်။

ဒီအမည်မဖေါ်လိုသူ အမျိုးသမီးဟာ ပိုက်ဆံအိတ်ရှင်းရင်းနဲ့ စစ်ဆေးမကြည့်ရသေးတဲ့ ကံစမ်းမဲလက်မှတ်တွေ အများတော်တော်များများကိုတွေ့တာကြောင့် ကံစမ်းမဲရုံးကို သွားရောက်စစ်ဆေးခဲ့တာပါ။

‘ပိုက်ဆံအိတ်ကတော်တော်လေး ရှုပ်ပွနေလို့ ရှင်းရင်းနဲ့ ကံစမ်းမဲလက်မှတ်တွေကို ပြန်တွေ့တာပါ။ ဒီလိုကံစမ်းမဲပေါက်တာမျိုးကို သတင်းတွေထဲမှာပဲတွေကဘူးတာ။ ဒါပေမယ့် ဒီလိုမျိုး ကံစမ်းမဲပေါက်တယ်ဆိုတာ တော်တော်နည်းပါတယ်။ လက်မှတ်ကိုစစ်လိုက်တော့ ကံစမ်းမဲပေါက်တယ်ဆိုတော့ အရမ်း အံ့သြရပါတယ်။ ဘယ်လောက်ရမယ်ဆိုတာသိတော့ တကယ်ကို ပီတိဖြစ်ရပါတယ်’ လို့ သူက ပြောပါတယ်။

သူဟာ ဒီကံစမ်းမဲကို သြဂတ်လ ၆ ရက်နေ့မှာ ကံထူးခဲ့တာ ဖြစ်ပါတယ်။
( Michelle )
Credit:သစ်ထူးလွင်
Ref : UPI

သတင်းစာတစ်စောင်တည်းမှာတင် မိန်းမနဲ့ ရည်းစားဖြစ်သူတို့ရဲ့ နာရေးကြော်ငြာ၂စောင်ထည့်ခံရတဲ့ အမျိုးသား

http://i1183.photobucket.com/albums/x474/konay1/general%205/Leory.jpg
New Jersey သား အမျိုးသားတစ်ဦးဟာ မိန်းမဖြစ်သူနဲ့ ရည်စားဖြစ်သူတို့ရဲ့ သဘောထားကွဲလွဲမှုကြောင့် သူရဲ့နာရေးကြော်ငြာကို သတင်းစာတစ်စောင်ထဲမှာတင် ၂ ခါထည့်ခံခဲ့ရပါသတဲ့။

သောကြာနေ့ထုတ် Press of Atlantic City သတင်းစာမှာ အင်္ဂါနေ့က အဆုတ်ကင်ဆာနဲ့ အသက် ၅၅ နှစ်မှာ သေဆုံးသွားသူ Leroy "Blast" Bill Black ဆိုသူအတွက် နာရေးကြော်ငြာစာ ၂စောင် ရိုက်နှိပ်ခဲ့တာဖြစ်ပါတယ်။

ဒီကြောငြာ ၂ စောင်မှာ အဓိကကွဲပြားခြားနားချက်ကတော့ တစ်စောင်မှာတော့ “ ချစ်လှစွာသော ဇနီးသည် Bearetta Harrison Black “  နဲ့  နောက်တစ်စောင်မှာတော့ “ အချိန်ကြာမြင့်စွာ မခွဲအတူရှိခဲ့တဲ့ ချစ်သူရည်းစား Princess Hall “ ဆိုတဲ့ စာသားတွေဖြစ်ပါသတဲ့။

နောက်တစ်ချက်ကတော့ ပထမကြော်ငြာမှာပါတဲ့ သားသမီးနာမည်တစ်ချို့ဟာ ဒုတိယကြော်ငြာမှာ ဖော်ပြထားခြင်းမရှိတာပဲ ဖြစ်ပါတယ်။

ဘာဖြစ်လို့ ဒီလိုနာရေးကြော်ငြာ ၂စောင်ဖြစ်ရတာလဲဆိုတော့ ဇနီးဖြစ်သူက ပုံစံတစ်မျိုး၊ ရည်းစားဖြစ်သူက ပုံစံတစ်မျိုးနဲ့ ရေးထည့်ချင်တာကြောင့် သဘောထားမတိုက်ဆိုင်ပဲ ၂ စောင်ထည့်ဖြစ်သွားတာလို့ သိရပါတယ်။

( Michelle )
Credit:သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

ကမ္ဘာ့ အမြင့်ဆုံး တင်းနစ်ကွင်း

ဒူဘိုင်းက ကမ္ဘာ့ အမြင့်ဆုံး တင်းနစ်ကွင်းအကြောင်းတင်ပေးချင်ပါသည်။
၂၀၀၅ ခုနှစ်တွင် ဒူဘိုင်းမှ Burj Al Arab ဟော်တယ်၏ ဟယ်လီကော်ပတာကွင်းပုံစံ
တင်းနစ်ကွင်းကို ကမ္ဘာ့အမြင့်ဆုံးတင်းနစ်ကွင်း အဖြစ် သတ်မှတ်ခဲ့ကြပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%205/tennis-20110731-164759.jpg
Burj Al Arab ဟော်တယ်သည် ၃၂၁ မီတာ( ၁၀၅၃ ပေ) အမြင့်ရှိပြီး
စတုတ္တမြောက် ကမ္ဘာ့အမြင့်ဆုံးဟော်တယ် စာရင်းဝင်ထားပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%205/Burj_Al_Arab_solo.jpg
ထည်ဆောက်ပုံ ဒီဇိုင်းဆန်းသစ်မှု နှင့် ၀န်ဆောင်မှုကောင်းမွန်မှု တို့ကြောင့်
ကျော်ကြားသော ဟော်တယ်တစ်ခု ပင်ဖြစ်ပါသည်။

ကမ္ဘာ့အမြင့်ဆုံးတောင်များ

ကမ္ဘာ့အမြင့်ဆုံးတောင် (၁) မှ (၁၀)အထိကိုစုစည်းတင်ပေးလိုက်ပါသည်။
အချက်အလက်နှင့် ပုံများကို WIKI နှင့် အင်တာနက် Websites များမှ
ရယူပေးထားပါသည်။
( ၁ ) Mount Everest – Nepal/Tibet
http://i1183.photobucket.com/albums/x474/konay1/general%205/1%201024px-Mount_Everest_as_seen_from_Drukair2_PLW_edit.jpg
နီပေါနိုင်ငံနှင့် တိဘတ်နယ်စပ်မှာ ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံးတောင်ပါ။
ဒီတောင်ကြီးဟာ  8,848 meter (သို့) 29,029 ပေ မြင့်ပါတယ်။
မှတ်တမ်းအရ ၁၉၅၃ ခုမှာ တောင်တက်သူများ ပထမဆုံး တက်ရောက်နိုင်ခဲ့ပါတယ်။
http://i1183.photobucket.com/albums/x474/konay1/general%205/1mt-everest-map-400.jpg

Saturday, October 1, 2016

အမှတ်တမဲ့ အလွဲများ ( ၆၆ )

ဒီတစ်ပတ်အတွက် အပန်းဖြေစရာ ပုံလေးတွေကို ထပ်မံစုစည်းတင်ပေးလိုက်ပါတယ်။
ကြည့်လိုက်ကြပါအုံးနော်...
ဒီပုံလောက်တော့ အေးအေးဆေးဆေးပါ...( တော်လိုက်တာနော်)
http://i1183.photobucket.com/albums/x474/konay1/funny/FB_IMG_1467488487062.jpg

အံမာ။အဖမ်းခံရတာတောင် ပြုံးပြုံးကြီး...
http://i1183.photobucket.com/albums/x474/konay1/funny/cops_16.jpg

သခင်ပြန်လာခေါ်တာကို တနှစ်ကျော်စောင့်နေတဲ့ ခွေး ကားတိုက်သေဆုံး

သခင် ကို တစ်နှစ်ကျော်အောင် စောင့်နေခဲ့သည့် ခွေးကလေး ကားတိုက်ခံရ၍ သေဆုံး
အွန်းလိုင်း ဆိုရှယ်မီဒီယာ တွေပေါ်တွင် နာမည်ကြီးနေသော ထိုင်းနိုင်ငံမှ
သနားစရာ ခွေးကလေးတစ်ကောင်အကြောင်း နေခရမ်း တင်ပေးခဲ့တာ
မကြာသေးပါဘူး။ ယခုရက်ပိုင်းအတွင်းမှာပဲ ထိုသနားစရာကောင်းလှတဲ့
ခွေးကလေး သတင်းထပ်ရသဖြင့် စိတ်မကောင်းစွာ ထပ်တင်ပေးလိုက်ပါတယ်။
http://i1183.photobucket.com/albums/x474/konay1/general/FB_IMG_1475236976154.jpg
လူအများက ကျောက်လုံ ဟုအမည်ပေးထားသော ခွေးမကလေးသည်
ထိုင်နိုင်ငံ၏ ချန်ထဘူရီ (Chanthaburi) အဝေးပြေးလမ်းမဘေးမှာ သူ၏
သခင်များကို နေ့စဉ်နေ့တိုင်း လှမ်းမျှော်ကာ စောင့်နေတတ်ပါသည်။
ကားတစ်စီးစီးမှ ထွက်ကျကျန်နေခဲ့တာလား။ ဒါမှမဟုတ် တမင်ပင်
စွန့်ပစ်ထားခဲ့တာလား မသိရပေမယ့် ခွေးကလေးကတော့ နေ့တိုင်း
လမ်းမဘေးမှာ ထိုင်နေကာ သခင်ပြန်လာခေါ်အောင် စောင့်နေတတ်ပါသည်။

Wednesday, September 28, 2016

ပုံစံထူးခြား Armadillo Lizard အကောင်းလေးများ

အဆူးအတောင် ထူထူးထပ်ထပ်ဖြင့် ရှိနေသော Armadillo Lizard
အကောင်လေးများသည် ဖွတ်(ပုတက်)မျိုးနွယ်ဝင် အကောင်လေးများ
သာဖြစ်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%204/FB_IMG_1475041631050.jpg
 သိပ္ပံဆိုင်ရာ အမည်အားဖြင့် Cordylus Cataphractus ဟု
အမည်ရပါသည်။မြန်မာပြည်မှ သင်းခွေချပ် နှင့်ပုံစံရော သဘောသဘာဝ
အချို့ပါ တူညီနေသော်လည်း သူ၏ အကြေးခွံတည်ရှိမှုပုံစံကတော့
မြန်မာပြည်မှ သင်းခွေချပ်နှင့် ကွဲလွဲမှု ရှိပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%204/FB_IMG_1475041648722.jpg
ထိုအကောင်ကလေးများကို တောင်အမေရိကတိုက်တွင် တွေ့မြင်နိုင်ပြီး
ကိုယ်ခန္ဓာအရှည်ဆုံး 25 cm (၁၀ လက်မ) ခန့်သာရှိပါသည်။
Related Posts Plugin for WordPress, Blogger...