ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ ဗဟိုပန်းခြံအတွင်းရှိ အဆောက်အဦတစ်ခုကို ကြည့်မှန်များကို တပ်ဆင်ထားသည်မှာ လှပအံ့သြဖွယ် ဖြစ်စေပါသည်။ ကြည့်မှန်များကို အဆောက်အဦ ပတ်ချာလည်မှ ပုံရိပ်များကို အချိုးဖျက်ကာ ဖြစ်ပေါ်စေမည့် ကြည့်မှန်စနစ်တစ်မျိုးဖြင့် ဖန်တီးထားခြင်း ဖြစ်ပါသည်။ ထိုပန်းခြံသို့ မူလတန်းကလေးများ နှင့် လူငယ်လူရွယ်များ အပန်းဖြေလာရောက် တတ်ကြပြီး ထိုကလေးငယ်များမှ အဆောက်အဦးနံရံများတွင် အရုပ်များ ၊ စာတန်းများ ၊ ဂရပ်ဖစ်တီ ပုံကြီးများ ရေးဆွဲသွားမည်ကို စိုးရိမ်သဖြင့် ထိုကဲ့သို့ တစ်မူဆန်းသစ်သည့် ကြည့်မှန်များကို တပ်ဆင်ပေးထားခြင်း ဖြစ်ပါသည်။ အာဏာပိုင်များက MLRPကုမ္ပဏီအား တာဝန်ပေးခဲ့ရာတွင် ထိုကဲ့သို့ ကြည့်မှန်များ တပ်ဆင်သည့်စနစ်အား တီထွင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။
ထိုအဆောက်အဦကို Mirror House ဟု ခေါ်ဝေါ်ကြပါသည်။







