ဗြိတိန်နိုင်ငံမှ အလေးမ အားကစား သမား အက်ဒီဟောလ်ဟာ တန်ဝက် အလေးချိန် ရှိတဲ့ အလေးကို မပြ ခဲ့ပြီးနောက် သမိုင်းမှာ မယုံနိုင် လောက်စရာ အံ့ဖွယ် လူသားတဦး ဖြစ်လာ ခဲ့ပါတယ်။
ခုလို အလေးချိန်ကို မ ပြခဲ့တဲ့ အခိုက် အတန့်မှာ ခေါင်းထဲက သွေးကြောတွေ ပေါက်ထွက်တော့ မတတ်ဖြစ်ခဲ့ပြီး သိစိတ်ပျောက် သွားခဲ့ တယ်လို့ သူက ၀န်ခံ လိုက်ပါတယ်။
ခုချိန် မှာတော့ အရပ် အမြင့် ၆ ပေ ၃ လက်မ ရှိတဲ့ အသက် ၂၉ နှစ် အရွယ် အက်ဒီ ဟောလ်ဟာ အလေးချိန် ၅၀၀ ကီလိုဂရမ်လောက်ကို အသာလေး မပြနိုင်တဲ့ အလေးမ ဘုရင် ဖြစ်လာ ခဲ့ပါပြီ။
ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ အချိန် ၂၄ နာရီအတွင်း ၀င်ရောက်ကြည့်ရှုသူ ၃ သန်းနီးပါး ရှိခဲ့ပါတယ်။
ဒါပေမယ့် ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ သူဟာ အဲဒီလို မ ပြခဲ့ပြီးနောက် ဒူးကွေးကျခဲ့ပြီး သိစိတ်ပျောက်သလို ဖြစ်သွားခဲ့တာကို တွေ့ရမှာပါ။




