Thursday, January 18, 2018

လှပခမ်းနားလှသည့် ရေခဲနှင့် နှင်းပန်းပု ပွဲတော်ကြီး

တရုတ်နိုင်ငံတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဟာဘင် နိုင်ငံတကာ ရေခဲနှင့် နှင်းပန်းပုပွဲတော်ကြီးကို ခမ်းနားလှပစွာ ဖွင့်လှစ်ပြသခဲ့ပါသည်။ ထိုပွဲတော်ကြီးသည် ကမ္ဘာ့အကြီးဆုံး ပွဲတော်များတွင် တစ်ခုအပါအ၀င် အဖြစ်သတ်မှတ်ထားကြပါသည်။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံးကျန်း ပြည်နယ် ၊ ဟာဘင် မြို့တွင် နိုင်ငံတကာမှ ရေခဲပန်းပုပညာရှင်များ နှင့် ၀ါသနာရှင်များ ၊ လာရောက်လည်ပတ်သူများသည် ယခုပွဲတော်ကြီးကို ပါဝင်ဆင်နွဲကြပါသည်။ ယခု ၂၀၁၈ ခုနှစ်တွင် ရေခဲကုဗမီတာပေါင်း ၁၈၀ ၀၀၀ နှင့် နှင်း ကုဗမီတာပေါင်း ၁၅၀ ၀၀၀ အထိ တည်ဆောက်ပြသထားခြင်း ဖြစ်ပါသည်။ ၄၂.၅ မီတာအရှည်ရှိသည့် ရေခဲမျှော်စင်ကြီးအပါအဝင် မြင့်မားလှသည့် မျှော်စင် များ ၊ ကမ္ဘာအရပ်ရပ်မှ ထင်ရှားကျော်ကြားသည့် အဆောက်အဦပုံစံများ ၊ ရေခဲနန်းတော် ရဲတိုက် အဆောက်အဦကြီးများ စသည်ဖြင့် ပါဝင်ကာ အခြား အနုလက်ရာများ များစွာဖြင့် တည်ဆောက်ပြသခဲ့ပါသည်။ ထို့ပြင် ယခု ၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့ အမြင့်ဆုံး နှင်း တာဝါကြီး တစ်ခုကိုလည်း တည်ဆောက်ထားခဲ့ပါသည်။ ထို့ပြင် ညပိုင်း မီးရောင်စုံများဖြင့် လှပစွာ ထွန်းညှိပေးထားပါသည်။ ဟာဘင်တွင် ဒီဇင်ဘာလ၌ ရေခဲအစုအဝေးများဖြစ်ပေါ်လေ့ရှိပြီး လျှပ်စစ်လွှများဖြင့် ရေခဲ ကြမ်းပြင်များကိုခွဲဖြတ်ကာ ပန်းပု ပြုလုပ်ရန်အတွက် သယ်ဆောင်ပြုလုပ် ကြခြင်း ဖြစ်ပါသည်။ လှပလှသည့် ရေခဲ နှင့် နှင်းပန်းပု လက်ရာ အဆောက်အဦကြီးများကို တင်ပြပေးလိုက်ပါသည်။

Wednesday, January 17, 2018

အမှတ်တမဲ့ အလွဲများ ( ၉၅ )

ဒီတစ်ခါတော့ အပိုင်း ၉၅ ရောက်လာပါပြီ။ ဒီတစ်ပတ်အတွက် ပြုံးပျော်ရွှင်နိုင်မယ့် ပုံလေးတွေ ထပ်မံစုစည်းတင်းပေးလိုက်ပါတယ်။ ကြည့်ရှု့အားပေးကြပါအုံးခင်ဗျာ...
 
သေခြာတယ်။ ဒါသူယောက္ခမအိမ်ပဲ နေမှာပါ...

အမရေ ။ ကပ်ပါလာတယ်ဗျို့

လက်ရာမြောက်လှသော မျက်နှာပြင်ပေါ်မှ ပန်းချီများ (၅)

Mimi Choi ဆိုသူမိတ်ကပ်ပညာရှင်တစ်ယောက်၏ လက်ရာမြောက်လှသည့် ဖန်တီးမှုများပါ။ Body Paint ပညာတစ်မျိုးဖြစ်ပြီး ကြည့်ရှု့သူ၏ အမြင်အာရုံကို ပြောင်းလဲကွဲပြားသွားလောက်အောင် ဖန်တီးနိုင်သည့် သူ၏ ကြိုးပမ်းအားထုတ်မှုပုံများကို ကြည့်လိုက်ကြရအောင်နော်…
ယခင်ကလည်း သူရဲ့  Body Art ပညာများကို တင်ပေးဖူးပါတယ်။ အခုကျန်တဲ့ပုံလေးတွေ ထပ်မံစုစည်း ပေးလိုက်ပါတယ်။

Tuesday, January 16, 2018

အသက်ဝင်လှပသော 3D ပန်းချီများ (၉)

ယခုတွေ့မြင်ရတဲ့ 3D ပန်းချီပုံလေးများကတော့ အီတလီအနုပညာရှင် Nagai Hideyuki ရဲ့လက်ရာများ ဖြစ်ပါတယ်။

Friday, January 12, 2018

ရေခဲပြင်ကြီးအောက်မှ စိမ်းပြာရောင် ရေခဲလှိုဏ်ဂူကြီး

လှိုဏ်ဂူကြီးတစ်ခုလုံး စိမ်းပြာရောင် ရေခဲပြင်များနှင့် လှပနေသည့် Mendenhall ရေခဲလှိုဏ်ဂူကြီး ဖြစ်ပါသည်။ ထိုရေခဲလှိုဏ်ဂူကြီးသည် အမေရိကန်နိုင်ငံ ၊ အလက်စကာပြည်နယ်တွင် တည်ရှိသော Mendenhall ရေခဲပြင်ကြီး၏ အောက်တွင် တည်ရှိနေခြင်း ဖြစ်ပါသည်။ Mendenhall ရေခဲပြင်ကြီးသည် ၁၃.၆ မိုင် (21.9 km) အထိ ရှည်လျားသည့် တောင်ကြားအတွင်း တည်ရှိနေခြင်း ဖြစ်ပါသည်။ ထိုရေခဲပြင်၏ အောက်တွင် သဘာဝအလျောက် ဖြစ်တည်နေသော ရေခဲလှိုဏ်ဂူ၏ သဘာဝအလှများကြောင့် ကျော်ကြားနေရခြင်း ဖြစ်ပါသည်။ ကြည့်နေရာ စိမ်းပြာရောင် ရေခဲနံရံများ ၊ အမိုးများနှင့် ရေတံခွန်များလည်း တည်ရှိနေသလို အောက်တွင် စီးဆင်းနေသည့် ရေပြင်ကိုလည်း တွေ့မြင်ရပါသည်။ ထို့ပြင် ကြီးမားလှသော ရေခဲတိုင်ကြီးများလည်း တည်ရှိနေပါသည်။ စိမ်းပြာရောင် ရေခဲလှိုဏ်ဂူကြီးကို ကြည့်လိုက်ရအောင်ဗျာ…

ကမ္ဘာအကြီးဆုံး နှင့် အလှပဆုံးစာရင်းဝင် Victoria ရေတံခွန်ကြီး

အာဖရိကတိုက်ရှိ Victoria ရေတံခွန်ကြီးသည် ကမ္ဘာ့အလှပဆုံး ရေတံခွန်များတွင် တစ်ခုအပါအ၀င်အဖြစ် သတ်မှတ်ခံရအောင် အလွန်ကိုကြီးမားလှပ နေပါသည်။ ထို့ပြင် ကမ္ဘာ့အကြီးဆုံး ရေတံခွန်ကြီးအဖြစ်လည်း သတ်မှတ်ထားကြသလို ကမ္ဘာ့အန္တရာယ်အများဆုံး သဘာဝရေကန် (Devil's Pool) တည်ရှိနေခြင်းကြောင့်လည်း ပိုမို၍ကမ္ဘာကျော်နေရပါသည်။

Victoria ရေတံခွန်ကြီးသည် အာဖရိကတိုက် တောင်ဘက်စွန်းပိုင်း ၊ ဇန်ဘီယာ နှင့် ဇင်ဘာဘွေနိုင်ငံတို့၏ နှစ်နိုင်ငံနယ်ခြားစည်းဖြစ်သော Zambezi မြစ်ကြီးပေါ်တွင် တည်ရှိနေပါသည်။ ကုန်းမြေနှစ်ခုကြားချိုင့်ဝှမ်းအတွင်းသို့ တစ်ဟုန်ထိုးစီးဆင်းသွားသည့် ရေတံခွန်ကြီး ဖြစ်ပါသည်။

Victoria ရေတံခွန်ကြီးသည် အမြင့်အားဖြင့် ၃၆၀ ပေ (၁၀၈ မီတာ) မြင့်ပြီး အကျယ်အားဖြင့် ၅၆၀၄ ပေ (၁၇၀၈ မီတာ) အထိ ကြီးမားသော တစ်ဆက်တစ်စပ်တည်း စီးဆင်းနေသည့် ရေတံခွန်များတွင် ကမ္ဘာ့အကြီးဆုံးလည်း ဖြစ်ပါသည်။ Victoria ရေတံခွန်ကြီးနှင့် နှိုင်းယှဉ်နိုင်သော ရေတံခွန်မှာ အာဂျင်တီးနား နှင့် ဘရာဇီးနိုင်ငံတို့အကြားရှိ Iguazu ရေတံခွန်ကြီးဖြစ်ပြီး ကြီးမားမှုမှာလည်း Victoria ရေတံခွန်ထက် ပိုကြီးပါသည်။ သို့သော် Iguazu ရေတံခွန်ကြီးသည် တစ်ဆက်တည်း ကျဆင်းနေသော ရေတံခွန်မျိုး မဟုတ်ဘဲ အပိုင်း နှစ်ခု ခွဲကာ ကျဆင်းနေသည့် ရေတံခွန်မျိုး ဖြစ်ပါသည်။

ဂျပန်နိုင်ငံမှ ထူးထူးခြားခြား မြေခွေးရွာ

အများအားဖြင့် မြေခွေးဆိုလျှင် ကြောက်လန့်စရာတိရိစ္ဆာန်တစ်မျိုးဟု ထင်တတ်ကြပေမယ့် ဂျပန်နိုင်ငံတွင်တော့ ထိုမြေခွေးလေးများကို လွတ်လပ်စွာ နေထိုင်နိုင်ရန် သီးခြားရွာတည်ပေးထားပါသည်။ ဂျပန်နိုင်ငံတွင် ကြောင်ကျွန်း ၊ ယုန်ကျွန်း စသည်ဖြင့် ထူးထူးခြားခြား နေရာများတည်ရှိသလို ယခု မြေခွေးရွာလေးကိုလည်း သီးခြားဘေးမဲ့ပေးထားသည့် နေရာတစ်နေရာအဖြစ် တည်ရှိနေပါသည်။ နေခရမ်းမှ ကြောင်ကျွန်း နှင့် ယုန်ကျွန်းအကြောင်းကို ယခင်က တင်ပြပေးဖူးပါသည်။

မြေခွေးရွာလေးသည် ဂျပန်နိုင်ငံ Miyagi စီရင်စုတွင် တည်ရှိပါသည်။ Zao မြေခွေးရွာလေးဟု အမည်ရှိပြီး မြေခွေးလေးများကို အရောင်အသွေးစုံလင်စွာဖြင့် ချစ်စဖွယ်ကောင်းစွာ များပြားစွာ တွေ့မြင်ရမည် ဖြစ်ပါသည်။ ထိုရွာတွင် အရောင်နှင့် အမျိုးအနွယ်ကွဲသော မြေခွေးမျိုးပေါင်း ၆ မျိုးရှိပြီး လွတ်လပ်စွာ နေထိုင်ကျက်စားနိုင်ရန် စီစဉ်ပေးထားပါသည်။

လာရောက်လည်ပတ်သူများ အနေဖြင့် ၀င်ကြေးပေး၍ မြေခွေးလေးများကို အနီးကပ် လေ့လာအစားကျွေးနိုင်ပါသည်။ မြေခွေးလေးများကလည်း လူများနှင့် ယဉ်ပါးနေကာ အစားကျွေးသူနား ၀ိုင်းကာနေကြပါသည်။ ဒါပေမယ့် မြေခွေးဆိုတာ အိမ်မွေးတိရိစ္ဆာန်စစ်စစ်တော့ မဟုတ်ပါဘူး။ လာရောက်သူများအနေဖြင့် မြေခွေးလေးများကို လွတ်လပ်စွာ အစာကျွေး အနီးကပ်နေထိုင်နိုင်ပေမယ့် ပါးစပ်ကို ဆော့ကိုင်ခြင်းမျိုး ၊ အလွန်အရဲကိုးသော အပြုအမူမျိုးကိုတော့ မပြုလုပ်ကြရန် သတိပေးထားပါသည်။ ထို့ပြင် ကလေးငယ်များကို ခေါ်ဆောင်လာခြင်းမျိုးကိုလည်း သတိပေး တားမြစ်ထားပါသည်။ တွေ့မြင်သမျှ မြေခွေးလေးများသည် ချစ်စဖွယ်ကောင်းလှအောင် ယဉ်ပါးနေကြပေမယ့် ကိုက်ခဲတတ်သည့် တိရိစ္ဆာန်မျိုးများ ဖြစ်ကြောင်း သတိပေးထားပါသည်။
Related Posts Plugin for WordPress, Blogger...