Thursday, September 20, 2018

ဘရာဇီး မိုးသစ်တောထဲမှာ တစ်ဦးတည်း ကျန်ရစ်ခဲ့တဲ့ လူရိုင်းမျိုးနွယ်ဝင်


ဘရာဇီးနိုင်ငံ မိုးသစ်တောထဲမှာ နေထိုင်ပြီး ပြင်ပကမ္ဘာနဲ့ ထိတွေ့မှုမရှိသေးတဲ့ အမေဇုန် လူရိုင်းမျိုးနွယ်ဝင်ထဲက တစ်ဦးတည်း ကျန်ရစ်တဲ့ လူရိုင်းတစ်ယောက်ကို ကင်မရာနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ လူရိုင်းမျိုးနွယ်တွေ နေထိုင်တဲ့နေရာကို နယ်မြေချဲ့ထွင်မှုလုပ်လာသူတွေက လူရိုင်းတွေကို တိုက်ခိုက်ကြတဲ့အတွက် လွန်ခဲ့တဲ့ ၂၂ နှစ်လောက်ကတည်းက အဲဒီလူရိုင်းမျိုးနွယ်မှာ သူတစ်ယောက်ပဲ ကျန်ရစ်ခဲ့တာလို့ ဘရာဇီး အစိုးရဝန်ထမ်းတွေက ယုံကြည်နေပါတယ်။

၁၉၉၅ ခုနှစ်မှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ လယ်သမားတွေရဲ့ တိုက်ခိုက်မှုအပြီးမှာတော့ နဂိုကတည်းက ၆ ယောက်လောက်ပဲရှိတဲ့ လူရိုင်းမျိုးနွယ်စုမှာ သူတစ်ယောက်ပဲ ကျန်ရစ်ခဲ့တာလို့ ဘရာဇီးနိုင်ငံ အမျိုးသားအင်းဒီးယန်းဖောင်ဒေးရှင်းက ပြောပါတယ်။ ကင်မရာမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ လူရိုင်းဟာ လန်ကွတ်တီ ဝတ်ထားပြီး ဆံပင်တော်တော်ရှည်နေတာ တွေ့ရပါတယ်။ သူက သစ်ပင်ကို ခုတ်လဲနေတဲ့ပုံစံရှိပါတယ်။
yoyarlay

ဂင်းနစ်စံချိန်ဝင်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံမှ လက်ဖြင့် ရက်လုပ်ထားသည့် ကမ္ဘာ့ အရှည်ဆုံး လည်စည်း


ကမ္ဘောဒီးယားနိုင်ငံ၏ လက်ဖြင့် ရက်လုပ်ထားသည့် လည်စည်းပုဝါ (သို့ မဟုတ်) ခမာဘာသာစကားဖြင့် krama သည် ကမ္ဘာ့ အရှည်ဆုံးလည်စည်းအဖြင့် ဇူလိုင် ၁ ရက်တွင် ဂင်းနစ်စံချိန် စာအုပ်၌ မှတ်တမ်းတင်ခံရကြောင်း သိရသည်။

အကျယ် ၈၈ စင်တီမီတာ နှင့် အလျား ၁၁၄၉.၈ မီတာရှိသော krama ကို ရက်ကန်းစင် ၂ဝ ခု ဖြင့် အချိန် ငါးလ နီးပါးယူ၍ ရက်လုပ်ခဲ့ရသည်။ ၄င်းလည်စည်းကို ဖနွမ်းပင်မြို့ ရှိ အမျိုးသားပြတိုက်ရှေ့ ၌ စီတန်းလှည့်လည်ပြသခဲ့ရာ လာရောက်ကြည့်ရှုသူများကလည်း ဝိုင်းဝန်း သယ်ဆောင်ခဲ့ကြကြောင်း သိရသည်။
“ အရှည် ၁၁၄၉.၈ မီတာနဲ့ ကမ္ဘာ့ အရှည်ဆုံး လည်စည်းအဖြစ် ဂင်းနစ်ကမ္ဘာ့ စံချိန်စာအုပ်မှာ မှတ်တမ်းဝင်သွားပြီပေါ့” ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသော ဂင်းနစ်စံချိန် အကဲဖြတ်အဖွဲ့ ဝင်တစ်ဦးဖြစ်သူ Swapnil Dangarikar က ဧည့်ပရိသတ် ၂ဝ,ဝဝဝ ကျော်အား ထုတ်ဖော် ကြေညာခဲ့သည်။

ဆန့်ကျင်ဘက်လိင်တွေအဖြစ် အပီပြင်ဆုံး သရုပ်ဆောင်ခဲ့ကြတဲ့ သရုပ်ဆောင် ၄ ယောက်

သရုပ်ဆောင်တွေဟာ သူတို့ရဲ့ အနုပညာအဆင့်အတန်းတခုအတွက် ဘယ်လိုဇာတ်ရုပ်မျိုးမဆို ပါဝင်သရုပ်ဆောင်ဖို့ ဝန်မလေးကြသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ နဂိုမူရင်းပုံစံကို တခြားသူတယောက်အဖြစ် လုံးဝပြောင်းလဲပစ်ပြီး သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်များကို ဧရာဝတီရဲ့ စာဖတ်ပရိတ်သတ်အတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
 (၁) Angelina Jolie

Jolie ဟာဆိုရင် Salt (2010)မှာ CIAရဲ့ အမှုထမ်းအဖြစ် ရုရှားတွေကို ထောက်လှမ်းခဲ့တာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအရ အမျိုးသမီးအမှုထမ်းအဖြစ်ကနေ အမျိုးသားတယောက်အဖြစ်ပုံစံပြောင်းထောက်လှမ်းရမှာဖြစ်ပါတယ်။ ဒါကြောင့် Jolie ဟာ Salt ကို ရိုက်ကူးနေစဉ်မှာ အဝတ်လဲခန်းထဲအချိန် အတော်အကြာအသုံးချပြီး သူမရဲ့ ရှိရင်းစွဲ ပုံစံထက် လုံးဝကွဲထွက် သွားအောင် ပြောင်းလဲဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

(၂) Eddie Redmayne

Eddie Redmayne ကတော့ ပန်းချီဆရာတယောက်ဖြစ်တဲ့ Einar Wegener ရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ ၁၉၂၀ ခုနှစ်နောက်ခံ The Danish Girl (2015)မှာ သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ Einar ဟာ သူ့ကိုယ်သူ ယောက်ျား တယောက်အဖြစ်နဲ့ အသက်ဆက်ရှင်မနေလိုတော့ဘဲ ကမ္ဘာ့ပထမဆုံး လိင်အင်္ဂါပြောင်းလဲမှု ပြုလုပ်ခဲ့ တာပဲဖြစ်ပါတယ်။ The Dannish Girl ရုပ်ရှင်မှာ Eddie Redmayne ဟာ ပန်းချီဆရာတယောက်အဖြစ်ရော လီလီဆိုတဲ့အမျိုးသမီးအဖြစ်ပါ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

ချစ်သူခွင့်လွှတ်စေဖို့ မြို့အတွင်း ကြော်ငြာဘုတ် ၃၀၀ ထောင်ပြီး တောင်းပန်တဲ့ အိန္ဒိယနိုင်ငံသား


အိန္ဒိယနိုင်ငံက အသက် ၂၅ နှစ်အရွယ် လူရွယ်တစ်ဦးဟာ ချစ်သူစိတ်ဆိုးပြေစေဖို့ လမ်းတစ်လျှောက်မှာ ပိုစတာပေါင်း ၃၀၀ ထောင်ပြီး ပြန်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။ လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ နီလက် ခီဒီကာဟာ ချစ်သူဖြစ်သူ ရှီဒီက စိတ်ဆိုးသွားခဲ့ပြီးနောက် ချစ်သူရဲ့ ခွင့်လွတ်မှုရဖို့ အခုလိုမျိုး တောင်းပန်ခဲ့တာဖြစ်ပါတယ်။

ချစ်သူနှစ်ဦး ရန်ဖြစ်ရတဲ့အကြောင်းအရင်းကို အတိကျမသိသေးဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။ ခီဒီကာဟာ ရန်ဖြစ်ခဲ့တဲ့ ချစ်သူ ရှီဒီ မွန်ဘိုင်းမြို့ကနေ Pimple Saudagar မြို့ဆီ ပြန်လာမယ့်ကြားတဲ့အချိန်မှာ "ရှီဒီရေ ငါတောင်ပန်းပါတယ်" ဆိုတဲ့ စာသားတွေ ရေထားတဲ့ ကြေငြာဘုတ်တွေ၊ ပိုစတာတွေကို ကပ်ထားခဲ့တာပါ။ ခီဒီကာဟာ မြို့ကို ရှီဒီ ပြန်ရောက်မယ့် ညပိုင်းမှာ လူငယ်အုပ်စုတစ်စုရဲ့အကူအညီ ရယူပြိး မြို့အတွင်းက ကြေငြာဘုတ် တွေ၊ လမ်းဘေး တိုင်တွေ နဲ့ ကားလမ်းလယ်မှာထောင်ထားတဲ့ တိုင်တွေမှာ လိုက်ကပ်ခဲ့တာဖြစ်ပါတယ်။

၁၆ နှစ်သမီးအရွယ်တွင် ပေါင် ၂ သန်းထီဆုကြီး ပေါက်ခဲ့သော်လည်း ယင်းကြောင့်ပင် ဒုက္ခရောက်သွားခဲ့ရသူ


ဗြိတိန်တွင် မိန်းကလေးတစ်ဦးသည် ၁၆ နှစ်သမီးအရွယ်တွင်ပင် ပေါင် ၂ သန်း (ဒေါ်လာ ၂ ဒသမ ၆ သန်း) ထီဆုကြီး ပေါက်ခဲ့သဖြင့် ဗြိတိန်အငယ်ဆုံး ကံထူး ရှင်ဖြစ်ခဲ့သည်။ သို့သော် ၎င်းက ထိုငွေ များကို အလှအပခွဲစိတ်ပြုပြင်ရာတွင်၊ မူး ယစ်ဆေးဝါးသုံးစွဲရာတွင်၊ ပျော်ပါးရာတွင် အလျှံအပယ်သုံးစွဲခဲ့သဖြင့် နှစ်အနည်း ငယ်အကြာတွင်ပင် ထိုငွေများကုန်သွား တော့သည်။ ထို့ကြောင့် ထီထိုးရာတွင် အသက်ကန့်သတ်ထားသင့်ကြောင်း ယခုအ ချိန်တွင် အသက် ၃၁ နှစ်ရှိပြီဖြစ်သည့် ကယ်လီရော်ဂျာစ်က ဆိုသည်။

ထီဆုကြီး ပေါက်သဖြင့် လူပေါင်းများစွာက မိမိထံမှ ငွေချူစားကြသဖြင့် မိမိမှာ နောက်ဆုံးတွင် လူများကို မယုံရဲတော့ကြောင်း ၎င်းက ဖွင့် ဟသည်။ အပေါင်းအသင်းများကြား နာ မည်ကြီးလိုသည့်စိတ်ကလည်း ဆောင်နေ သဖြင့် ဘေးမှလူများပြောသမျှကို ယုံပြီး ထင်တိုင်းကြဲခဲ့မိကြောင်း ၎င်းက ပြောပြ သွားခဲ့သေးသည်။ ထိုငွေဖြင့် ရင်သားခွဲ စိတ်ပြုပြင်ခြင်း၊ နာမည်ကြီးအမှတ်တံဆိပ် အဝတ်အစားများ၊ လက်ကိုင်အိတ်များ၊ အသုံးအဆောင်များ ဝယ်ခြင်း၊ မိတ်ဆွေ အပေါင်းအသင်းနှင့် မိသားစုကိုလည်း လက်ဆောင်အကောင်းစားများ ဝယ်ပေး ခြင်း၊ ခရီးထွက်ခြင်းတို့ကြောင့် နောက်ဆုံး တွင် မိမိလက်ထဲ ငွေတစ်ပြားမှမကျန်တော့ ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့အကြီးဆုံး အရောင်စုံ အီစတာကြက်ဥကြီး


အရောင်အမျိုးအစား စုံလင်လှသည့် ကြီးမားလှတဲ့ အီစတာကြက်ဥကြီးကို ဆလိုဗက်ကီးယားနိုင်ငံ Lemesany တွင် ၂၀၁၈ ခု မတ်လ ၂၄ ရက်နေ့၌ ဖွင့်လှစ်ပြသခဲ့ပါသည်။ ထိုအီစတာကြက်ဥကြီးသည် ၅.၀၈ မီတာ မြင့်ကာ ၃.၀၈ မီတာ အကျယ် ရှိပါသည်။ အလေးချိန်အားဖြင့် 800 kg ရှိပါသည်။

ထိုအရောင်စုံ လှပနေသည့် အီစတာကြက်ဥကြီးတစ်ခုလုံးကို အရောင်စုံ ပလက်စတစ်ပုလင်းအဖုံးများဖြင့် တည်ဆောက်ထားပြီး လှပစေရန် နေရာချတည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ တည်ဆောက်ပြီးစီးစေရန် အချိန်တစ်နှစ်ခန့် စုဆောင်းပြင်ဆင်ခဲ့ရခြင်း ဖြစ်ပါသည်။

အသက်ခုနစ်နှစ်အရွယ်လူသားနဲ့ ဥာဏ်ရည်ချင်းတူတဲ့ ကျီးများ

ကျီးတွေဟာ ကမ္ဘာပေါ်မှာရှိနေတဲ့ အပါးနပ်ဆုံးသတ္တဝါတွေစာရင်းဝင်ပါတယ်။ သူတို့ဟာ အဆင့်မြင့်နို့တိုက်သတ္တဝါမျိုးစိတ်မဟုတ်ပါဘဲ ကိရိယာ တန်ဆာပလာတွေကို ဖန်တီးပြီး သုံးတတ်တဲ့ ဥာဏ်ကြီးရှင်တွေပါ။

စမ်းသပ်ချက်တစ်ခုမှာဆို သူတို့ အရင်က လုံးဝ မမြင်ဖူးခဲ့တဲ့ နန်းကြိုးမျှင်ကို ကွေးပြီး ကိရိယာတစ်ခုလို သုံးပြသွားတာတောင် တွေ့ခဲ့ရပါတယ်။

အတော်လေး ခဲခဲယဉ်းယဉ်း ဖြေရှင်းရမယ့် အဆင့် ၈ ဆင့်ပါ ပဟေဠိတစ်ခုကို ဖန်တီးပြီး သူတို့ကို စမ်းသပ်ကြည့်တဲ့အခါမှာလည်း ကျီးတစ်ကောင်ဟာ အဆင့်အားလုံးကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပြခဲ့ပြီး ဆုအဖြစ်ထားရှိတဲ့ အစာတွေဆီကို အရောက်သွားနိုင်ခဲ့တာကို တွေ့ရပါတယ်။
Related Posts Plugin for WordPress, Blogger...