Sunday, October 7, 2018

လမ်းမအလယ်မှ အသက်ဝင်သောပန်းချီများ(၈)

လမ်းမပေါ်ကတကယ်အသက်ဝင်တဲ့ 3D ပန်ချီးကားတွေပါ။ Tracy Lee Stum မှ ရေးဆွဲထားသော ပုံများ ဖြစ်ပါသည်။

Sunday, September 30, 2018

ပုံစံဆန်းပြား ဖက်ရှင်အရုပ်ကြီးများ

အ၀တ်အထည်ဖက်ရှင်ဆိုင်များတွင် ပြသထားလေ့ရှိတဲ့ အရုပ်ကြီးများရဲ့ တွေ့မြင်နေကျပုံစံမျိုး မဟုတ်ဘဲ ပြသထားတဲ့ ပုံများပါ။ အများစုကတော့ တွေ့မြင်ယုံနဲ့ ပြုံးရယ်ချင်စိတ် ပေါက်လာစေမှာ ဖြစ်ပါတယ်။ ကြည့်လိုက်ရအောင်နော်…

ရေ့....

ဘီယာဗိုက် ကိုကိုများအတွက်

Saturday, September 29, 2018

မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၂၆ )

Facebook ပေါ်တွင်တွေ့သမျှနှင့် သူငယ်ချင်းများပို့ပေးထားသော ပုံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ...

ဒီဓာတ်တိုင်က သူများအိမ်ထဲ ကျူးကျူးကျော်ကျော်နော်...

ဘေးမဲ့ပေးထားတာနေမှာ...

ကမ္ဘာတစ်လွှား ထူးခြားစွာတည်ဆောက်ထားသော ဘုရားကျောင်းများ

အခုတင်ပေးမယ့်ပိုစ့်က နေခရမ်း စိတ်ကူးဖြင့်စုစည်းထားခြင်းမဟုတ်ပါဘူး။ အင်တာနက် ဆိုဒ်များမှာ တွေ့မြင့်ရတဲ့ Breathtaking Monasteries ၊ Magnificent Monasteries ၊ Amazing Monasteries ဆိုတဲ့ခေါင်းစဉ်များနှင့် ပိုစ့်များကို ပြန်လည်စုစည်းတင်ပြပေးမှာပါ။ ဆိုဒ်တစ်ခုနှင့် တစ်ခု သတ်မှတ်ဖေါ်ပြချက် ကွဲလွဲမှု အနည်းငယ်စီ ရှိကြပေမယ့် အများအားဖြင့် တော့တူညီကြပါတယ်။ သူငယ်ချင်းတို့ဆက်လက်အားပေးကြပါအုံးနော်...

၁။ Tiger's Nest Monastery (Bhutan)

ဘူတန်နိုင်ငံမှာတည်ရှိတဲ့ တောင် အလယ် ချောက်ကမ်းပါးဘေး ၊ ကျောက်နံရံမှာကပ်ပြီး တည်ဆောက်ထားတာပါ။ ဘူတန်နိုင်ငံ Paroတောင်ကြားချိုင့်ဝှမ်းမှ အထက် 700 meters (2,300 ပေ) အမြင့်မှာတည်ရှိပါတယ်။တရားဝင် မှတ်သားမှုအရ 1692 ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဘုရားကျောင်းအကြောင်းအရာကို နေခရမ်းဆိုဒ်မှာ တင်ပေးဖူးပါတယ်။

၂။Madonna del Sasso Monastery (Switzerland)

ဆွတ်ဇာလန်နိုင်ငံမှာတည်ရှိ ပြီး ၁၇ ရာစု ကတည်းက တည်ဆောက်ပြီးစီးခဲ့ပါတယ်။

Friday, September 28, 2018

ကမ္ဘာ့ အန္တရာယ်အများဆုံး ပင့်ကူ (၁၂) မျိုး

ကျွန်တော်တို့ အများဆုံးတွေ့ဖူးသော ပင့်ကူများမှာ အရွယ်အစားသေးငယ်ကြပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်ရှိ ပင့်ကူမျိုးစိတ်များတွင် အရွယ်အစားကြီးမားသော ပင့်ကူကြီးများလည်း ရှိကြပါသေးတယ်။ လူအများဆုံး အကြောက်ဆုံး (သို့) အသဲအယားဆုံး တိရိစ္ဆာန်များတွင်လည်း ပင့်ကူ ပါဝင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများ အကြောက်တတ်ဆုံး အကောင်လေးများတွင် တစ်ခုအပါအ၀င်ပါ။ ပင့်ကူတစ်ကောင်ရဲ့ ပုံစံကြောင့် အသဲယားထိတ်လန့်တတ်ကြပေမယ့် ကမ္ဘာပေါ်ရှိ ပင့်ကူမျိုးစိတ်များတွင် သေစေနိုင်လောက်အောင် အဆိပ်ပြင်းသော ပင့်ကူများလည်း ရှိကြပါတယ်။ ပင့်ကူကိုက်(ရှပ်)ရင် အများဆုံး ယားယံယုံလောက်ပဲ ထင်ကြပေမယ့် သေစေနိုင်လောက်အောင် အန္တရာယ်များတဲ့ ပင့်ကူများနဲ့ ပြင်းထန်စွာ နာကျင်မှု ခံစားရစေတတ်တဲ့ ပင့်ကူ (၁၂) မျိုးကို တင်ပြပေးချင်ပါတယ်။

1. Brazilian Wandering Spider

ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး နှင့် တိုက်ခိုက်မှုအများဆုံး ပင့်ကူအဖြစ် Brazilian Wandering Spider ကိုသတ်မှတ်ထားကြပါတယ်။ အဆိပ်အပြင်းဆုံးပင့်ကူမျိုးလည်း ဖြစ်ပါတယ်။ ထိုပင်ကူတွင်
Neurotoxic အဆိပ်များစွာပိုင်ဆိုင်ပြီး တစ်ကြိမ်အကိုက်ခံရယုံဖြင့် ကြွက်သားများ ထိန်းချုပ်မှုကို မလုပ်နိုင်တော့ဘဲ အသက်ရှူရပ်ကာ သေဆုံးနိုင်ပါတယ်။ ထိုပင့်ကူကို သိပ္ပံအမည်အားဖြင့် Phoneutriaoriginates ဟုခေါ်ပါတယ်။ တောင်အာဖရိကနဲ့ဗဟိုအမေရိကမှာ တွေ့ရလေ့ရှိပါတယ်။

Thursday, September 27, 2018

ကမ္ဘာတစ်လွှား အများပြည်သူသုံး ထိုင်ခုံအလန်းများ (၂)

ကမ္ဘာနိုင်ငံအသီးသီးတွင် တွေ့မြင်ရသော အများပြည်သူ လွတ်လပ်စွာ အပန်းဖြေအနားယူနိုင်စေရန် စီစဉ်ပေးထားတဲ့ ထိုင်ခုံဒီဇိုင်းဆန်းဆန်းလေးများ ဖြစ်ပါသည်။ ကြည့်လိုက်ကြပါအုံးဗျာ…

ကမ္ဘာ့အလှပဆုံးနှင့် ဆွဲဆောင်မှုအရှိဆုံး ကျွန်းကလေး Bora Bora


ပုံများမြင်ယုံဖြင့် သွားချင်စိတ်ပေါက်လာအောင် ဆွဲဆောင်မှုကောင်းလှတဲ့ တစ်နေရာမှာ Bora Bora ကျွန်းကလေးပင် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာပေါ်တွင် အလှပဆုံးနှင့် ဆွဲဆောင်မှုအကောင်းဆုံး ကျွန်းများတွင် Bora Bora ကျွန်းလေးလည်း ပါဝင်နေပါတယ်။
Bora Bora ကျွန်းကလေးဟာ ပစိဖိတ်သမုဒ္ဒရာ တောင်ဘက်စွန်းပိုင်းမှာ တည်ရှိတဲ့ ကျွန်းငယ်လေး ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာ တည်ရှိခဲ့ပြီး ယခု French Polynesia ရဲ့ကျွန်းငယ်လေးတစ်ခုဖြစ်သော Bora Bora ကျွန်းကလေးဟာ ပြင်သစ်အငွေ့အသက်ယဉ်ကျေးမှုများကြောင့် ကမ္ဘာကျော်ရခြင်း မဟုတ်ပါဘူး။
အဖြူရောင် သဲသောင်ပြင် ၊ ကြည်လင်အေးမြနေသော ပင်လယ်ရေ ၊ လှပနေတဲ့ ပင်လယ်လှိုင်းလုံးများနဲ့ နားနေချင်စဖွယ်ကောင်းသည့် အပန်းဖြေအဆောက်အဦများကြောင့် ကမ္ဘာကျော် နေရာတစ်နေရာအဖြစ် တည်ရှိနေတာပါ။ Bora Bora ကျွန်းကလေးရဲ့ လှပသော ပုံရိပ်ပေါင်း များစွာမှ တစ်ချို့ကို တင်ပြပေးလိုက်ပါတယ်။
Related Posts Plugin for WordPress, Blogger...