Wednesday, January 30, 2019

ကလေးမရလို့ ဆေးရုံသွားပြတဲ့ အမျိုးသမီး ယောက်ျားဖြစ်နေ


တရုတ်နိုင်ငံ အလယ်ပိုင်း အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန်မရရှိတာကြောင့် ဘာများချွတ်ယွင်းနေသလဲဆိုပြီး ဆေးရုံသွားပြလိုက်ရာမှာ သူဟာ အမျိုးသမီးတစ်ဦးမဟုတ်ကြောင်း သိလိုက်ရတယ်လို့ The Global Post သတင်းစာက ဖော်ပြထားပါတယ်။ ဟူနန်ပြည်နယ် ရှန်တန်မြို့က ရှောင်ဟွေးဟာ မွေးကတည်းက အမျိုးသမီးအင်္ဂါရော၊ အမျိုးသားအင်္ဂါအတွင်းစနစ်တွေပါ ပါဝင်နေပြီ မသိခဲ့ပါဘူးတဲ့။ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ရှောင်ဟွေးဟာ အမျိုးသမီးအဖြစ်ပဲ ခံယူခဲ့ပြီး ယခုမှသိရှိရတဲ့ အမျိုးသားကိုယ်တွင်းအင်္ဂါတွေကို ဖယ်ရှားလိုက်ပါပြီ။ အသက် ၁၅ နှစ်ကလည်း အမျိုးသမီး ရာသီပန်းမလာလို့ ဆရာဝန်တွေဆီကို ပြခဲ့ရသေးတယ်လို့ ရှောင်က ပြောကြားပါတယ်။ အဲဒီမှာ ဆရာဝန်တွေက အမျိုးသမီးဆေးတွေ ပေးခဲ့ပြီးနောက် အပြင်ပန်းမှာ သိသာပေါ်လွင်တဲ့ အမျိုးသမီးအင်္ဂါက ရာသီပန်း ပွင့်ခဲ့ပါတယ်။ ခင်ပွန်းရရှိနေပြီဖြစ်တဲ့ ရှောင်ဟာ ကလေးမရတာကြောင့် ဆေးရုံသွားပြတဲ့အခါ သူ့ဟော်မုန်း ခရိုမိုဆုမ်းတွေဟာ ယောက်ျားလေးရဲ့ XY တွေဖြစ်နေပြီး အမျိုးသမီးအင်္ဂါရှိသလို အတွင်းမှာလည်း ဝှေးစေ့ရှိသူဖြစ်နေပါသတဲ့။
Credit:The Voice Myanmar Journal

ဆန်းသစ်သော အပြင်အဆင်များနှင့် တန်ဆာဆင်ထားသည့် စာအုပ်ဆိုင်

စာအုပ်အရောင်းဆိုင် တစ်ခုလုံးကို လှပဆန်းသစ်တဲ့ အပြင်အဆင်များနဲ့ ဒီဇိုင်းဆင်ထားသည့် စာအုပ်ဆိုင် ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ Guizhou ရှိ ထိုစာအုပ်ဆိုင်ကို လှိုဏ်ဂူသဖွယ် စာအုပ်များဖြင့် အပြည့် ဆင်ယင်ထားပြီး လာရောက်သူများအနေနဲ့ လှပဆန်းသစ်မှုနှင့် ခန့်ညားမှုကိုပါ တွေ့မြင်ကြရမှာပါ။ ဒီလိုဏ်ဂူပုံစံစာအုပ်ဆိုင်က ၂၄၇၅၆ စတုရန်းပေကျယ်ဝန်းပြီး စာအုပ်ပေါင်း ၁၀၀၀၀၀ ခန့်ကို ဆိုင်မှာတင်ထားပြီး ရောင်းချနေတာပါ။ သူရဲ့အပြင်အဆင်နဲ့ ဆွဲဆောင်မှုကြောင့် စာပေချစ်သူများအကြား နာမည်ကြီးလာတဲ့ ဆိုင်တစ်ဆိုင် ဖြစ်လာခဲ့ပါတယ်။

နာမည်ကြီးရုပ်ရှင်တွေမှာ ပရိသတ် မသိနိုင်တဲ့ နောက်ကွယ်က အကြောင်းအရာများ

တချို့ ရုပ်ရှင်ကြည့်သူတွေဟာ ရုပ်ရှင်ကြည့်ပြီးတာနဲ့ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အခြားအကြောင်းတွေကို မလေ့လာဖြစ်တော့ပါဘူး။ အချိန်မရှိတာ၊ စိတ်သိပ်မဝင်စားတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ဒါပေမယ့် ဒီတခါမှာတော့ သင်စိတ်ဝင်စားလောက်မယ့် ရုပ်ရှင်ဇာတ်ကားတွေရဲ့ နောက်ကွယ်က အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Pretty Woman

၁၉၉၀ ခုနှစ်များက ထွက်ရှိခဲ့တဲ့ “Pretty Woman” ရုပ်ရှင်ကားဟာ အချစ်ဇာတ်ကားတကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အလုပ်အမြဲရှုပ်နေတဲ့ သူဌေးတဦးဟာ ဟောလိဝုဒ်ကို ရောက်တဲ့အချိန်မှာ ပြည့်တန်ဆာ တယောက်နဲ့ တွေ့ရှိပြီး ချစ်ကြိုက်သွားတဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။
ပြည့်တန်ဆာနေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီး Julia Roberts ဟာ ရိုက်ကွင်းမှာ အဖော်အချွတ်အခန်းတွေကို ရိုက်ကူးဖို့ ငြင်းဆန်ခဲ့တဲ့ အတွက် ပရောဖက်ရှင်နယ် အကပညာရှင်တဦးဖြစ်တဲ့ Shelley ကို အစားထိုးသရုပ်ဆောင်စေခဲ့ပါတယ်။ ပိုစတာမှာ ပါဝင်တဲ့ ပုံမှာလည်း အကမယ်ရဲ့ ခန္ဓာကိုယ်မှာ မင်းသမီးရဲ့ မျက်နှာကို ဖိုတိုရှော့နဲ့ ထည့်သွင်းတာဖြစ်တယ်လို့ သိရပါတယ်။

စာတိုက်ကနေ ပို့ဖူးတဲ့ အထူးခြားဆုံးပစ္စည်း ၄ ခု

စာတိုက်ကနေ စာပို့တာတွေဟာ ယနေ့ခေတ်မှာ သိပ်ပြီး မတွင်ကျယ်တော့ပါဘူး။ ဒါပေမဲ့ ပစ္စည်းတွေ ပို့တဲ့ အခါမှာတော့ စာတိုက်ကို အသုံးပြုနေရဆဲပဲ ဖြစ်ပါတယ်။ ကမ္ဘာမှာလည်း စာတိုက်လုပ်ငန်းဟာ ပုံမှန်လည်ပတ်နေဆဲ ဖြစ်တဲ့ လုပ်ငန်းတခုဖြစ်နေပါတယ်။
ဒါကြောင့် ဒီတခါမှာ သာမန်ပစ္စည်းတွေ မဟုတ်ဘဲ စာတိုက်ကနေပို့ဖူးတဲ့ အထူးခြားဆုံးပစ္စည်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ရောဂါပိုး

နယူးရောက်ပို့စ်ရုံးရဲ့ အတည်ပြုပေးချက်အရ ၁၈၉၅ ခုနှစ်များမှာ ဆရာဝန်တွေဟာ စာတိုက်မှ တဆင့် လူတွေ နေထိုင်ရာအိမ်တွေကို ရောဂါပိုးပါတဲ့ ပုလင်းတွေကို စာတိုက်တွေမှ တဆင့် ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

(၂) လက်ဝတ်ရတနာ

၁၉၅၈ ခုနှစ်မှာ ဟယ်ရီဝင်းစတန် ဆိုတဲ့ အမျိုးသားဟာ သာမန်လူများရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမေရိကန်ဒေါ်လာ ၁မီလီယံတန်ကြေးရှိတဲ့ စိန်တုံးကို ကျောက်မျက်ရတနာပြတိုက်ကို လှူတန်းဖို့ စိတ်ကူးလိုက်ပါတယ်။ ဒါပေမဲ့ ပြတိုက်ဟာ သူ့ရဲ့ စိန်တုံးကို သယ်ယူပို့ဆောင်ဖို့ တာဝန်မယူရဲတာကြောင့် စာတိုက်မှ တဆင့်သာ စိန်တုံးကို ပြတိုက်ကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူထံမှသားအိမ်ဖြင့် အစားထိုးကုသပြီး မွေးဖွားခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ကလေးငယ်

ဘရာဇီးနိုင်ငံမှ အမျိုးသမီးတစ်ဦးဟာ သေဆုံးသူအလှူရှင်ထံမှ ရယူအစားထိုးခဲ့တဲ့ သားအိမ်အသုံးပြုပြီး ကျန်းမာတဲ့ မိန်းကလေးတစ်ဦးကို အောင်မြင်စွာ မွေးဖွားခဲ့ကြောင်းနဲ့ ထိုသို့မွေးဖွားမှုဟာ ကမ္ဘာမှာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှာ တွေ့ရသည့် မွေးကင်းစမိန်းကလေး

ယခင်က သားအိမ်အစားထိုးမှု ၃၉ ခု ပြုလုပ်ခဲ့ဖူးပြီး အဆိုပါ သားအိမ်အစားထိုး ကုသမှုခံယူခဲ့တဲ့ အမျိုးသမီးတွေက ကလေး ၁၁ ဦး မွေးဖွားခဲ့ပါတယ်။ သို့သော် ၎င်းတို့အားလုံးဟာ မိခင်တွေက သမီးတွေကို သားအိမ်လှူဒါန်းပေးမှု အပါအဝင် အသက်ရှင်လျက် အမျိုးသမီးများထံမှသာ သားအိမ်ကိုရယူခဲ့တာလည်း ဖြစ်ပါတယ်။

ဓားပေါင်း တစ်သိန်းဖြင့် ပြုလုပ်ထားသည့် ရုပ်တုကြီး

     ၂၀၁၈ ခု နိုဝင်ဘာ ၂၉ ရက်နေ့တွင် ဗြိတိန်နိုင်ငံ လီဗာပူးမြို့၌ အမြင့် ၂၇ ပေအထိ ရှိသည့် ရုပ်တုကြီးတစ်ခုကို ပြသခဲ့ပါသည်။ ထိုရုပ်တုကြီး၏ ထူးခြားမှုမှာ ရုပ်တုတစ်ခုလုံးကို ဓားသွားများဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။

     ထိုဓားများသည် ဗြိတိန်နိုင်ငံတလွှားမှ သိမ်းဆည်းရမိထားသော ဓားအမျိုးမျိုးပေါင်း တစ်သိန်းဖြင့် ပြုလုပ်ထားပါသည်။ နိုင်ငံအတွင်း၌ ဓားနှင့်တိုက်ခိုက်သည့် ပြစ်မှုတွေ များပြားလာခြင်းကို ပြသလိုသည့်အတွက် စိတ်ကူးပုံဖော် ဖန်တီးထားခြင်း ဖြစ်ပါသည်။

     ထိုရုပ်တုကြီးကို Knife Angel ဟုအမည် ပေးထားပါသည်။ ထည့်သွင်းထားသည့် ဓားများမှာ တောခုတ်ဓား၊ အမဲလိုက်ဓား စသည့် ဓားတို၊ ဓားရှည်များအပြင် မီးဖိုချောင်သုံး အိမ်သုံးဓားများပင် ပါဝင်နေပါသည်။ ဗြိတိန် ဒီဇိုင်နာ Alfie Bradley မှ အချိန် တစ်နှစ်လောက်ပေး၍ ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါသည်။

အာကာသယာဉ်မှူးတွေ ဆင်နွှဲကြတဲ့ ဟောလိုးဝင်းပွဲ


ကမ္ဘာပေါ်ကနေ လေထုအပြင်ဘက် မိုင်ပေါင်း ၂၅၀ ဝေးတဲ့နေရာမှာလည်း ဟောလိုးဝင်းပွဲကျင်းပကြပါတယ်။ နိုင်ငံတကာ အာကာသစခန်းမှာရှိနေတဲ့ အာကာသယာဉ်မှူးများဟာ ၁၄၇ ရက်တာ အာကာသထဲမှာ နေခဲ့ကြပြီးပါပြီ။ သူတို့ဟာ ဟောလိုးဝင်းပွဲကို အဲဒီအပေါ်မှာပဲ ကျင်းပကြဖို့အတွက် ဆုံးဖြတ်လိုက်ကြပုံရပါတယ်။ ဥရောပ အာကာသယာဉ်မှူးနဲ့ ဘူမိရူပဗေဒပညာရှင် အလက်ဇန်းဒါးဂတ်စ်ဟာ Darth Vader ပုံစံဝတ်စားခဲ့ပြီး အားလပ်ရက်မှာ မိတ်ဆွေများနဲ့အတူ ဖန်တီးထားတဲ့ပုံကို Twitter မှာ တင်ခဲ့ပါတယ်။ ရုရှားအာကာသယာဉ်မှူး  ဆာဂျီပရိုကိုယက်ဗ်က ဂီတဘိုးအေကြီး အဲဗစ်စ်ပရက်စလေပုံစံ ဝတ်စားထားခဲ့ပါတယ်။ အမေရိကန်အာကာသယာဉ်မှူး ဆရီနာကတော့ စိတ္တဇဆရာဝန်ပုံစံ ဝတ်ဆင်ထားကြပါတယ်။ အာကာသထဲမှာ ကြံဖန်ပျော်ရွှင်ရတာပေါ့နော်။
Credit:the voicemyanmar journal
Related Posts Plugin for WordPress, Blogger...