Friday, November 2, 2012

စပိန်နိုင်ငံမှ ကလေးခုန်ပွဲတော်


စပိန်နိုင်ငံ၊ မြောက်ပိုင်း Burgos မြို့ အနီးရှိ Castrillo de Murcia ရွာတွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော ရိုးရွားပွဲတော် တစ်ခု ရှိသည်။ ၎င်းမှာ ကလေးခုန်ပွဲတော် (Baby Jumping Festival) ဖြစ်ပြီး နှစ်စဉ် ဇွန်လတွင် ကျင်း
ပသော ပွဲတော် ဖြစ်ကြောင်း သိရသည်။

နဂါး ပုတ်သင်ညို


သြစတေးလျနိုင်ငံမှာ တွေ့မြင်ရတဲ့ ပုတ်သင်ညိုတစ်မျိုး ဖြစ်ပြီး သူ့ကို thorny dragon, Thorny Devil ဆိုပြီး အမျိုးမျိုးခေါ်ပါတယ်။
သူဟာ သာမန် ပုတ်သင်ညိုတွေနဲ့ မတူပဲ ဆူးတောင်တွေ ပါနေတာကို ယခုလို မြင်တွေ့ ရပါတယ်။ ဆူးတောင်ရဲ့ အဓိကလ
ုပ်ဆောင်ချက် က ရေဓာတ် များစုစည်းဖို့ ဖြစ်ပါတယ်။ သူတို့နေတဲ့ နေရာက လည်း ရေခြားတဲ့ နေရာ ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝ လေထု က ရေငွေ့တွေကို ခန္ဓာကိုယ်က ဆုပ်ယူပြီး ပါးစပ်ထဲသို့ ရောက်လာအောင် အဆင့်ဆင့် သယ်ဆောင်ပေးတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ဆူးတောင် လုပ်ဆောင်ချက်ထဲမှာ ရေသယ်တာလည်း ပါဝင်ပါတယ်။

နော်ဝေနိုင်ငံမှ ရေလယ်ခေါင်ရွာ


နော်ဝေနိုင်ငံ မြောက်ပိုင်း Troms ပြည်နယ်ရှိ Hosoy အမည်ရ ကျွန်းစု ငယ်လေး ဖြစ်ပါတယ်။ Senja ဆိပ်ကမ်းမြို့ ငယ်ထဲ ပါဝင်ပေမယ့် ပင်လယ် ခြားထားပါတယ်။ ပေ ၉၈၀ ရှည်နဲ့ တံတားနဲ့ ဆက်သွယ် ထားပါတယ်။
ကျွန်းရဲ့  အကျယ်အဝန်းကေ
တာ့ မီတာ ၁၀၀၀ အရှည်၊ မီတာ ၅၀၀ အကျယ် ရှိပါတယ်။ Hosoy အမည်ရရွာမှာ ၂၀၀၉ ခုနှစ် စစ်တမ်းအရ လူဦးရေ ၂၃၂ ဦးပဲ နေထိုင်ပါတယ်။ ယနေ့ဆိုရင် ၂၇၅ ကျော် ၃၀၀ ဝန်းကျင်အထိ ရှိတယ်လို့ ဆိုပါတယ်။ ၁၉၅၀ ခုနှစ်က စလို့ စတင်တည်ထောင်ထားတဲ့ ကျွန်းစုလေး ဖြစ်ပါတယ်။

တစ်နှစ်တွင် ဆောင်းရာသီ သုံးလအကြာတွင် နေရောင်မရသော မြို့ 


တစ်နှစ်မှာ သုံးလ (အတိအကျ ဆိုရင် ၈၄ရက်) တိတိ နေရောင်ခြည် လုံးဝ မရတဲ့ မြို့  ရှိပါတယ်။ အီတလီနိုင်ငံ အရှေ့ မြောက်ပိုင်း Verbano-Cusio-Ossola ပြည်နယ်ရှိ Vingnella အမည်ရ ကျေးလက်ငယ်လေး ဖြစ်ပါတယ်။
အဓိက နေရောင်မရတဲ့ အကြောင်းကတော့ တောင်တွေကြားမှာ တည်ရှိနေတဲ့ မြို့ ငယ်လေးမို့လို့ ဖြစ်ပါတယ်။ ဆောင်းရာသီဆိုရင် နေရောင် မရတော့ပါဘူး။ လူဦးရေအားဖြင့်လည်း ၂၀၀ ကျော်သာ နေထိုင်ပါ တယ်။

Thursday, November 1, 2012

ကွန်ဒုံးများ အသုံးပြုပြီး ရေနံပိုက်လိုင်းမှ ရေနံများခိုးယူ


ရုရှားနိုင်ငံ အိုင်ဂိုဒိုမင်အမည်ရှိ ရေနံကုမ္ပဏီမှ ဥရောပတစ်လွှားတွင် တင်သွင်းလျက်ရှိသည့် ကမ္ဘာ့အကြီးဆုံး ရေနံပိုက်လိုင်းတစ်ခုဖြစ်သော ခရူဇက်ကာခေါ် မိတ်ဆွေအမည်ရှိ ရေနံပိုက်လိုင်းသည် ဆလိုဗက်ကီးယားနှင့် ချက်သမ္မတ နိုင်ငံတို့အကြားတွင် မကြာခင်က ကြံကြံဖန်ဖန် ကွန်ဒုံးများကို အသုံးပြုကာ ရေနံများ ဖောက်ထွင်းခိုးယူခြင်း ခံခဲ့ရသည်ကို စစ်ဆေးတွေ့ရှိရကြောင်း အိုင်ဂိုဒိုမင် ရေနံကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ၂၄ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ ပေ၃၀၀မြင့် တောင်တက်လှေကား



တရုတ်နိုင်ငံ ကီနန်းခရိုင် ရင်ကျိုးမြို့ရှိ တိုင်ဟန်းတောင်တန်းများပေါ်သို့ ကမ္ဘာလှည့်ခရီးသည်များ သွားလာရာ၌ အဆင်ပြေစေရန်နှင့် ခရီးသည်များအား ဆွဲဆောင်မှုအဖြစ် တောင်ခြေမှ တောင်ထိပ်တစ်လျှောက် ပေ၃၀၀အမြင့် အစိတ်အပိုင်းတစ်ခုတွင် ကြောင် လိမ်လှေကားသဏ္ဍာန် မြင့်မားလှသည့် လှေကားတစ်ခုအပိုင်းတစ်ခု တည်ဆောက်ခဲ့ပြီးဖြစ်သည်။ တရုတ်ကမ္ဘာလှည့်ခရီးသည် သွားလာမှုနှင့် သက်ဆိုင်သူအစိုးရ တာဝန်ရှိသူများက ထိုလှေကားကြီးမှာ ခရီးသွားများအား တောင်တက်ခြင်း၏ ရသတစ်ခုကို ပေးစွမ်းနိုင်မည်ဟု ယုံကြည်လျက်ရှိသည်။ တောင်တက်လိုသူများနှင့် သဘာဝအလှကို ခံစားလိုသူများအား ကျန်းမာရေးနှင့်အတူ ဘေးကင်းလုံခြုံနိုင်သော ထိုလှေကားကြီးမှာ တိုင်ဟန်းတောင်တန်းတစ်လျှောက်၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်သည်။ တိုင်ဟန်းတောင်တန်း တစ်လျှောက်၏တောင်ထွတ်များ၏ ပျမ်းမျှအမြင့်မှာ ပေ၅၀၀၀မှ ၆၀၀၀ခန့်အထိ ရှိသောကြောင့်ဖြစ်သည်။
ref: ပြည်မြန်မာ

သခင်သေဆုံးသောကြောင့် အသည်းကွဲ သေဆုံးရသောခွေးငယ်


အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက်၂၆နှစ်အရွယ်စစ်သား လီယန်တက်စတာမှာ ပြီးခဲ့သည့်မတ်လက တာလီဘန်တို့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြီးနောက်ပိုင်းတွင် သူ၏ ၂၂လသားအရွယ် ခွေးငယ်လေး သီအိုမှာ တဖြည်းဖြည်းနှလုံးကွဲ၍ သေဆုံးခဲ့ရသည်။ ခွေးငယ်လေးသီအိုနှင့် သခင်လီယန်တို့မှာ ငါးလအတွင်း မြှုပ်နှံထားသော ဗုံး၁၄လုံးအား အတူတကွ ရှာဖွေနိုင်ခဲ့ခြင်းကြောင့် သက်ဆိုင်ရာတို့မှ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်းခံခဲ့ရသည်။ သခင်လီယန်မှာ ပြီးခဲ့သည့်နှစ်က MBEဘွဲ့ရရှိထားပြီး သူ၏ခွေးငယ်ကလေးမှာလည်း ၀ိတိုရိယကြက်ခြေဆုနှင့် ညီမျှသော တိရစ္ဆာန်ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခြင်းခံထားရသည်။ သခင်သေဆုံးပြီး နောက်ပိုင်းတွင် တဖြည်းဖြည်း အစားအစာစားသောက်မှု နည်းပါးလာကာ အင်အားခိျု့တဲ့၍ သေဆုံးခဲ့ရသော ခွေးငယ်လေးကြောင့် လီယန်၏ အသက်၅၃နှစ်အရွယ် မိခင်မှာ လီယန်တို့အတွက် ဂုဏ်ယူဝမ်းမြောက်မိသော်လည်း ယခုအခါမိသားစုဝင် နောက်တစ်ယောက် လျော့သွားသကဲ့သို့ ခံစားရသည်ဟု ပြောဆိုခဲ့သည်။
ref: ပြည်မြန်မာ
Related Posts Plugin for WordPress, Blogger...