Monday, November 19, 2012
အမှတ်တမဲ့အလွဲများ(၁၇)
သမီးကိုလဲ မမ နန်းခင်ဇေယျာလို vote ပေးအုံးနော်...
လူ၂၀၀၀ကျော်က ဘောလုံး၂၀၀၀ကျော်ကို တစ်ပြိုင်တည်းထိန်းကစားပြ
အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်တွင် လူငယ်၂၁၄၉ဦးက ဘောလုံး၂၁၄၉လုံးကို တစ်ပြိုင်တည်းမှာ ခြေဖျားနှင့်ခြေဖမိုးများသုံးပြီး အသာအယာထိန်း ကစားပြခဲ့သည်။ ယင်းသို့ ဘောလုံးကိုထိန်း ကစားနေချိန်မှာ I Believe in Me ဆိုသည့်သီချင်းကို သီဆိုခဲ့ကြသည်။ ယင်းပွဲတော်ကို ပျော်ရွှင်စွာနွှဲပျော်ရန် ဦးဆောင်စီစဉ်ခဲ့သူမှာ အများအကျိုးမမျှော်ကိုးသည့် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေသော လူးဝစ်ပင်ဖြစ်သည်။ လူးဝစ်က America Scoresဆိုသည့် NGOတစ်ခုကို ဦးဆောင်တည်ထောင်ပြီး လူငယ်များကို စည်းရုံးဦးဆောင်နေသူလည်းဖြစ်သည်။ ယခုအခါ လူးဝစ်၏စိတ်ကူးဆန်းက ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်းမှာ စံချိန်တင်သွားသည်အထိ ချီးကျူးဂုဏ်ပြုခံရပြီဖြစ်သည်။
ref: ပြည်မြန်မာ 
Sunday, November 18, 2012
တစ်မူထူးခြား သစ်ပင်ပေါ်မှအိမ်ကလေးများ
သစ်ပင်ပေါ်မှာ သူများနှင့်မတူ နေချင်သူတွေအတွက် ထူးခြားလှပ ပြီး နေချင်စဖွယ်အိမ်လေး
တွေကိုမိတ်ဆက်ပေးလိုက်ပါတယ်။
Beach Rock Tree House
ဂျပန်နိုင်ငံ ၊ အိုကီနာဝါကျွန်းပေါ်မှာတည်ရှိတာပါ။
Friday, November 16, 2012
စာရွက်နှင့်ဖန်တီးထားသော 3D ပုံလေးများ
အရင် စာရွက်နှင့်ဖန်တီးထားသော ပုံလေးများ၏အဆက်ပါ...
စိတ်ကူးကောင်းကောင်း နှင့် လက်ဝင်လှသော ဖန်တီးမှုများပါ။
13_on-the-other-side-ii-2
ဒေါ်လာတစ်သန်းတန် အိမ်ကြီးကိုဝယ်ပြီးမှ အိမ်အောက်တွင် ဧရာမကြွက်တွင်းကြီးတွေ့ ရှိ
ကနေဒါနိုင်ငံအလယ်ပိုင်း မာနီတိုဘာပြည်နယ ၀န်နီပက်မြို့တွင် အမျိုးသမီးတစ်ဦးသည် ဒေါ်လာတစ်သန်းတန် အိမ်တစ်လုံးကို ၀ယ်ယူပြီးသောအခါမှ ၎င်းဝယ်ယူခဲ့သည့်အိမ်သည် စတုရန်းပေ၅၀၀၀ အကျယ်ရှိ ကြွက်တွင်းတစ်တွင်း၏ နှုတ်ခမ်းဝပေါ်တွင် တည်ဆောက်ထားသည်ကို တွေ့ရှိရ၍ အိမ်ပိုင်ရှင်ဟောင်းကို တရားစွဲဆိုခဲ့သည်။
လူသေအလောင်းကို Holloweenအရုပ်ထင်
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်ပြည်နယ် မရီနာဒဲလ်ရေးဒေသရှိ အိမ်ရှေ့လေသာဆောင်တွင် သေဆုံးနေသည့် အလောင်းတစ်လောင်းကို အိမ်နီးနားချင်းများက Holloweenတစ္ဆေပွဲတော် အရုပ်ထင်၍ တစ်ပတ်ကျော်မှ လူသေမှန်းသိပြီး အာဏာပိုင်များက ဖယ်ရှားရှင်းလင်းခဲ့ရသည်။အသက်၇၀အရွယ်ရှိ မွန်စတာဖာမာမွတ်ဆိုသူသည် ခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်း ဖြစ်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းပြောကြားခဲ့သည်။ လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့က အိမ်နီးနားချင်းများအား စုံစမ်းမေးမြန်းမှုများပြုလုပ်ခဲ့ရာ အိမ်နီးနားချင်းများက လူသေအလောင်းကို တွေ့ရှိရသော်လည်း လူသေအရုပ်ထင်၍ အာဏာပိုင်များကို အကြောင်းကြားခြင်း တစ်စုံတစ်ရာ မပြုလုပ်ခဲ့ကြောင်း ဖြေကြားခဲ့သည်။
ref: ပြည်မြန်မာ
အမေရိကန်နိုင်ငံ၏ ပထမဆုံး မိန်းမလျာလွှတ်တော်အမတ်
အမေရိကန်နိုင်ငံ၏ သမိုင်းစာမျက်နှာအသစ်ကို ဖွင့်လှစ်လိုက်သည့် အနေဖြင့်ဝီကိုဇင်ပြည်နယ်ရှိ မဲထည့်သူများက မိန်းမလျာတစ်ဦးဖြစ်သူ တန်မီဘော်ဒွင်ဆိုသူကို အမေရိကန်လွှတ်တော်၏ ပထဆုံးမိန်းမလျာ နိုင်ငံရေးသမားအဖြစ် မဲထည့်ရွေးချယ် ခန့်အပ်လိုက်သည် ဟုသိရသည်။အသက်၅၀အရွယ်ရှိ ဘော်ဒွင်သည် ဒီမိုကရက်တစ်ပါတီ၏ သက်တမ်း ခုနစ်ဆက်မြောက် လွှတ်တော်အမတ်ဖြစ်ပြီး ၀ီကိုဇင်ပြည်နယ်၏ လေးနှစ်သက်တမ်းရှိ ဆန်ဟာ့ပ်ကောလ်ဆိုသူ အုပ်ချုပ်ရေးမှူးကိုအနိုင်ယူပြီး အဆိုပါပြည်နယ်၏ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံရခြင်းဖြစ်သည်။ ၎င်းသည်လွန်ခဲ့သည့် ခြောက်နှစ်ကျော်က လိင်တူလက်ထပ်ခြင်းကို လုံးဝပိတ်ပင်သည့် ဥပဒေကို ချမှတ်ခဲ့သည့် ၀ီကိုဇင်ပြည်နယ်၌ပင် လူထုထောက်ခံမဲ ၅၁ရာခိုင်နှုန်းဖြင့် အပြတ်အသတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ref: ပြည်မြန်မာ
Related Posts Plugin for WordPress, Blogger...