နေခရမ်း....
|
Sunday, December 2, 2012
ကမ္ဘာ့ရှားပါး မြန်မာ့အင်းကျား
Cloud Leopard လို့ခေါ်တဲ့ မြန်မာ့အင်းကျားများကို ကမ္ဘာ့ ရှားပါး သတ္တဝါ မျိုးစိတ်အဖြစ် ၂၀၀၈ ခုနှစ်က စတင်သတ်မှတ်ခဲ့ပါတယ်။
အင်းကျားဟာ အရှေ့တောင်အာရှမှာ နေထိုင်ကျက် စားတဲ့ ကြောင်မျိုး စိတ် တစ်ခု ဖြစ်ပြီး စုစုပေါင်း အကောင်ရေ ၁၀၀၀၀၀ (၁သိန်း) မရှိတော့ တဲ့ တောကြောင်တစ်မျိုး ဖြစ်ပါတယ်။
Saturday, December 1, 2012
ခဲတံဖြင့်ဆွဲထားသောပုံတူပန်းချီများ
Randy Attwood ဆိုသည့် အမေရိကန်ပုံဆွဲဆရာသည် ကျော်ကြားသော
ရုပ်ရှင်သရုပ်ဆောင်နှင့် ဂီတပညာရှင်များကို ခဲတံတစ်မျိုးတည်းသာ အခြေခံ
ပြီးဆွဲထားတဲ့ပုံတူ ပန်းချီများပါ။ပီပြင်တဲ့ဆွဲဟန်လေးများကို တင်ပြပေးလိုက်ပါတယ်။
အိန္ဒိယ ဆာဒူကြီးက ၃၉ နှစ်လုံးလုံး လက်တစ်ဖက်မြောက်ပြီး နေထိုင်
သာမန် လူတစ်ယောက် လက်တစ်ဖက်ကို လေပေါ်မြောက်တဲ့အခါ ၁ မိနစ်လောက်ဆိုရင် အတော်ညောင်းပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ Amar Bharati အမည်ရ အိန္ဒိယ ဆာဒူးကြီးကတော့ ၁၉၇၃ ခုနှစ်က စလို့ ယနေ့တိုင် လက်မြောက်ထားသူ ဖြစ်ပါတယ်။
ညာဘက်လက်ကို မြောက်ထားခြင်း ဖြစ်ပြီး အိပ်လည်း လက်ကိုမြောက်ထား ပါတယ်။
ထိုင်လည်း မြောက်၊ ထလည်းမြောက်၊ လမ်းလျှောက် လည်း မြောက်နဲ့ သူ့ရဲ
့ပြောဆိုချက်အရတော့ နှစ်ပေါင်း ၄၀ နီးပါးလုံး လက်ကို လုံးဝ မချဘူးဆိုပါတယ်။
ဝေယျာဝစ္စ ပြုလုပ်တာက အစ ဘယ်ဘက် လက်တစ်ဖက်နဲ့ ရအောင် လုပ်တယ်ဆိုပါတယ်။
သူပြောတာ ကိုလည်း လေ့လာသူများက လက်ခံခဲ့ပါတယ်။
ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်

ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်လို့ အသတ်ခံထားရတဲ့ အပင်ကတော့ Manchineel အမည်ရ သစ်ပင်ပဲ ဖြစ်ပါတယ်။
၁၅ မီတာအထိ ရှည်နိုင်တဲ့ အပင်မျိုး ဖြစ်ပြီး အမေရိကန်နိုင်ငံ အရှေ့ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ အတွေ့များပါတယ်။ ပင်လယ် ကမ်းခြေတွေမှာ ပေါက်တတ်ပြီး ရေတိုက်စားခြင်းကို အဓိက ကာကွယ်ပေး တဲ့ အပင်များ လည်း ဖြစ်ပါတယ်။ အဆိပ်ကလည်း တော်တော်ပြင်းပါတယ်။
ကမ္ဘာ့အကြီးဆုံး ဘီယာခွက်

ဒီဘီယာခွက်မှာ ဘီယာ လီတာပေါင်း ၁၄၉၉ လီတာ ဆံ့ပါတယ်။ ခွက်ရဲ့  အမြင့်ကတော့ ၇ ပေ ၁၁ လက်မရှိပြီး အကျယ်ကတော့ ၃ ပေ ၇ လက်မ အထိ အချင်းအကျယ် ရှိပါတယ်။
၂၀၀၉ ခုနှစ် နိုဝင်ဘာလက ဂင်းနစ်စံချိန်တင်ခဲ့တဲ့ ဘီယာခွက် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ဖြစ်ပါတယ်။
........................................နေခရမ်း............................
ကျောက်တောင်စွန်းမှခေါင်းတလားများ (Video)
ကျောက်တောင်စွန်းမှခေါင်းတလားများ (Video)ဖိုင်းလေးပါ။
.........................နေခရမ်း......................................
.........................နေခရမ်း......................................
ကျောက်တောင်စွန်းမှ ခေါင်းတလားများ
လူသေထည့်သောခေါင်းတလားများကို မြေတွင်မမြှုပ်ပဲ ကျောက်တောင်
ကမ်းပါးတစ်လျှောက် အစီအရီချိတ်ဆွဲထားသည့် ဓလေ့များကို
ဖိလစ်ပိုင်နိုင်ငံ ၊ Sagada လှိုဏ်ဂူများ ၊ ကျောက်တောင်စွန်းများတည်ရှိရာ
အရပ်တွင်တွေ့မြင်နိုင်ပါသည်။
Subscribe to:
Posts (Atom)