Monday, December 3, 2012
ကမ္ဘာ့ အမြင့်ဆုံးတံတားကြီးများ
ကမ္ဘာ့ အမြင့်ဆုံးတံတားကြီးများကို တင်ပြပါမယ်။အရင်ကလဲ ကမ္ဘာ့အမြင့်ဆုံးတံတားကြီး
ဆိုပြီးတင်ဆက်ထားပေးဖူးပါတယ်။ပြီးတော့ အခြား
ထူးခြားလှပသော တံတားများကိုတင်ပြပေးဖူးပါတယ်။အဲဒီထဲမှာပါတာတွေရော
မပါတာတွေကိုပါ ကမ္ဘာ့ အမြင့်ဆုံးတံတားကြီး(၁၀)စင်းကို အစဉ်လိုက်စုစည်းတင်ပြထားပါသည်....
1. Millau Viaduct Bridge
ပြင်သစ်နိုင်ငံမှာပါ။ဒီအကြောင်းကိုသီးခြားပိုစ့်တင်ပေးထားဖူးပါတယ်။
Sunday, December 2, 2012
ကမ္ဘာ့ရှားပါး မြန်မာ့အင်းကျား
Photo: ကမ္ဘာ့ရှားပါး မြန်မာ့အင်းကျား
Sunday, 02 December 2012
Cloud Leopard လို့ခေါ်တဲ့ မြန်မာ့အင်းကျားများကို ကမ္ဘာ့ ရှားပါး သတ္တဝါ မျိုးစိတ်အဖြစ် ၂၀၀၈ ခုနှစ်က စတင်သတ်မှတ်ခဲ့ပါတယ်။
အင်းကျားဟာ အရှေ့ တောင်အာရှမှာ နေထိုင်ကျက်စားတဲ့ ကြောင်မျိုးစိတ် တစ်ခု ဖြစ်ပြီး စုစုပေါင်း အကောင်ရေ ၁၀၀၀၀၀ (၁သိန်း) မရှိတော့ တဲ့ တောကြောင်တစ်မျိုး ဖြစ်ပါတယ်။ ဟိမဝန္တာ တောတောင်မှာ အနေများ တဲ့အတွက် မြန်မာပြည်ရယ်လို့ မဟုတ်ပါဘူး။ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်၊ တရုတ်၊ မလေးရှား၊ လာအို စတဲ့ နိုင်ငံများရှိ တောတွေထဲမှာ လည်း နေထိုင် ကျက်စားပါတယ်။ စိမ်းလန်းနေတဲ့ သစ်တောများမှာသာ နေပါတယ်။
အရွယ်ကလည်း သိပ်မကြီးပါဘူး။ အမဆိုရင် ၂၇ လက်မ မှ ၃၂ လက်မ၊ အထီးဆိုရင် ၂၉ လက်မမှ ၃၆ လက်မ အထိ အမြီးမှ ခေါင်း အရှည်ရှိ ပါတယ်။ အမြင့်ကတော့ ၁၆ လက်မ အထိ ရှိနိုင်ပါတယ်။ အလေးချိန် ကတော့ ၂၅ ပေါင်ကနေ ၅၁ ပေါင်အထိ ရှိပါတယ်။ အပြင်ပန်း အသွင်သဏ္ဍန် ကလည်း ပုံမှာ မြင်တွေ့ရတဲ့အတိုင်း စပါးကြီးမြွေများလို အနက်ရောင် အကွက်နဲ့ အသားရောင် ရောနေပါတယ်။
ရန်ကုန်၊ နေပြည်တော်၊ မန္တလေး တိရစ္ဆာန်ဥယျာဉ်များမှာလည်း အင်းကျား များ မွေးမြူပြသ ထားပါတယ်။ မြန်မာပြည်တင်မကပဲ အရှေ့ တောင်အာရှ မှာသာ ရှိတဲ့ အင်းကျားများဟာ တစ်နှစ်ထက် တစ်နှစ် အရေ အတွက် လျော့နည်းလာကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar
Cloud Leopard လို့ခေါ်တဲ့ မြန်မာ့အင်းကျားများကို ကမ္ဘာ့ ရှားပါး သတ္တဝါ မျိုးစိတ်အဖြစ် ၂၀၀၈ ခုနှစ်က စတင်သတ်မှတ်ခဲ့ပါတယ်။
အင်းကျားဟာ အရှေ့တောင်အာရှမှာ နေထိုင်ကျက် စားတဲ့ ကြောင်မျိုး စိတ် တစ်ခု ဖြစ်ပြီး စုစုပေါင်း အကောင်ရေ ၁၀၀၀၀၀ (၁သိန်း) မရှိတော့ တဲ့ တောကြောင်တစ်မျိုး ဖြစ်ပါတယ်။
Saturday, December 1, 2012
ခဲတံဖြင့်ဆွဲထားသောပုံတူပန်းချီများ
Randy Attwood ဆိုသည့် အမေရိကန်ပုံဆွဲဆရာသည် ကျော်ကြားသော
ရုပ်ရှင်သရုပ်ဆောင်နှင့် ဂီတပညာရှင်များကို ခဲတံတစ်မျိုးတည်းသာ အခြေခံ
ပြီးဆွဲထားတဲ့ပုံတူ ပန်းချီများပါ။ပီပြင်တဲ့ဆွဲဟန်လေးများကို တင်ပြပေးလိုက်ပါတယ်။
အိန္ဒိယ ဆာဒူကြီးက ၃၉ နှစ်လုံးလုံး လက်တစ်ဖက်မြောက်ပြီး နေထိုင်
သာမန် လူတစ်ယောက် လက်တစ်ဖက်ကို လေပေါ်မြောက်တဲ့အခါ ၁ မိနစ်လောက်ဆိုရင် အတော်ညောင်းပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ Amar Bharati အမည်ရ အိန္ဒိယ ဆာဒူးကြီးကတော့ ၁၉၇၃ ခုနှစ်က စလို့ ယနေ့တိုင် လက်မြောက်ထားသူ ဖြစ်ပါတယ်။
ညာဘက်လက်ကို မြောက်ထားခြင်း ဖြစ်ပြီး အိပ်လည်း လက်ကိုမြောက်ထား ပါတယ်။ ထိုင်လည်း မြောက်၊ ထလည်းမြောက်၊ လမ်းလျှောက် လည်း မြောက်နဲ့ သူ့ရဲ့ ပြောဆိုချက်အရတော့ နှစ်ပေါင်း ၄၀ နီးပါးလုံး လက်ကို လုံးဝ မချဘူးဆိုပါတယ်။ ဝေယျာဝစ္စ ပြုလုပ်တာက အစ ဘယ်ဘက် လက်တစ်ဖက်နဲ့ ရအောင် လုပ်တယ်ဆိုပါတယ်။ သူပြောတာ ကိုလည်း လေ့လာသူများက လက်ခံခဲ့ပါတယ်။
ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်
ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်လို့ အသတ်ခံထားရတဲ့ အပင်ကတော့ Manchineel အမည်ရ သစ်ပင်ပဲ ဖြစ်ပါတယ်။
၁၅ မီတာအထိ ရှည်နိုင်တဲ့ အပင်မျိုး ဖြစ်ပြီး အမေရိကန်နိုင်ငံ အရှေ့ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ အတွေ့များပါတယ်။ ပင်လယ် ကမ်းခြေတွေမှာ ပေါက်တတ်ပြီး ရေတိုက်စားခြင်းကို အဓိက ကာကွယ်ပေး တဲ့ အပင်များ လည်း ဖြစ်ပါတယ်။ အဆိပ်ကလည်း တော်တော်ပြင်းပါတယ်။
ကမ္ဘာ့အကြီးဆုံး ဘီယာခွက်
ဒီဘီယာခွက်မှာ ဘီယာ လီတာပေါင်း ၁၄၉၉ လီတာ ဆံ့ပါတယ်။ ခွက်ရဲ့  အမြင့်ကတော့ ၇ ပေ ၁၁ လက်မရှိပြီး အကျယ်ကတော့ ၃ ပေ ၇ လက်မ အထိ အချင်းအကျယ် ရှိပါတယ်။ 
၂၀၀၉ ခုနှစ် နိုဝင်ဘာလက ဂင်းနစ်စံချိန်တင်ခဲ့တဲ့ ဘီယာခွက် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ဖြစ်ပါတယ်။  
........................................နေခရမ်း............................
ကျောက်တောင်စွန်းမှခေါင်းတလားများ (Video)
ကျောက်တောင်စွန်းမှခေါင်းတလားများ (Video)ဖိုင်းလေးပါ။
.........................နေခရမ်း......................................
Related Posts Plugin for WordPress, Blogger...