Saturday, December 22, 2012

အံ့သြဖွယ်ရာအသက် ၂၅၆ နှစ်နေခဲ့သော Li Ching-yun


တရုတ်ပြည် Szechwan ပြည်နယ်မှာ Li Ching-yun ဆိုသူဟာ အံ့သြဖွယ်ရာ နှစ်ပေါင်း ရာကျော်နေ ခဲ့သူဖြစ်ပါတယ် ။ တရုတ်ပြည်မှာ အသက်အရွယ်အပိုင်းအခြားအရ သူဟာ တကယ့်ကို မယုံနိုင်ဖွယ်ရာ ဖြစ်ခဲ့ တယ် ။ သူ့ရဲ့ ကိုယ်ပိုင် story အရတော့ ၁၇၃၆ မှာမွေးဖွားခဲ့ပြီး ၁၉၇ နှစ်နေထိုင်ခဲ့တယ်လို့သိရပါတယ် ။

ဟိန္ဒူလူမျိုးတွေရဲ့ ရှေးကျသောရိုးရာဓလေ့နှင့်မိုးရွာသွန်းစေမှု


ကမ္ဘာပေါ်မှာ လူရယ်လို့ဖြစ်လာကတည်းက ကိုးကွယ်ယုံကြည် ဆည်းကပ်မှုတွေနဲ့ တွေ့ဆုံရပါတယ် ။ အဲဒီလို တွေ့ဆုံ တဲ့အခါမှာ ကိုယ်သန်ရာသန်ရာ ယုံကြည်ရာယုံကြည်ရာ ရိုးရာဓလေ့ အစွဲအလမ်းတွေလည်း ဖြစ်ပေါ် လို့လာပါတယ် ။ ရှေးကျေးလက်အညာဒေသတွေမှာလည်း မိုးရွာသွန်းစေအောင် မိုးခေါ်တာတို့ ၊ လွန် ဆွဲပြိုင် ပွဲကျင်းပတို့ဆိုတာ ဟိုးယခင်ကတည်းက ဖြစ်ပေါ်တည်ရှိနေတာဖြစ်ပါတယ် ။

အမှတ်တမဲ့အလွဲများ(၂၀)

အမှတ်တမဲ့အလွဲများ(၂၀) အထိရောက်လာပါပြီ။
ဆက်လက်အားပေးကြပါအုံးနော်...
 သေပါပြီဗျ... 
 

ထူးဆန်းတဲ့အဆောက်အုံများ

1. The Crooked House
ဒီအိမ်က ပိုလန်နိုင်ငံမှာ ရှိတာပါ။ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီက စတင် တည်ဆောက်ခဲ့ပြီး ၂၀၀၃ ခုနှစ် ဒီဇင်ဘာလမှာ ပြီးစီးခဲ့ပါတယ်။
……………………………………………………..

လွန်ခဲ့သည့် နှစ်ပေါင်း ၁၂ဝဝ ခန့်က အသက် ရှင်ခဲ့သည့် အမျိုးသမီး ယဇ်ပုရောဟိတ် တစ်ဦး၏ မျက်နှာ သိပံ္ပပညာ ရှင်များ ပြန်လည်ပုံဖော်

လီမာ ဒီဇင်ဘာ ၁၆
ယူတာဗယ်လီ တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် ပီရူး နိုင်ငံအား လွန်ခဲ့သည့် နှစ်ပေါင်း ၁၂ဝဝ ခန့်က အုပ်စိုးခဲ့သည့် အမျိုးသမီး ယဇ်ပုရောဟိတ် တစ်ဦး၏ မျက်နှာအား  ပြန်လည် ပုံဖော်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်၌ ဖော်ပြခဲ့သည်။
သုတေသန ပညာရှင် များသည် အဆိုပါ မျက်နှာ ပြန်လည် ပုံဖော်မှုအား ပီရူး နိုင်ငံ လမ္ဘရီကြီး မြို့ရှိ ဘရန်နင်း ပြတိုက်၌ လက်တွေ့ လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပုရောဟိတ် အမျိုးသမီးသည် အေဒီ ၁၂ဝဝ ဝန်းကျင်ခန့်က ပီရူး နိုင်ငံ၌ သြဇာ အရှိဆုံး အမျိုးသမီး တစ်ဦး ဖြစ်ခဲ့ဖွယ် ရှိကြောင်း၊ ဘာသာရေးနှင့် နိုင်ငံရေး တွင်လည်း အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့ဖွယ် ရှိကြောင်း သုတေသန ပညာရှင် တစ်ဦးဖြစ်သူ ဟအဂန် ကလပ်စ်က ပြောကြားခဲ့ သည်။

ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသား ဖြစ်လာသည့် ဂျပန်နိုင်ငံမှ အဘိုးအို


တိုကျို  ဒီဇင်ဘာ  ၁၈
အမေရိကန် နိုင်ငံမှ ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီးကြီးသည် ဒီဇင်ဘာ ၁၇ ရက်က ကွယ်လွန် ခဲ့ပြီးနောက် ယခုအခါ ဂျပန်နိုင်ငံမှ ဂျီရိုအီမွန်ကီမူရာ အမည်ရှိ အသက် ၁၁၅ နှစ် အရွယ် အမျိုးသားကြီးသည် ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသား ဖြစ်လာခဲ့ ကြောင်း သိရသည်။

အလူမီနီယံ စည်သွတ်ဘူးများ အသုံးပြုပြီး တည်ဆောက်ထားသည့် အဘူဒါဘီ ခံတပ်ပုံတူ


လွန်ခဲ့သည့် နှစ်ပေါင်း၂၀၀က ထင်ပေါ်ကျော်ကြားခဲ့သည့် သမိုင်းဝင် အဘူဒါဘီခံတပ်ကြီးကို အလူမီနီယံ စည်သွတ်ဘူးပေါင်း ၄၆၅၅၆ဘူးဖြင့် ဖန်တီးပြနိုင်သောကြောင့် ဂင်းနက်စ်ကမ္ဘာ့ မှတ်တမ်းတွင် စံချိန်တင်ခဲ့သည်။ အာရပ်စော်ဘွားများ ပြည်ထောင်စု အဘူဒါဘီမှ ကျောင်းသားလေးများက အဆိုပါခံတပ်ပုံတူကို ဖန်တီးရန် ခြောက်ရက်ကြာမျှ အချိန်ယူခဲ့ရသည်။ အဆိုပါ ခံတပ်ပုံတူကိုဖန်တီးရန် အလူမီနီယံသတ္တုကို အသုံးပြုရသည့် အကြောင်းအရင်းမှာ အဆိုပါသတ္တုသည် အာရပ်စော်ဘွားများ ပြည်ထောင်စု စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် ဖြစ်သည်ဟုဆိုသည်။
 ref: ပြည်မြန်မာ 
Related Posts Plugin for WordPress, Blogger...