Sunday, January 6, 2013

ကမ္ဘာပေါ်မှ အထူးခြားဆုံး စေတီပုထိုး ဘုရားများ (ရွှေတိဂုံပါဝင်)

Tiger’s Nest Monastery


Tiger's Nest Monastery temple (1)
Tiger's Nest Monastery temple (2)
Paro တောင်ကြားမှာရှိတဲ့ ပေ ၃၀၀၀ မြင့်တဲ့ ကမ်းပါစောက်အစွန်းပေါ်မှာ တည်ရှိတဲ့ Tiger’s nest monasteryက Bhutan မှာ အမြင့်မြတ်ဆုံးနေရာတွေထဲကတစ်ခု

Saturday, January 5, 2013

စင်ကာပူ နိုင်ငံရှိ Audi ကားအရောင်း ပြခန်း အဆောက်အအုံ ကမ္ဘာပေါ်တွင် အမြင့်ဆုံးကား အရောင်းပြခန်း ဖြစ်လာ


စင်ကာပူ ဇန်နဝါရီ ၃
စင်ကာပူ နိုင်ငံရှိ Audi ကားအရောင်း ပြခန်း အဆောက်အအုံသည် ကမ္ဘာပေါ်ရှိ ကားအရောင်း ပြခန်း အဆောက်အအုံ များတွင် အမြင့်ဆုံး အဆောက်အအုံတစ်ခု ဖြစ်လာကြောင်း သိရသည်။
အဆိုပါ Audi ကားအရောင်း ပြခန်းသည် စင်ကာပူ နိုင်ငံအမှတ် (၂၈၁) အလက်ဇန်းဒါး လမ်းမပေါ်တွင် တည်ရှိပြီး မြေအောက် ထပ်သုံးထပ် အပါအဝင် စုစုပေါင်း အထပ်ရှစ်ထပ် ပါရှိသည်။ ၄င်းအဆောက် အအုံကို Premium မော်တော်ကား ကုမ္ပဏီမှ  အမေရိကန် ဒေါ်လာ သန်း  ၇ဝ အကုန် အကျခံ တည်ဆောက်ထားခြင်း ဖြစ်သည်။

Friday, January 4, 2013

UFO ဆိုတာ

 
ဒီတစ်ခါ အကြောင်းအရာကတော့ သိပ္ပံပညာရှင်တော်တော်များများ ကိုယ်တိုင်ကိုက
အဓိပ္ပါယ်တိတိကျကျသတ်မှတ်ပြီး လေ့လာဖို့ခက်ခဲနေတယ့် UFO
အကြောင်းပဲဖြစ်ပါတယ်။ UFO လို့ဆိုလိုက်တာတဲ့ အားလုံးရဲ့မျက်စိထဲမှာ
ပန်းကန်ပြားပျံကြီးတွေကို မြင်ယောင်မိကြပါလိမ့်မယ်။
ဒါပေမယ့်မြင်ယောင်လာတဲ့အရာတွေဟာ ကိုယ်တိုင်တွေ့မြင်တဲ့သူက
အနည်းငယ်သာရှိပြီး ရုပ်ရှင်တွေ ၊ စာအုပ်တွေနဲ့ လူပြောများလို့သာ
စိတ်ထဲစွဲထင်နေတာပါ။ အခုအချိန်ထိကိုလည်း
တိတိကျကျဖြေရှင်းချက်မပေးနိုင်သေးတဲ့
အာကာသဆိုင်ရာတွေ့ရှိချက်တွေဖြစ်ပါတယ်။ UFO နဲ့ပက်သက်တဲ့စာအုပ်တွေ ၊
ရုပ်ရှင်တွေနဲ့ အချက်အလက်မှတ်တမ်းတွေ အများကြီးရှိနေပေမယ့်
တစ်ကယ်တမ်းကျတော့ သေသေချာချာသိတဲ့သူက လူငယ်ပိုင်းမှာအရမ်းကိုနည်းနေပါတယ်။

ကမ္ဘာပေါ်တွင် လုပ်ကြံသတ်ဖြတ်ဖို့ အခက်ခဲဆုံး လူသားများ


နာဇီခေါင်းဆောင် ဟစ်တလာ
 နာဇီခေါင်းဆောင် ဟစ်တလာသည် ခန့်မှန်းချေ ဂျူးလူမျိုး ခြောက်သန်းခန့်ကို သတ်ဖြတ်မှုအတွက် တာဝန်ရှိသူ ဖြစ်ပေသည်။ နှစ်သန်းခန့်သည် လူမျိုးရေးကြောင့်ဖြစ်ပြီး
လေးသန်းခန့်မှာ “ဘ၀နှင့်ထိုက်တန်မှုမရှိ” (Unworthy of life) ၊ သို့မဟုတ်
ရှင်သန်နေထိုင်ရန် မထိုက်ဟု ဆုံးဖြတ်၍ သတ်ဖြတ်သုတ်သင်ခဲ့ခြင်း ဖြစ်သည်။
ထိုထဲတွင် မသန်စွမ်းသူများ၊ စိတ်ရောဂါခံစားနေရသူများ၊
ဆိုဗီယက်စစ်သုံ့ပန်းများ၊ လိင်တူဆက်ဆံသူများ၊ ဖရီးမေဆင်များ* နှင့်
ဂျိုဗက်သက်သေ* များပါဝင်သည်။ ၎င်းလုပ်ရပ်ကို မြေလှန်သုတ်သင်ရှင်းလင်းခြင်း
အစီအစဉ်တစ်ရပ်အနေဖြင့် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ
လုပ်ဆောင်ခဲ့ခြင်းဖြစ်လေသည်။

သိမှတ်ဖွယ်ရာ ဗဟုသုတ ကမ္ဘာ့စာစုများ(၁)

(၁) ၁၉၂၄ ခုနှစ်မှာ ဗြိတိသျှတို.က ၆၂ ဒီဂရီဖာရင်ဟိုက်မှာရှိတဲ့ ရေ ၁၀ ပေါင် နှင့်
ညီမျှသောပမာဏ အလေးချိန်ကို " ဂါလံ " လို့ သတ်မှတ်ခဲ့ပါတယ် ။

(၂) ဟိုးအရင်က စစ်ပွဲတွေမှာ တပ်ဖွဲ့ တွေ မပျက်မစီး မဆုံးရှုံးပဲ ကိုယ့်ရပ်ရွာကိုပြန်လာနိုင်ရင်
" 0 killed" လို့ရေးပြီးပြန်လာကြပါတယ်တဲ့...
အဲဒီကနေ ယခုကျွန်မ တို့တွေ ပြောနေတဲ့ "OK "ဆိုတဲ့ စကားဖြစ်လာခဲ့ပါတယ်။

(၃) Cupid ဆိုတာ ဂရိ ပုံပြင်များမှ အချစ်နတ်သမီး Venus ရဲ့သားတော် ဖြစ်ပါတယ် ။
ပျော်ပျော်နေတတ်ပြီး သူ့ ရဲ့ မြားချက်ထိမှန်ခံရသူဟာ ပထမဦးဆုံးတွေ့ တဲ့ သူ ကို
ချစ်မိသွားတယ်လို့ ယုံကြည်ကြပါတယ် ။ ဒါကြောင့် သူ့ ကို မြန်မာလို အချစ်နတ်သားလေး
ခေါ်( မြားနတ်မောင် ) လို့သတ်မှတ်ကြတာပါ ။

(၄) " ဘီလူး " ဟူသောစကားဟာ ဘီရု ဟူသော ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်သည် ။
" ကြောက်ရွံ့ဖွယ်ကောင်းသော သတ္တ၀ါ " ဟု အဓိပ္ပါယ်ရပါသည် ။

(၅)"ပုဏ္ဏကတိုက်ခြင်း" ကို အင်္ဂလိပ်လို " Pottergeist "(ပိုတာဂျိုက်စ်)လို့ ခေါ်ပါတယ် ။
ဂျာမန်ဘာသာစကားမှ ဆင်းသက်လာတာပါ ။
" Noisy ghost " ( ဆူညံသော သရဲ) လို့ အဓိပ္ပါယ်ရပါတယ် ။

အမှတ်တမဲ့အလွဲများ(၂၁)

သူငယ်ချင်းများအတွက် အမှတ်တမဲ့အလွဲများ လာပါပြီ...

ဦးဦးဘားသက်ရေ ဆုပဲတောင်းမနေနဲ့၊ ဂိုးဝင်တော့မယ်ဗျ...


ရောင်စုံ နှင်းဆီ (သက်တံ့နှင်းဆီ)


ရောင်စုံနှင်းဆီ တကယ်ရှိပါတယ်။ နယ်သာလန် ကုမ္မဏီနှစ်ခုက ၂၀၀၄ ခုနှစ်မှာ စိုက်ပျိုးအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
နှင်းဆီက သဘာဝအတိုင်းတော့ မဟုတ်ပါဘူး။ ပွင့်ချက်မှာ အရောင် စုံ ပေါက်အောင် သိပ္ပံနည်းကျ ဖန်တီးထားတာ ဖြစ်ပါတယ်။ ပင်စည်ကို ရှင်သန်ဖို့လောင်းထဲရေထဲမှာ ဓာတုဆေးများပါဝင်ပါတယ်။ အရောင်စုံ လင်တဲ့ အရည်များ ဖြစ်ပြီး သီးခြားအရောင်တစ်ခုဆီအတွက် အရောင် ပါသော ဓာတ်မြေသြဇာရေနဲ့ လောင်းပေးရတာ ဖြစ်ပါတယ်။
Related Posts Plugin for WordPress, Blogger...