Monday, January 21, 2013

ကမ္ဘာပေါ်က အလှဆုံး ရေတံခွန်များ

ကမ္ဘာပေါ်မှာရှိတဲ့ လှပကြီးကျယ်လှသော ရေတံခွန် များစွာတို့အနက် ကမ္ဘာကျော်ပြီး ထင်ရှားတဲ့ ရေတံခွန် အချို့ကို ဖော်ပြချင်ပါတယ်။ 
Angel Falls
Image Hosted by PicturePush - Photo Sharing
ဒီရေတံခွန်က ဗင်နီဇွဲလားနိုင်ငံမှာရှိတဲ့ Angel Falls ပါ။ Canaima အမျိုးသားဥယျာဉ်အတွင်းရှိ  Auyantepui တောင်ရဲ့ အစွန်းကနေ စီးဆင်းဖြာကျနေတာ ဖြစ်ပြီး စုစုပေါင်း အမြင့် ( ၉၇၉ မီတာ) ၃၂၁၂ ပေမြင့်တဲ့ ကမ္ဘာ့အမြင့်ဆုံး ရေတံခွန် တစ်ခုဖြစ်ပါတယ်။ တိမ်တွေထက်ပင် မြင့်မားနေတာမို့ တောင်ရဲ့ ဘေးဝန်းကျင်မှာ တိမ်ပတ်လည် ဝိုင်းနေတာကိုပင် မြင်တွေ့ရတတ်ပါတယ်။

အမှတ်တမဲ့အလွဲများ( ၂၃ )

သူငယ်ချင်းများအတွက် ဆက်လက်ပြီး လွဲပါအုံးမယ်...
ဟာ...အမ ပဲများနေတာနဲ့ သွားပြီ... ဗွမ်း


Friday, January 18, 2013

ကမ္ဘာ့အသေးငယ်ဆုံး စက်ဘီးစီးသူ


 ပြင်သစ်နိုင်ငံမှ စက်ဘီး ၀ါသနာအိုးတစ်ဦးသည် ပြင်သစ်နိုင်ငံ၏ အထင်ကရ စက်ဘီးပြိုင်ပွဲဖြစ်သော Tour de France ပြိုင်ပွဲသို့ဝင်ရောက် ဆင်နွှဲရန်အတွက်သူကိုယ်တိုင် အထူးပြုလုပ်ထားသော အလွန်သေးငယ်သည့် စက်ဘီးဖြင့် ၀င်ရောက် စီးနင်းမည်ဖြစ်သည်။

ဗြိတိန်၏ အမြင့်ဆုံး Shardမျှော်စင်တွင် အိမ်သာများမှလည်း မြို့ရှုခင်းကို ကြည့်ရှုနိုင်


 ဗြိတိန်၏ အမြင့်ဆုံး ၁၀၁၆ပေ အမြင့်ရှိသှော့Shardမျှော်စင်ကို ဖေဖော်ဝါရီလ ၁ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ထိုမျှော်စင်တွင် အိမ်သာများမှာလည်း မြို့ရှုခင်းများကို ကြည့်ရှုခံစားနိုင်ကြောင်း သိရသည်။ ထိုလန်ဒန်မျှော်စင်သည် ၁၀၁၆ပေ မြင့်ပြီး အထပ်ပေါင်း ၉၅လွှာပါရှိကာ မျှော်စင်အပေါ်မှပင် မိုင်လေးဆယ်အကွာမှရှုခင်းများကိုကြည့်ရှုနိုင်သည်။

နေမှလောင်ကျွမ်း ပေါက်ကွဲမှုက ကမ္ဘာမြေအချင်းထက် အဆ၂၀ပိုကြီး


 နေမုန်တိုင်းများ ဖြစ်ပေါ်မှုကို အစဉ်မပြတ် လေ့လာနေသည့် နာဆာမှ ပေးပို့သောပုံများအရ နေပေါက်ကွဲမှုမှာ ကမ္ဘာ့အချင်းထက် အဆ၂၀ ပိုကြီးကြောင်း လေ့လာတွေ့ရှိရသည်။ ဒီဇင်ဘာလ ၃၁ရက်နေ့က ရိုက်ကူးထားသော ပုံများအရ နေပတ်လည်မှာ လောင်ကျွမ်းနေသော မီးတောက်များနှင့် သံလိုက်စက်ကွင်းများကို အသေးစိတ်တွေ့မြင်နိုင်သည်။

ကမ္ဘာ့အကြီးဆုံး ကင်းမွန်ငါး ဂျပန် အိုကာဆာဝါရာကျွန်း အနီးတွေ့ရှိ


၁၀ပေခန့် ရှည်လျားသည့် ကမ္ဘာ့အကြီးဆုံး ကင်းမွန်ငါးကြီးကို ဂျပန်နိုင်ငံ တောင်ပိုင်းမှ ၆၂၂မိုင် ကွာဝေးသော ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အိုကာဆာဝါရာ ကျွန်းအနီး၌  ဖမ်းဆီးရမိခဲ့ကြောင်း သိပ္ပံပညာရှင်များက ဂျပန်ပြည်တွင်း သတင်းတစ်ရပ်တွင် ပြောကြားသွားခဲ့သည်။ ကြီးမားသော အနက်ရောင် မျက်လုံးနှင့် ၁၀ပေခန့် ရှည်လျားသော ကင်းမွန်ငါးသည် ပင်လယ် ရေမျက်နှာပြင်အောက် ၂၉၅၃ပေ အောက်၌ ကျင်လည် ကျက်စားလေ့ရှိပြီး ၎င်းကင်းမွန်ငါးကို ဖမ်းဆီးရမိရန် ဂျပန်သိပ္ပံပညာရှင်များက ရေငုပ် သင်္ဘောငယ်များနှင့် အကြိမ်တစ်ရာကျော် (နာရီပေါင်း ၄၀၀ကျော်) ကြိုးစား ဖမ်းယူခဲ့ကြောင်း သိရသည်။

Wednesday, January 16, 2013

နဂါးပုပ်သင်


တောင်ပံပါတဲ့အတွက် Little Dragon လို့လည်းခေါ်တဲ့ ပုပ်သင်တစ်မျိုး ဖြစ် ပါတယ်။
Draco သို့မဟုတ် Gliding Lizard လို့ခေါ်တဲ့ ယင်း ပုပ်သင်ညိုများကို အရှေ့ တောင် အာရှများ အတွ့များတယ်လို့ ဆိုပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ ပုပ်သင်ညို ကိုတော့ အင်ဒိုနီးရှားနိုင်ငံက ကျွန်းတစ်ကျွန်း မှာ တွေ့ရှိထား တာ ဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...