Friday, January 25, 2013

ဂုဏ်ယူစရာ ရွှေမြန်မာ


အများ နဲ့မတူ တမူ ထူးခြား တဲ့ ယဉ်ကျေးမှု ဓလေ့ရိုးရာ တွေနဲ့ သဘာဝ ရေမြေတော တောင်ရှုခင်း အလှတွေ ကြောင့် ပြည်ထောင်စု မြန်မာ နိုင်ငံတော် ဟာ ဒေသတွင်း မှ ဆွဲဆောင်မှု အရှိဆုံး နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။ နိုင်ငံအနှံ့မှာ ရွှေရောင် တ၀င်းဝင်း တောက်ပြောင်နေတဲ့ စေတီ ပုထိုး တွေကြောင့် "ရွှေနိုင်ငံ" ရယ်လို့ ပြောစမတ် တွင်ရခြင်း ဖြစ်ပါတယ်။ အမှန် တကယ်တော့ မြန်မာနိုင်ငံဟာ အဖိုးမဖြတ် နိုင်တဲ့ ခန့်ညားထည်ဝါ တဲ့ ယဉ်ကျေးမှု အမွေ အနှစ်တွေ၊ ရှုမငြီး နိုင်အောင် သာယာ လှပတဲ့ ရေမြေတော တောင် သဘာဝအလှ တွေ၊ ကြီးမားကျယ်ပြန့်တဲ့ မြစ်ချောင်းအင်းအိုင်တွေ၊ နိုင်ငံ အနှံ့ မှီတင်း နေထိုင်ကြတဲ့ ၁၀၀ ကျော် သော တိုင်းရင်းသား ညီအကို မောင်နှမ များ နဲ့ သူတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံး စံတွေ ပြည့်စုံရာ တိုင်းပြည် လဲဖြစ်ပါတယ်။ ထပ်ပြောရမယ် ဆိုရင် ပထ၀ီဝင် သဘာဝ အားဖြင့် အင်ဒိုချိုင်းနား ကျွန်းဆွယ် တခုလုံး မှာ အကြီး နိုင်ငံ ဖြစ်ပြီး တော့ အာဆီယံ နိုင်ငံ အား လုံးမှာမှ တနိုင်ငံတည်း သော ရေခဲတောင်များ ရှိရာ နိုင်ငံလဲပဲ ဖြစ်ပါတယ်။

ထူးထူးဆန်းဆန်း တိုက်နှစ်လုံးကြားထဲညပ်၍ ပြန်ထွက်မရသူလေး


အမေရိကန်ပြည်ထောင်စု အော်ရီဇွန်ပြည်နယ်မှ အမျိုးသမီးတစ်ယောက်သည် ၈လက်မမှ ၁၀လက်မအထိသာ အကျယ်ရှိသော တိုက်ကြားထဲသို့ အပေါ်ပြတင်းပေါက်မှ ပြုတ်ကျခဲ့ပုံရ၍ လေးနာရီခန့်ကြာအောင် ပိတ်မိနေခဲ့ပြီး ရဲ၊ မီးသတ်သမားများနှင့် ကယ်ဆယ်ရေးသမားများမှ ခက်ခက်ခဲခဲအားထုတ် ကယ်တင်ခဲ့ရသည်။မီးသတ်သမားများနှင့် ကယ်ဆယ်ရေးသမားများက ထိုအမျိုးသမီး မည်ကဲ့သို့ ယခုလိုတိုက်နှစ်လုံးကြားထဲ ညပ်ခဲ့ရကြောင်း အတိအကျမပြောနိုင်ဟု ဆိုကြသည်။

သခင်ကို ကားဖြင့်ပြန် တိုက်သည့်ခွေး


အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှ လူတစ်ယောက်ကို သူ့အချစ်တော်ခွေးက ကားဖြင့်တိုက်သတ်ခဲ့သည့် သတင်းကြောင့် ခွေးပိုင်ရှင်များအနေဖြင့် မှင်တက်သွားခဲ့ရသည်။ အသက်၆၈နှစ် ရှိပြီဖြစ်သည့် ဂျိမ်းစ်ကမ်ဘဲလ် ဆိုသူသည် ကားဖြင့် အိမ်သို့ပြန်လာပြီး နေအိမ်ဝင်း တံခါးရှေ့သို့ ရောက်သောအခါ သူ့အိမ်တံခါးကိုဖွင့်ရန် ကားကို စက်မသတ်သေးဘဲ ကားပေါ်မှဆင်းလာစဉ် သူ့အချစ်တော်ခွေးက ကားပေါ်သို့ ရုတ်တရက် ခုန်တက်လိုက်ရာ လီဗာကိုနင်းမိပြီး စက်မသတ်ထားသော ကားမှာအရှိန်ဖြင့် သူ၏သခင် ဂျိမ်းစ်ကို ၀င်တိုက်မိ သွားလေတော့သည်။

အအေးဆုံးနေရာတွင် အဝေးဆုံးခရီးကို စက်ဘီးဖြင့်သွားခဲ့သူ


 ကမ္ဘာ့တောင်ဝင်ရိုးစွန်းရှိ အေးခဲလှသည့် ရာသီဥတုဒဏ်ကို အံတုကာ စက်ဘီးဖြင့် မိုင်ပေါင်း ၁၇၅မိုင်တိတိ ခရီးနှင်ခဲ့သူကို ကမ္ဘာ့မှတ်တမ်းက စံချိန်တင် အသိအမှတ်ပြုလိုက်ပါပြီ။ အန္တရာယ်ကြားမှ စွန့်စွန့်စားစား သွားလာလိုသူ လာဆန်၏ခရီးစဉ်ကို အဓိက ကူညီပံ့ပိုးပေးခဲ့သူမှာ ဒေးဗစ်ဖင်းနေးဆိုသည့် လူမှုရေးအဖွဲ့အစည်း တစ်ခုပင်ဖြစ်သည်။

ကမ္ဘာ့ဈေးအကြီးဆုံး မီးဖိုချောင်


အပူဒဏ်ခံနိုင်သည့် ပလတ်စတစ်များ၊ သလင်းကျောက်များနှင့် အလှဆင်ကျောက်များဖြင့် ဖန်တီးထားသည့် မီးဖိုချောင်သုံး ပစ္စည်းများကို အသုံးပြုထားသော မီးဖိုချောင်ကို လန်ဒန်တွင် ကန်ဒေါ်လာ ၁ဒဿမ ၆သန်းအထိ ပေါက်ဈေးပေးဝယ် ခဲ့သောကြောင့် ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်သွားသည်။ အဆိုပါ မီးဖိုချောင်ကို ဖန်တီးရန် တစ်နှစ်ခွဲမျှ အချိန်ယူခဲ့ရသည်ဟု ဒီဇိုင်နာက လော်ဒီယိုဆယ်လီဘာတီက ရှင်းပြသည်။

Monday, January 21, 2013

ကမ္ဘာပေါ်က အလှဆုံး ရေတံခွန်များ

ကမ္ဘာပေါ်မှာရှိတဲ့ လှပကြီးကျယ်လှသော ရေတံခွန် များစွာတို့အနက် ကမ္ဘာကျော်ပြီး ထင်ရှားတဲ့ ရေတံခွန် အချို့ကို ဖော်ပြချင်ပါတယ်။ 
Angel Falls
Image Hosted by PicturePush - Photo Sharing
ဒီရေတံခွန်က ဗင်နီဇွဲလားနိုင်ငံမှာရှိတဲ့ Angel Falls ပါ။ Canaima အမျိုးသားဥယျာဉ်အတွင်းရှိ  Auyantepui တောင်ရဲ့ အစွန်းကနေ စီးဆင်းဖြာကျနေတာ ဖြစ်ပြီး စုစုပေါင်း အမြင့် ( ၉၇၉ မီတာ) ၃၂၁၂ ပေမြင့်တဲ့ ကမ္ဘာ့အမြင့်ဆုံး ရေတံခွန် တစ်ခုဖြစ်ပါတယ်။ တိမ်တွေထက်ပင် မြင့်မားနေတာမို့ တောင်ရဲ့ ဘေးဝန်းကျင်မှာ တိမ်ပတ်လည် ဝိုင်းနေတာကိုပင် မြင်တွေ့ရတတ်ပါတယ်။

အမှတ်တမဲ့အလွဲများ( ၂၃ )

သူငယ်ချင်းများအတွက် ဆက်လက်ပြီး လွဲပါအုံးမယ်...
ဟာ...အမ ပဲများနေတာနဲ့ သွားပြီ... ဗွမ်း


Related Posts Plugin for WordPress, Blogger...