Friday, February 15, 2013

ရုရှားနိုင်ငံတွင် ဥက္ကာခဲများ မီးလောင်ပေါက်ကွဲ ကျရောက်

ရုရှားနိုင်ငံတွင် ဥက္ကာခဲများ မီးလောင်ပေါက်ကွဲ ကျရောက်
သောကြာနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) နံနက်အစောပိုင်း ရုရှားနိုင်ငံ နေရာ ၃ နေရာတွင် ဥက္ကာခဲ့များ မီးလောင်ပေါက်ကွဲကာ ကျရောက်ခဲ့ခြင်းဖြစ်သည်။
Posted on Feb 15 13 - 05:51 AM | Hits : 895
ရုရှားနိုင်ငံတွင် ဥက္ကာခဲများ မီးလောင်ပေါက်ကွဲ ကျရောက်















ရုရှားနိုင်ငံတွင် ကောင်းကင်ယံမှ ဥက္ကာခဲများ မီးလောင်ပေါက်ကွဲကာ ကျဆင်းလာမှုကြောင့် လူပေါင်း ၉၀၀ ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ သောကြာနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) နံနက်အစောပိုင်း ရုရှားနိုင်ငံ နေရာ ၃ နေရာတွင် ဥက္ကာခဲ့များ မီးလောင်ပေါက်ကွဲကာ ကျရောက်ခဲ့ခြင်းဖြစ်သည်။

လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ

(1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက် ရှင်နေနိုင်ပါသေးတယ်။ အစာအိမ် ၊ သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ရာခိုင်နှုန်း၊ ကျောက်ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ် အပိုင်းတွေ မရှိရင်တောင်.. လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အသက်ရှင် နေနိုင် ပါသေးတယ် ။

(2) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားကလျှာဖြစ်ပြီးအမာကျောဆုံး အရိုးကတော့ မေးရိုးပါ

(3) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့လေးပုံတစ်ပုံမျှရှိပြီး အရိုးပေါင်း ၅၂ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်။

ထူးဆန်းလှပ အသက်ဝင်သော ပန်းချီများ

 အခုတင်ပေးမယ့် ပုံလေးတွေက အသက်ဝင်ပြီး လှပတဲ့ ရုပ်ကြွပုံ တွေပါ။
မူရင်းဖန်တီးသူ အဆိုအရ 3D လို့တောင် မခေါ်ပဲ 4D ပန်းချီတွေလို့ဆိုပါတယ်။
ဒီပန်းချီ ပုံတွေက အပြင်ဘက်က ကြည့်ရှုသူကိုပါ သက်ရောက်မှုရှိလို့ပါ။

ဘောလုံးကို နှုတ်ဖျားဖြင့် အကြိမ်အများဆုံး ဆော့ကစားပြသူ


အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ အသက် ၂၅နှစ်ရှိပြီဖြစ်သည့် ဘောလုံး အားကစားသမား ဒန်နီရယ်ကက်တင်ဆိုသူက ဘောလုံးကိုနှုတ်ဖျားဖြင့် ၁၅၈ကြိမ်တိတိ ဆက်တိုက် ပုတ်ခတ်ကစား ပြနိုင်ခဲ့သောကြောင့် ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်သွားသည်။

Tuesday, February 12, 2013

အမေရိကန်မှ ကမ္ဘာ့အသန့်ရှင်းဆုံးရေကန်


ပုံမှာ ကြည့်လိုက်ရင် ရေတိမ်တယ်လို့ ထင်ရပါတယ်။ အမှန်တော့ ယင်း ကန်ဟာ ပေ ၃၇၀ နက်တဲ့ Flathead Lake ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Montana ပြည်နယ်၊ မစ္စစပီမြစ်အနောက်ဘက်မှာ တည်ရှိပြီး ၁၉၁.၅ စတုရန်းမိုင် ကျယ်တဲ့ ရေကန် ဖြစ်ပါတယ်။ သူ့အရွယ်၊ သူနေရာဒေသနဲ့ ယှဉ်လိုက်မယ်ဆိုရင် သာမန်ထက် သန့်ရှင်းနေပြီး အလွန်ကြည်လင်နေ ပါတယ်။ ယင်း Crystal Clear water ကြောင့် ရေ နက်တာကို တိမ်တယ်လို့ ထင်ရပြီး ပုံမှာ မြင်တွေ့ရ တဲ့အတိုင်း သန့်ရှင်းနေ ပါတယ်။

ကမ္ဘာ့အချိန်အတိုဆုံး စစ်ပွဲ


Anglo-Zanzibar War အမည်ရ စစ်ပွဲဖြစ်ပြီး ၁၈၉၆ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ မနက် ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ စစ်ပွဲ ဖြစ်ပါတယ်။

ဗြိတိသျှကိုလိုနီတပ်နဲ့ ဇနီဘာတပ်တို့ကြားတိုက်ပွဲ ဖြစ်ပြီး တည်နေရာ ကတော့ အရှေ့ အာဖရိက၊ အိန္ဒိယ သမုဒ္ဒရာအတွင်းမှ ကျွန်းစု Sultanate of Zanzibar မှာ ဖြစ်ပါတယ်။ ယခုတော့ ယင်းဟာ တန်ဇန်နီးယားနိုင်ငံရဲ့  အစိတ်အပိုင်း တစ်ခု အဖြစ် တည်ရှိနေပြီ ဖြစ်ပါတယ်။

Monday, February 11, 2013

သက်တံစက်ဝန်း


 အလွန်တွေ့ရခဲသည့် သက်တံစက်ဝန်းတစ်ခုလုံး၏အလှကို ဘယ်လ်ဂျီယံနိုင်ငံသား ဓာတ်ပုံဆရာတစ်ဦးက ဇမ်ဘီယာနိုင်ငံ ဗစ်တိုးရီးယား ရေတံခွန်အနီးတွင် တွေ့ရှိရ၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ အသက် ၄၂နှစ်အရွယ်ရှိ နီကိုလီသည် ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ရှေ့နေအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း အလုပ်လုပ်ကိုင်ပြီး အားလပ်ရက်တွင် အာဖရိကတိုက် ဇမ်ဘီယာနိုင်ငံသို့ အလည်အပတ်သွားရောက်စဉ် ထိုသက်တန့် အလှဓာတ်ပုံကို ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ဗစ်တိုးရီးယား ရေတံခွန်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးရေတံခွန် တစ်ခုဖြစ်ပြီး နေရောင်ကြောင့် ဖြစ်ပေါ်လာသော  သက်တံစက်ဝန်း၏ အလှကိုကြည့်ရှု့ခံစားနိုင်သည်။
Related Posts Plugin for WordPress, Blogger...