Monday, February 18, 2013

နှစ်ပေါင်း ၁၂၀၀ကျော် သက်တမ်းရှိ အိန္ဒိယမှသမိုင်းဝင် ရေတွင်း














ယမုံနာမြစ်ကမ်း အနီးရှိ တာ့ဂ်ျမဟာ အဆောက်အအုံကဲ့သို့ အနုပညာ လက်ရာမြောက်သည့် အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ရာဂျာပန်ပြည်နယ် အဘေနီရီ ကျေးရွာအနီးရှိ ပေ၁၀၀ကျော်နက်သော နှစ်ပေါင်း ၁၂၀၀သက်တမ်းရှိ ရေတွင်းကို အိန္ဒိယနိုင်ငံသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်များ နှစ်ခြိုက်လျက်ရှိကြောင်း သိရသည်။ ဟိန္ဒူအနုပညာ လက်ရာဖြစ်သော အဆိုပါရေတွင်းကြီးကို လွန်ခဲ့သည့်နှစ်ပေါင်း ၁၂၀၀ကျော်က ဆောက်လုပ်ခဲ့ပြီး လှေကားထစ်ကျော်ပေါင်း  ၃၅၀၀ကျော်ပါရှိသည်။ အဆိုပါရေတွင်းသည် မြေအောက်စိမ့်ရေနှင့် ဆက်စပ်လျက်ရှိပြီး ၁၂လရာသီ ရေမပြတ်ရရှိသည့်အပြင် ရေသည်အစဉ် အေးမြလျက်ရှိပြီး သေသပ်ကျနသော ရှေးခေတ် ဗိသုကာလက်ရာများကိုလည်း တွေ့မြင်နိုင်သည်။

ကမ္ဘာ့အကြီးဆုံး ဂရင်းစင်ထရယ် ဘူတာရုံကြီးနှစ် ၁၀၀ပြည့် အခမ်းအနားကျင်းပ


နှစ်စဉ်ဖေဖော်ဝါရီလတိုင်း ကျင်းပပြုလုပ်လေ့ရှိသည့် အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ပန်ဂျက်ပြည်နယ် အရှေ့ပိုင်း ကီလာရွိုင်ပူဒေသရှိ အိန္ဒိယကျေးလက် အိုလံပစ်ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၄ရက်နေ့မှ စတင်၍ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သတင်းများအရ သိရသည်။

ကမ္ဘာ့အလျား အရှည်ဆုံးကြောင် ကွယ်လွန်


နှာခေါင်းမှ အမြီးဖျားအထိ လေးပေခန့် ရှည်လျားသော အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် ရီနိုမြို့မှ ဂင်းနက်စ်စံချိန်ဝင် ကမ္ဘာ့အလျား အရှည်ဆုံးကြောင်သည် ဖေဖော်ဝါရီလ ၄ရက်နေ့တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ စတီဝီအမည်ရှိ ယင်းကြောင်သည် ၂၀၁၀ပြည့်နှစ် သြဂုတ်လတွင် ၄၈ဒသမ၅လက်မဖြင့် ကမ္ဘာ့အလျားအရှည်ဆုံး ကြောင်အဖြစ် ဂင်းနက်စ် စံချိန်တင်ခဲ့သည်။စတီဝီကွယ်လွန်ချိန်တွင် အသက်ရှစ်နှစ်ရှိပြီဖြစ်သည်။၎င်းကွယ်လွန်မှုနှင့် ပတ်သက်၍ အင်တာနက် စာမျက်နှာတွင် ၀မ်းနည်းကြောင်း စာသားများနှင့်  အထိမ်းအမှတ် ပစ္စည်းများပေးပို့ခဲ့ကြောင်း ကြောင်ပိုင်ရှင်ဖြစ်သူ ရိုဘင်ဟန်ဒရစ်ဆွန်က ပြောကြားသွားခဲ့သည်။

Friday, February 15, 2013

ရုရှားနိုင်ငံတွင် ဥက္ကာခဲများ မီးလောင်ပေါက်ကွဲ ကျရောက်

ရုရှားနိုင်ငံတွင် ဥက္ကာခဲများ မီးလောင်ပေါက်ကွဲ ကျရောက်
သောကြာနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) နံနက်အစောပိုင်း ရုရှားနိုင်ငံ နေရာ ၃ နေရာတွင် ဥက္ကာခဲ့များ မီးလောင်ပေါက်ကွဲကာ ကျရောက်ခဲ့ခြင်းဖြစ်သည်။
Posted on Feb 15 13 - 05:51 AM | Hits : 895
ရုရှားနိုင်ငံတွင် ဥက္ကာခဲများ မီးလောင်ပေါက်ကွဲ ကျရောက်















ရုရှားနိုင်ငံတွင် ကောင်းကင်ယံမှ ဥက္ကာခဲများ မီးလောင်ပေါက်ကွဲကာ ကျဆင်းလာမှုကြောင့် လူပေါင်း ၉၀၀ ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ သောကြာနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) နံနက်အစောပိုင်း ရုရှားနိုင်ငံ နေရာ ၃ နေရာတွင် ဥက္ကာခဲ့များ မီးလောင်ပေါက်ကွဲကာ ကျရောက်ခဲ့ခြင်းဖြစ်သည်။

လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ

(1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက် ရှင်နေနိုင်ပါသေးတယ်။ အစာအိမ် ၊ သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ရာခိုင်နှုန်း၊ ကျောက်ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ် အပိုင်းတွေ မရှိရင်တောင်.. လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အသက်ရှင် နေနိုင် ပါသေးတယ် ။

(2) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားကလျှာဖြစ်ပြီးအမာကျောဆုံး အရိုးကတော့ မေးရိုးပါ

(3) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့လေးပုံတစ်ပုံမျှရှိပြီး အရိုးပေါင်း ၅၂ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်။

ထူးဆန်းလှပ အသက်ဝင်သော ပန်းချီများ

 အခုတင်ပေးမယ့် ပုံလေးတွေက အသက်ဝင်ပြီး လှပတဲ့ ရုပ်ကြွပုံ တွေပါ။
မူရင်းဖန်တီးသူ အဆိုအရ 3D လို့တောင် မခေါ်ပဲ 4D ပန်းချီတွေလို့ဆိုပါတယ်။
ဒီပန်းချီ ပုံတွေက အပြင်ဘက်က ကြည့်ရှုသူကိုပါ သက်ရောက်မှုရှိလို့ပါ။

ဘောလုံးကို နှုတ်ဖျားဖြင့် အကြိမ်အများဆုံး ဆော့ကစားပြသူ


အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ အသက် ၂၅နှစ်ရှိပြီဖြစ်သည့် ဘောလုံး အားကစားသမား ဒန်နီရယ်ကက်တင်ဆိုသူက ဘောလုံးကိုနှုတ်ဖျားဖြင့် ၁၅၈ကြိမ်တိတိ ဆက်တိုက် ပုတ်ခတ်ကစား ပြနိုင်ခဲ့သောကြောင့် ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်သွားသည်။
Related Posts Plugin for WordPress, Blogger...