ကဲဒီသတ္တ၀ါတွေရဲ့စွမ်းရည်ကို ကျွန်တော်တို့ လေ့လာကြည့်ကြရအောင်လား ။
နေခရမ်း....
|
Friday, March 1, 2013
ပတ်ဝန်းကျင်နဲ့ အသွင်သဏ္ဍာန်တူအောင်ပြောင်းတတ်တဲ့ သတ္တ၀ါများ
ဒီတစ်ခါမှာလည်း အလွန်ကိုပဲ အံ့သြလှဖွယ်ရာ
ဒီရှိခိုးကောင်နဲ့ ဓါးခုတ်ကောင်တွေဟာ ပတ်ဝန်းကျင်နဲ့ အသွင်သဏ္ဍာန်
တူအောင်ပြောင်းလဲနိုင်တဲ့အစွမ်းရှိပါတယ် ။ လောကကြီးမှာ
ထူးဆန်းအံ့သြဖွယ်ရာတွေဟာ ရှာဖွေလို့မကုန်နိုင်ပါဘူး ။
ကဲဒီသတ္တ၀ါတွေရဲ့စွမ်းရည်ကို ကျွန်တော်တို့ လေ့လာကြည့်ကြရအောင်လား ။


ကဲဒီသတ္တ၀ါတွေရဲ့စွမ်းရည်ကို ကျွန်တော်တို့ လေ့လာကြည့်ကြရအောင်လား ။
ထူးဆန်းသောသတ္တ၀ါ လူပျံတော် Mothman
Mothman
ဆိုတာဟာ အလွန်ထူးဆန်းတဲ့ ဒဏ္ဍာရီဆန်တဲ့အကောင်တစ်မျိုးဖြစ်ပြီး ၁၉၆၆ ခုနှစ်
နိုဝင်ဘာ ၁၅ ရက်နေ့ မှ ၁၉၆၇ ဒီဇင်ဘာ ၁၅ ရက်နေ့ အတွင်းမှာ အနောက်
ဗာဂျီးနီးယားပြည်နယ်ဧရိယာတစ်ဝှိုက်မှာ မြင်တွေ့ ခဲ့ ရတယ်လို့
အစီရင်ခံစာတွေမှာ ဖော်ပြခဲ့ပါတယ် ။ စာရေးသူ John Keel သူ့ရဲ့ ၁၉၇၅
ခုနှစ်မှာ ထုတ် လုပ်ကျော်ကြားခဲ့တဲ့ The Mothman Prophecies
ဆိုတဲ့စာအုပ်မှာ ဒီလူပျံတော်အကောင်တွေဟာ သဘာဝ
အလျှောက်ထူးဆန်းတဲ့အခြေအနေမျိုးရှိတဲ့ နေရာဒေသတွေနဲ့
ဆက်နွယ်မှုရှိတယ်လို့ဆိုပါတယ် ။

ထရိုဂျန်မြင်းရုပ်များအတွင်း တည်းခိုနိုင်သည့် ကမ္ဘာ့အံ့ဖွယ်ဟိုတယ် ဘယ်လ်ဂျီယံ၌ ဖွင့်လှစ်
ရှေးခေတ်သမိုင်းတွင် အီလီးယက် ကဗျာကြောင့် ထင်ရှားခဲ့သည့် ထရိုဂျန်မြင်းရုပ်ပုံစံ ဟိုတယ်အိပ်ခန်းများအတွင်း ရေသူမအရုပ်များနှင့်အတူ သဘာဝရှုခင်း ရသများကို ထိတွေ့ခံစားနိုင်မည့် ကမ္ဘာ့အံ့ဖွယ် ဟိုတယ်တစ်ခုကို ဘယ်လ်ဂျီယံနိုင်ငံ ဒါဘွိုင်းမြို့တွင် ဖွင့်လှစ်ထားခဲ့ကြောင်း သတင်းများအရသိရသည်။
ကင်ဆာကလေးငယ်များ သီကုံးလိုက်သည့် ကမ္ဘာ့အရှည်ဆုံး လည်ဆွဲပုတီး
ကျန်းမာရေးကောင်းမွန်သည့် ကလေးငယ် ၈၂ဦးနှင့် ကင်ဆာရောဂါ ဝေဒနာခံစားနေရသည့် ကလေးငယ် ၃၆၈ဦးတို့က ယူကေရှိ စီဒါကော့ဟိုတယ်တွင် အလျား ၅ဒဿမ ၃၆၈မိုင်(၈၈၆၄မီတာ) ခန့်ရှည်လျားသည့် ပုတီးကြီးကို သီကုံးခဲ့ကြသည်။ ယင်းသို့ ကင်ဆာရောဂါ ဝေဒနာခံစားနေရသည့် ကလေးငယ်များကို ကမ္ဘာ့အရှည်ဆုံး လည်ဆွဲပုတီးကြီး လုပ်ခိုင်းရသည့် ရည်ရွယ်ချက်မှာ ကင်ဆာရောဂါဝေဒနာရှင် ကလေးများသည်လည်း ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်နိုင်ကြောင်း သိစေလို၍ဖြစ်သည်ဟု အဆိုပါပွဲကိုစီစဉ်သူ ကိုလင်းနက်စ်က ရှင်းပြသည်။ ကိုလင်းသည် ကလေးများအတွက် ရန်ပုံငွေရှာဖွေပေးနေသည့် ပရဟိတလုပ်ငန်းများကိုလည်း ဦးဆောင်နေသူတစ်ဦးဖြစ်သည်။
လိပ် ရော့ခ်ကာ ခေါ် မာရီမြစ်လိပ်
ဆံပင်မွေးတစ်ထောင်ထောင်နဲ့ ရေညှိတက်နေတဲ့ ခေါင်းနဲ့ လိပ်ခွံကြောင့် သူ့ကို လိပ်ရော့ခ်ကာ (Rocker Turtle) လို့ နာမည်ပြောင် ပေးထားပါတယ်။ အမည်ရင်းကတော့ Mary River turtle ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ၊ Queensland အရှေ့ တောင်က Mary မြစ်မှာပဲ ရှိတာမို့ သူ့ကို မာရီမြစ်လိပ်လို့ခေါ်ဆိုခြင်း ဖြစ်ပါတယ်။
ကင်ဆာဝေဒနာသည်၏ ဝှေးစေ့ကို ခွဲစိတ်ဆရာဝန်များက ဘယ်ညာမှားဖြတ်
အင်္ဂလန်နိုင်ငံတောင်ပိုင်း ဆာလစ်ဘူရီမြို့ ဆေးရုံတစ်ရုံမှ ဝှေးစေ့ကင်ဆာ ဝေဒနာသည်တစ်ဦးကို ခွဲစိတ်ကုသရာတွင် ခွဲစိတ်ဆရာဝန်များက ဝှေးစေ့ဘယ်နှင့်ညာ မှားဖြတ်ခဲ့မိကြသည်။ခွဲစိတ်ဆရာဝန်များသည် ထိုသို့မှားယွင်းမှုများကို ခွဲစိတ်ကုသမှုများပြုလုပ်ပြီး မိနစ်၄၀အကြာမှ သတိပြုမိခဲ့ကြောင်း သိရှိရသည်။ အသက်၄၈နှစ်အရွယ်ရှိ အမည်မဖော်လိုသည့် ကုမ္ပဏီဒါရိုက်တာ တစ်ဦးဖြစ်သူသည် ထိုသို့ဝှေးစေ့မှားယွင်း အဖြတ်ခံခဲ့ရခြင်းကြောင့် ၎င်း၏ဘ၀တစ်သက်တာ၌ သားသမီးရရှိတော့မည် မဟုတ်ကြောင်း သတင်းထောက်များအား ၀မ်းနည်းဖွယ် ပြောကြားသွားခဲ့သည်။ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ဆာလစ်ဘူရီမြို့ အခြေစိုက် NHSဖောင်ဒေးရှင်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ယုန်ထွားကြီးကို ကြောက်ပြီး ဖောက်ထွင်းဝိဇ္ဇာ ထွက်ပြေး
ဗြိတိန်နိုင်ငံဒဲလ်ဗင်ခရိုင်ပလိုင်းမောက်စ်မြို့ကင်ဘာလေမေဆိုသူ၏ နေအိမ်ကိုညဘက်တွင်
ဖောက်ထွင်းဝိဇ္ဇာတစ်ဦး ၀င်ရောက်လာစဉ် နေအိမ်တွင်မွေးမြူထားသော ယုန်ထွားကြီးကို ကြောက်ရွံ့ပြီး ပြန်လည်ထွက်ပြေးသွားခဲ့သည်။ဗုဒ္ဓဟူးနေ့ညပိုင်းတွင် နေအိမ်မိသားစုဝင်များ အိပ်မောကျနေစဉ် အလျားနှစ်ပေရှိပြီး အလေးချိန် ၄ဒသမ ၅ကီလိုရှိသော ယုန်ထွားကြီးက ၎င်းအနီးသို့ဖောက်ထွင်း ၀ိဇ္ဇာချဉ်းကပ်လာရာ အသံနက်ကြီးဖြင့် ငါးကြိမ်ခန့် အော်ခဲ့သောကြောင့် အကြောက်လွန်ပြီး ၎င်းဖောက်ထွင်းဝိဇ္ဇာ ထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် နေအိမ်မိသားစုဝင်များ နိုးထလာပြီး အိမ်တွင်းသို့ လူစိမ်းတစ်ဦး ၀င်ရောက်ခဲ့သည့် အနေအထားများ တွေ့ရှိရသဖြင့် ရဲစခန်းသို့အကြောင်းကြားခဲ့ကြောင်း သိရသည်။
Subscribe to:
Posts (Atom)