Thursday, April 11, 2013

ထူးခြား ဆန်းကြယ်သော ရှေးဟောင်း ဗုဒ္ဓအံတော်တစ်ဆူ အရွယ်အစား ပိုမိုကြီးမား လာလျက်ရှိ


ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှ ဗုဒ္ဓအံတော် တစ်ဆူ၏ အရွယ်အစားသည် ဆက်လက် ကြီးထွား လျက် ရှိကြောင်း အဆိုပါ ဘုန်းတော်ကြီး ကျောင်းရှိ တာဝန်ရှိသူ များက ပြောကြားထားသည်။
ရာနှင့်ချီသော ဗုဒ္ဓဘာသာဝင် များသည် အရှည် နှစ်လက်မခန့်ရှိ ဗုဒ္ဓအံတော်အား ဖူးမြော်ကြည့်ရှုရန် စုဝေး ရောက်ရှိ လာခဲ့ကြောင်း သိရသည်။

အမှတ်တမဲ့အလွဲများ ( ၂၇ )

ဟဲ့ ၊ ဟဲ့...အိုး ...သွားပါပြီ...

Tuesday, April 9, 2013

မော်ရိုကို နိုင်ငံ အတွင်းသို့ ကျရောက်ခဲ့သည့် ကျောက်တုံးသည် နှစ်ပေါင်း ၄ ဒသမ ၅၆ ဘီလီယံ သက်တမ်းရှိ ဗုဒ္ဓဟူး ဂြိုဟ်မှ ဥက္ကာခဲ ဖြစ်နိုင်ကြောင်း


ဝုဒ်လန်း  မတ်  ၃၁
မော်ရိုကို နိုင်ငံ အတွင်းသို့ ၂ဝ၁၂ ခုနှစ်က ကျရောက်ခဲ့သော NWA 7325 ဟု အမည် ပေးထားသည့် အစိမ်းရောင် ကျောက်တုံးသည်
နေနှင့် အနီးဆုံးဂြိုဟ် ဖြစ်သည့် ဗုဒ္ဓဟူးဂြိုဟ်မှ ဖြစ်နိုင်ပြီး အက်စ်တီရွိုက် သို့မဟုတ် အင်္ဂါဂြိုဟ်မှ မဟုတ်ကြောင်း ဥက္ကာခဲ သိပ္ပံပညာရှင် အန်ထော်နီ အဲဗင်းက ယခုလ အတွင်း တက်စ်ဆက် ပြည်နယ်  ဝုဒ်လန်းမြို့တွင် ပြုလုပ်သော (၄၄) ကြိမ်မြောက် လနှင့်ဂြိုဟ်များ ဆိုင်ရာ သိပ္ပံပညာ ဆွေးနွေးပွဲတွင် လေ့ လာ တွေ့ရှိမှု အသစ်တစ်ရပ် အဖြစ် ထုတ်ဖော် ပြသခဲ့သည်။

စပိန်နိုင်ငံရှိ အယ်လ်ဟီယာရိုကျွန်း ငလျင်လှုပ်ရှားမှုကြောင့် ရွေ့လျားလျက်ရှိဟု ဆို


မက်ဒရစ်   ဧပြီ   ၁
မကြာသေးမီ ရက်ပိုင်းအတွင်းက မြေငလျင် လှုပ်ခတ်မှုကြောင့် စပိန်နိုင်ငံရှိ အယ်လ်ဟီယာရို ကျွန်းသည်
အရှေ့ဘက်သို့ ရွေ့လျား သွားပြီး ၁၁ စင်တီမီတာ အမြင့်သို့ မြင့်တက် သွားကြောင်း ပြည်တွင်း သတင်း ဌာနက မတ် ၃ဝ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ဈေး အကြီးဆုံး စိန်စီရှူးဖိနပ်


လန်ဒန် ဧပြီ  ၂
စတာလင်ပေါင် ၂၇၆ဝဝဝ တန်ဖိုးရှိ "The Diamond Shoe" အမည်ရှိ စိန်စီရှူးဖိနပ် သည် ကမ္ဘာ့ဈေး အကြီးဆုံး ရှူးဖိနပ် အဖြစ် ကမ္ဘာ့မှတ်တမ်း စာအုပ်တွင် စံချိန်တင်ခဲ့ကြောင်း သိရသည်။
နယူးဇီလန် နိုင်ငံမှ ဒီဇိုင်နာ ကာသာရင် ဝီလ်ဆင်က ယင်းဖိနပ်အား ပေါင်တစ်သန်း တန်ဖိုးရှိ စိန်ဖြူလေးပုံ တစ်ပုံခန့်ကို အသုံးပြု၍ Sarah Hutchings of Auckland's Orsini Fine ကျောက်မျက်ရတနာ ကုမ္ပဏီ၏ အကူ အညီဖြင့် ဖန်တီးခဲ့သည်။

သင်းခွေချပ်အကြောင်း သိကောင်းစရာ



  သင်းခွေချပ် (Pangolin) သည် အကြေးခွံပါသော သတ္တဝါတစ်မျိုးဖြစ်သည်။ များသောအားဖြင့် သင်းခွေချပ်များ၏ ခန္ဓာကိုယ်ကို မာကျောသော အကြေးခွံ များဖြင့် ဖုံးအုပ်ထားသည်။ ထိုအကြေးခွံများသည် တခုနှင့်တခု ထိစပ်နေပြီး ခန္ဓာကိုယ်ကို အခြားပြင်ပ အန္တရာယ်များမှ ကာကွယ်နိုင်ရန် သံချပ်ကာ ဝတ်စုံ သဖွယ် ဖန်တီးပေး ထားသည်။ အန္တရာယ်နှင့် ကြုံလာသောအခါ သင်းခွေချပ် များသည် ဘောလုံးသဖွယ် ကိုယ်ကို လုံးလိုက်ခြင်း အားဖြင့် မာကျောသော အလုံးကြီး ဖြစ်သွားသည်။

ခွဲစိတ် ကုသမှုကြောင့် မျက်နှာပြင် တစ်ခြမ်း ဆုံးရှုံးသွားခဲ့သည့် အမျိုးသားတစ်ဦး အတွက်3D မျက်နှာပြင် ဗြိတိသျှ ဆရာဝန်များ ဖန်တီး


လန်ဒန်  ဧပြီ  ၂
လွန်ခဲ့သော လေးနှစ်ခန့်က ဗြိတိန် နိုင်ငံမှအဲရစ် မော်ဂျာအမည်ရှိ အမျိုးသားတစ်ဦး၏ မျက်နှာပြင် အရေပြားအောက်တွင် တင်းနစ်ဘောလုံး အရွယ်ရှိ အသားပိုများ ထွက်ရှိလာမှုကို ဆရာဝန်များက ရှာဖွေတွေ့ ရှိခဲ့ပြီး ၎င်းအသား ပိုများအား အရေးပေါ် ခွဲစိတ်မှု ပြုလုပ်ခဲ့ရသည်ဟု သိရသည်။
ထိုသို့ ခွဲစိတ် ကုသမှုပြုရာတွင် ဆရာဝန်များက အဆိုပါ အမျိုးသား၏ မျက်နှာဘယ်ဘက်ခြမ်းရှိ မျက်လုံး၊ ပါးစောင်ရိုးနှင့် မေးရိုးများ ဖယ်ရှားပစ်ခဲ့ရသည်။
Related Posts Plugin for WordPress, Blogger...