Wednesday, April 24, 2013

တောင်အမေရိကမှ ထူးဆန်း ခြေတံရှည် သတ္တဝါ


ပုံမှာ မြင်တွေ့နေရတဲ့ အကောင်ပါပဲ။ သူက ဝံပုလွေမဟုတ် ပါဘူး။ မြေခွေးလည်း မဟုတ်ပါဘူး။ သမင်လည်း မဟုတ်ပါဘူး။ သမင်နဲ့ ဝံပုလွေ ဆက်ထားတဲ့ အကောင်လည်း မဟုတ်ပါဘူး။

တောင်အမေရိကန်မှာ လွန်ခဲ့သော နှစ်သန်းပေါင်း များစွာ ကတည်းက အသက်ရှင် နေထိုင်နေတဲ့ အကောင်များ ဖြစ်တယ်လို့ ဆိုပါတယ်။ ရုတ်တရက် မြင်လိုက်ရရင် ဘာကောင်မှန်း မသိအောင်ကို ထူးဆန်း နေမှာပါ။ အကောင်အရေအတွက် နည်းပြီး တောင် အမေရိက တောနက်တွေထဲမှာ နေထိုင်ကျက်စားပါတယ်။

Monday, April 22, 2013

နဂါးငွေ့တန်း တစ်ခုသည် ကြီးမားသော ဂြိုဟ်ကြီး တစ်လုံးအား ဝါးမြို

 
ဝါရှင်တန်  ဧပြီ  ၇
နဂါးငွေ့တန်း တစ်ခုကဲ့သို့ ကြီးမား ကျယ်ပြန့်သော တွင်းနက်ကြီး (Black Hole) တစ်တွင်းသည် ဂျူပီတာ ဂြိုဟ်ထက် ကြီးမားသော ဂြိုဟ်ပျက်ကြီး တစ်လုံးအား ဆွဲငင် ဆောင်ယူသွားကြောင်း သိပ္ပံပညာ ရှင်များက တွေ့ရှိခဲ့ကြသည်ဟု သိရသည်။ 

ကမ္ဘာ့ အကြီးဆုံး ပန်းရောင် စိန်ပွင့်ကြီးအား အမေရိကန် ဒေါ်လာ ၃၉ သန်းကျော်ဖြင့် လေလံ တင်ရောင်းချ


နယူးယောက် ဧပြီ ၁၈
ကမ္ဘာပေါ်ရှိ အကြီးမားဆုံး ပန်းရောင် စိန်များအနက် တစ်ခု အပါအ၀င် ဖြစ်သော Princie Diamond အမည်ရှိ ရှားပါး အိန်္ဒိယ စိန်ပွင့် တစ်ပွင့်ကို နယူးယောက် မြို့ရှိ Christie's လေလံ ကုမ္ပဏီတွင် အမေရိကန် ဒေါ်လာ ၃၉ ဒသမ ၃ သန်းကျော်ဖြင့် လေလံတင် ရောင်းချနိုင် ခဲ့ကြောင်း သိရသည်။
Princie Diamond အမည်ရှိ စိန်ပွင့်ကို အမည် မဖော်လိုသူ တစ်ဦးက ဖုန်းဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်ကြောင်း Christie's လေလံ ကုမ္ပဏီက ပြောကြားခဲ့သည်။

ဒိုင်နိုဆော များသည် ရေကူး ကျွမ်းကျင်ကြကြောင်း လေ့လာတွေ့ရှိ


ဝါရှင်တန် ဧပြီ ၂၀
ဒိုင်နိုဆော များသည် ရှည်လျားလှသော အကွာအဝေးအား ကျွမ်းကျင်စွာ ရေကူးသွားလာ နိုင်ကြကြောင်း အယ်ဘာတာ တက္ကသိုလ်မှ သုတေသန ပညာရှင် များက လေ့ လာတွေ့ရှိ ခဲ့ကြသည်။
၎င်းသုတေသန အဖွဲ့မှ ပညာရှင် တစ်ဦးဖြစ်သူ စကော့တ်ပါဆန်သည် တရုတ် နိုင်ငံ၏ မြစ်ကြမ်းပြင် တစ်ခုတွင် ဒိုင်နိုဆောများ ခရီးဝေး သွားခဲ့ကြဟန် ရှိသည့် ခြေရာများအား အမှတ်မထင် တွေ့ရှိခဲ့ရာမှ သိရှိ ခဲ့ကြခြင်း ဖြစ်သည်။

အင်ဒိုနီးရှား နိုင်ငံမှ ရွာသားတစ်ဦး အရှည် ၄၄ ပေရှိသော တစ်ယောက်စီး စက်ဘီး တစ်စီးအား ဖန်တီး


ဂျကာတာ ဧပြီ ၂၀
အင်ဒိုနီးရှား နိုင်ငံ အရှေ့ ဂျားဗားပြည်နယ် ဘလာစီ ကျေးရွာမှ ရွာသား တစ်ဦးသည် သံပိုက် များကို အသုံးပြု၍ အရှည် ၄၄ ပေရှိသော နိုင်ငံ၏ အရှည်ဆုံး တစ်ယောက်စီး စက်ဘီး တစ်စီးအား ဖန်တီး တီထွင်ခဲ့ကြောင်း သိရသည်။
၎င်းအမျိုးသားသည် အဆိုပါ စက်ဘီးအား သံချောင်းအရှည် ၈၄ ပေအား အသုံးပြု၍ လက်ဖြင့် ဖန်တီး တီထွင်ထားခြင်း ဖြစ်ပြီး ၎င်းစက်ဘီးတွင် လူတစ်ဦးသာ လိုက်ပါ စီးနင်းနိုင်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် တစ်မျိုးတည်း ရှိသည့် ထွင်းဖောက် မြင်နိုင်သော ရေခဲငါး


တိုကျို  ဧပြီ  ၂၁
ကမ္ဘာပေါ်တွင် တစ်မျိုးတည်း သာရှိသည့် ထွင်းဖောက်မြင်နိုင်သော ရေခဲငါးမျိုးစိတ် တစ်မျိုးအား ဂျပန်နိုင်ငံ ငါးပြတိုက်က ထုတ်ဖော် ပြသခဲ့သည်ဟု သိရသည်။ အဆိုပါ ငါးမျိုးတွင် သွေးကိုနီ စေသော ဟီမိုဂလိုဗင် ဓာတ်နှင့်ကြေးခွံများ မပါရှိကြောင်း သိရသည်။

Wednesday, April 17, 2013

ဆွီဒင်နိုင်ငံမှ ချုံပုပ်ဟိုတယ်


ဆွီဒင်နိုင်ငံ၊ Kolarbyn မြို့ အနီးမှာ ရှိတဲ့ သစ်တော တစ်ခုမှ ဖန်တီးထား တာ ဖြစ်ပါတယ်။
... ကြယ်နှစ်ပွင့်အဆင့်ရှိလည်းတော့ မသိပါဘူး။ ဟိုတယ်မှာ မီးမရပါဘူး။ ညဘက်ဆိုရင် ဖယောင်းတိုင်မီးထွန်းလို့ ခင်းကျင်းရမှာ ဖြစ်ပါတယ်။ အခန်း ၁၂ ခန်းရှိပတယ်။ တောင်ပို့ပမာ ဖန်တီးပြီး သစ်ပင်၊ သစ်ငုပ်များနဲ့ အဆင်ပြေသလို ဖန်တီးပေးထားပါတယ်။ သို့ပေမယ့် ခိုင်ခံ့မှုတော့ ရှိပါတယ်။ မိုး၊ရေ၊လေ ဒဏ် ကင်းဝေးပြီး ကမ္ဘာ့ရှေးအကျဆုံး ဟိုတယ် အရသာ ကို ခံစားနိုင်ရန် ဖန်တီးထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ယင်းဟိုတယ်ကို ဆွီဒင်ရဲ့  ရှေးအကျဆုံး ဟိုတယ် အဖြစ် မှတ်တမ်း တင်စေခဲ့ကြောင်း သိရပါတယ်။
--
Ref: kispower
ရိုးရာလေး

Related Posts Plugin for WordPress, Blogger...