ကျွန်တော်ဆိုဒ်မှာ ပိုစ့်တွေက နည်းနည်းလဲ များလာပါပြီ။
ပိုစ့်အဟောင်းတွေကိုလည်း ပြန်မကြည့်ဖြစ်ခဲ့ပါ။
အခုပြန်ကြည့်မိမှ တစ်ချို့ပိုစ့်တွေက ပုံတွေ မမြင်ရတော့တာသိရပါတယ်။
ဒါကြောင့် ရှေ့လျှောက်ပိုစ့်အဟောင်းက ပုံများကို ပြန်ရှာလို့ရရင် ပြန်ပြင်ပြီးတော့တင်ပေးပါမယ်။
ပုံတွေမမြင်ရတော့တာကို အသိပေးကြတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။
နောက်လည်းအခက်အခဲရှိရင် ပြောပေးကြပါခင်ဗျာ။
တစ်ခါတည်း တင်တုံးက ထူးဆန်းတဲ့ သတင်းဖြစ်ပေမယ့် အခုအခါ သိပ်မဆန်းတော့တဲ့
ပိုစ့်များကိုပါ ဖြတ်သိမ်းလိုက်ပါတော့မယ်။ဒါကြောင့် သူငယ်ချင်းများက ဒီဆိုဒ်မှတစ်ခြားဆိုဒ်များသို့ ပြန်လည်မျှဝေထားသောပိုစ့်များ ၊ ဓာတ်ပုံများပါသွားလျှင်ခွင့်လွှတ်ကြပါလို့တောင်းပန်ရင်း...
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ...........နေခရမ်း
နေခရမ်း....
|
Saturday, July 13, 2013
အံ့မခန်းဖန်တီးမှုများ
..အံ့မခန်းဖန်တီးမှုများကိုမိတ်ဆက်ပေးလိုက်ပါတယ်နော်...

အထဲမှာမိန်းမအကြီးကြီးရှိတယ်...
ဟိုလူကမယုံလို့ တက်ကြည့်တာHotdog အစားပြိုင်ပွဲတွင် ကမ္ဘာ့စံချိန်တင်
အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ဇူလိုင်လ ၄ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် Hotdog မုန့်အစားပြိုင်ပွဲကို ကမ္ဘာတစ်ဝန်းမှ ၀ါသနာရှင်များ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကယ်လီဖိုးနီးယား ပြည်နယ်မှ ဂျို ရီချက်ဇ်နက်ဆိုသူက ၁၀ မိနစ်တွင် Hotdog ၆၉ ခုထိ စားပြပြီး ကမ္ဘာ့စံချိန်သစ် တင်သွားခဲ့သည်။ ၎င်းသည် ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ တစ်သောင်းနှင့် အ၀ါရောင် ချန်ပီယံ ခါးပတ်ကိုပါ ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ပြိုင်ပွဲတွင် ဂျိုရီသည် Hotdog ၆၂ ခု စားပြပြီး စံချိန်တင်ထားခဲ့ရာ ၎င်း၏ စံချိန်ဟောင်းကို ကိုယ်တိုင် ချိုးဖျက်ပြီး စံချိန်သစ် တင်ခဲ့ခြင်း ဖြစ်သည်။
ဂရင်းကင်ညွန်ချောက် ကောင်းကင်ယံတွင် လူစွန့်စားများ နားခိုအိပ်စက်
အမေရိကန်နိုင်ငံ ယူတားပြည်နယ် မော့ဘ်မြို့အနီး ဂရင်းကင်ညွန် ချောက်ထိပ်ပိုင်း တစ်ဖက် တစ်ချက်စီကို ကြိုးတန်းများ သွယ်တန်းကာ အလည်တည့်တည့်၌ လူစွန့်စားအဖွဲ့က တစ်ညတာ အိပ်စက်ပြခဲ့သည်။ ၎င်းစတန့်အဖွဲ့ကို အန်ဒီလူးဝှစ်က ဦးဆောင်ပြီး ချောက်ကမ်းပါး အောက်ခြေမှ အမြင့်ပေ ၄၂၀ အထက်တွင် ကြိုးတန်းအလယ် တည့်တည့်၌ ရွက်ဖျင်တဲ ထိုးပြီး အိပ်စက် ပြသခဲ့ခြင်း ဖြစ်သည်။ ချစ်သူနှင့် တစ်ညတာ လေထဲတွင် အိပ်စက်ရသည်ကို တစ်သက်တာ မေ့ဖျောက်၍ ရနိုင်တော့မည် မဟုတ်ဟု အဖွဲ့ဝင် တစ်ဦး ဖြစ်သူ အန်ဒီလူးဝှစ်၏ ချစ်သူ ဟေလေအက်ရှ်ဘမ်းက ပြောကြားသွားခဲ့သည်။
Friday, July 12, 2013
အံ့သြစရာအနုပညာ
ဝါးတွေကိုသုံးပြီး ဖန်တီးထားတဲ့ တကယ့်အံ့သြစရာလက်မှုပညာတွေပါ ။
အသက် ၃၈ နှစ်အရွယ် TV အအစီအစဉ်ကြေငြာသူ Stan Munro ရဲ့
အနုပညာလက်ရာတွေပါ ။
ကမ္ဘာအရပ်ရပ်က ထင်ရှားကျော်ကြားတဲ့ အဆောက်အဦးပုံစံတူတွေပေါ့ ။
ကမ္ဘာ့အထင်ကရစစ်ပွဲများ
အစောဆုံးစစ်လက်နက် ----------> သစ်သားလှံအကျိုးတစ်ခုဖြစ်သည်။၁၉၁၁ခုနှစ်ဧပြီလအင်္ဂလန်
ကျွန်းအက်ဆက်ပြည်နယ်တွင်တွေ့ခဲ။ လှံကျိုးသက်တမ်းမှာသိပ္ပံနည်း
ဖြင့်စစ်ဆေးနိုင် သည့်သက်တမ်းထက်ပင်ကျော်လွန်နေသေးသည်ဟုဆိုသည် ပညာရှင်များက
ထိုလှံကျိုးကိုခ ရစ်မပေါ်မှီနှစ်ပေါင်း၂သိန်းခန့်မှစစ်လက်နှက်တခုဖြစ်သည်ဟုခန့်မှန်းကြသည်။
အရှည်ကြာဆုံးစစ်ပွဲ---->ကမ္ဘာသမိုင်းတွင်ဖြစ်ပွားသောစစ်ပွဲကြီးများအနက်ကာလအရှည်ကြာ
ဆုံးစစ်ပွဲများအင်္ဂလန်နှင့်ပြင်သစ်တို့ဖြစ်ပွားခဲ့ကြသောနှစ်တရာစစ်ပွဲဖြစ်
သည်။ သက္ကရာဇ်၁၃၃၈မှ၁၄၅၃ ထိ ၁၁၅နှစ်တိုင်တိုင်ဖြစ်ပွားခဲ့သည်။
ထိုအတူပြတ်တောင်း
ပြတ်တောင်းဖြစ်ပွားခဲ့သောခရူးဆိတ်စစ်ပွဲမှာလည်းပထမခရူးဆိတ်စစ်ပွဲ(၁၀၉၆-၁၁၀၄)မှန၀မ
ခရူးဆိတ်စစ်ပွဲ(၁၂၇၀-၁၂၉၁)
အထိသက်တမ်းအားဖြင့်၁၆၅နှစ်ကြာမြင့်ခဲ့သည်ဟုဆိုနိုင်သည်။
အတိုဆုံးစစ်ပွဲ----------> ကမ္ဘာအတိုဆုံးစစ်ပွဲမှာ ဗြိတိန်နိုင်ငံနှင့်အာဖရိကတိုက်မှဇန်ဇီဘာ(ယ
ခုတန်ဇန်နီးယားနိုင်ငံ၏တစိတ်တဒေသ) တို့ဖြစ်ပွားသောစစ်ပွဲဖြစ်
သည်။၁၈၉၆ခုနှစ်သြဂုတ်လ၂၇ရက်နေ့ နံက်၉နာရီ၂မိနစ်မှ၉နာရီ၄၀မိနစ်အထိသာကြာသည်။
ဗြိတိသျှရေကြောင်းဗိုလ်ချူပ်ဟယ်ရီဟိုးဝပ်ရော်ဆင်ဦးစီးသောဗြိတိသျှရေတပ်ဖွဲ့သည်ကိုယ့်
ကိုယ်ကိုဘုရင်မြှောက်ပြီးနန်းတက်နေသောဆူလတန်ဆစ်ခါလစ်ကိုနန်းတော်မှထွက်၍လက်
နက်ချရန်ရာဇသံပေးသည်။
မလိုက်နာသောကြောင့်တပ်ဖွဲ့မှ၃၈မိနစ်ကြာအမြှောက်များဖြင့်ပစ်
ခတ်ပြီးသောအခါမှလက်နက်ချသည်။

Wednesday, July 10, 2013
ကမ္ဘာ့အကြီးဆုံးနန်းတော်များ
ကမ္ဘာ့အကြီးဆုံးနန်းတော်များကို ၁ မှ ၁၀ အထိတင်ပေးပါမယ်။
မှတ်တမ်းများဟာ တစ်ခုနှင့်တစ်ခု မတူပဲကွဲပြားပါတယ်။အခုတင်ပြမှာက
အလှပဆုံး၊ အကျော်ကြားဆုံး ၊ စာရင်းမဟုတ်ပဲ တည်ဆောက်ထားတဲ့မြေနေရာနှင့်
အဆောက်အဦးတွေထဲမှာ အကြီးဆုံးနန်းတော် ၊ စံအိမ်များဖြစ်ပါတယ်။
ဒါတောင် wiki နှင့် Guinness မှတ်တမ်းနှစ်ခုတွင် ကွဲလွဲနေပါသေးတယ်။
ဆက်လက်အားပေးကြပါအုံးနော်...
ပြင်သစ်နိုင်ငံမှာတည်ရှိပြီး ဘုရင့်နန်းတော်အဖြစ် နှစ်ပေါင်း ၃၀၀လောက်အသုံးပြုခဲ့ပါတယ်။
အခုအခါမှာတော့ ပြတိုက်အဖြစ် ဖွင့်လှစ်ထားပါတယ်။
210,000 square metres (2,260,421 sq ft) ကျယ်ဝန်းပြီး wiki စာရင်းတွင် နံပါတ်တစ်
ပေးထားပါတယ်။ သို့သော် ဂရင်းနစ်မှတ်တမ်းမှာတော့ အောက်က နန်းတော်ကိုသာ
ကမ္ဘာ့အကြီးဆုံးလို့မှတ်တမ်းတင်ထားတာကို တွေ့ရှိရပါတယ်။

(၁) Louvre Palace

အကြောင်းအရာ
ဂရင်းနစ်မှတ်တမ်းများ,
ထူးဆန်းအဆောက်အဦးများ
Subscribe to:
Posts (Atom)