Thursday, October 3, 2013

ကမ္ဘာ့ဈေးအကြီးဆုံး မော်တော် ဆိုင်ကယ် FE Ti XX


FE Ti XX လို့အမည်ပေးထားတဲ့ ဆိုင်ကယ်ကို Ecosse Moto Works မှ ထုတ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။
အင်ဂျင်အရွယ် ၂၄၀၀ စီစီ ရှိပြီး အလူမီနီယာသားနဲ့ ပြုလုပ် ထားတဲ့ အင်ဂျင် ဖြစ်ပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်မှု ၂၂၅ ရှိပြီး ဆိုင်ကယ် ပေမယ့် ပြိုင်ကား နီးနီး စွမ်းဆောင်ရည်ရှိတဲ့ ဆိုင်ကယ် ပဲ ဖြစ်ပါတယ်။ ဆိုင်ကယ်ဝယ်ရင် FE Ti XX အမှတ်တံဆိပ်ပါ နာရီတစ်လုံး ပါ လက်ဆောင် ပေးတယ်လို့ ဆိုပါတယ်။
ဆိုင်ကယ်ရဲ့  ကာလတန်ဖိုးက အမေရိကန်ဒေါ်လာ ၃ သိန်းပြီး ပထမ တစ်သုတ်ကို တရုတ်ပြည်သို့ စတင်တင်ပို့ ရောင်းချလိုက်ပါပြီ။ FE Ti XX ကို ဆက်လက်ပြီးတော့ ကမ္ဘာ့အနှံ့ဖြန့်ချိမှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: autoblog
ရိုးရာလေး

Wednesday, October 2, 2013

ဂျပန်နိုင်ငံမှ ကမ္ဘာ့ပထမဆုံး လေမှုတ်သွင်း ခန်းမကြီး


Ark Nova ခန်းမကြီးကို လေမှုတ်ခန်းမ၊ ဖောင်းပွခန်းမ၊ သို့မဟုတ် လေသွင်းရုပ်လုံး ခန်းမဟု အမည်ခေါ်ဝေါ်ရမည် ဖြစ်သည်။ သို့သော်လည်း လူပေါင်း(၅၀၀)မျှ စုစည်းနေနိုင်မည့် ယင်းခန်းမကျယ်ကြီးကို အဆောက်အအုံ တစ်ခုအနေဖြင့် တည်ဆောက်ထားခြင်း မဟုတ်သည်က ထူးခြားမှု တစ်ခုဖြစ်သည်။ ပိုလိုင်စတာ ဖြည့်တင်းပေးထားသည့် ကိုယ်ထည်ဖြင့် တည်ဆောက်ထားသည့် လေမှုတ်သွင်းနိုင်သော ပစ္စည်းကြီးသည် ယခုအခါ သဘာဝ ဘေးအန္တရာယ်များ ထိခိုက်ခံစားခဲ့ရသည့် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသသို့ ရောက်ရှိနေပြီ ဖြစ်သည်။
 လေအပြည့်ဖြည့်ပြီး ဖောင်းကြွအောင် ပြုလုပ်လိုက်ချိန်တွင် အလျား(၃၅)မီတာ၊ အနံ(၁၈)မီတာမျှ အကျယ်အဝန်းရှိသည့် ခရမ်းရောင် ခန်းမကြီးတစ်ခုအသွင် ကူးပြောင်းသွားသည်။ ယင်းကို ဇာတ်ရုံအဖြစ်၊ ဟောပြောပွဲ ခန်းမအဖြစ်၊ အစည်းအဝေးခန်းမအဖြစ် ဘက်စုံ အသုံးပြုနိုင်သည်။ စိတ်ကူးစိတ်သန်း ကောင်းမွန်သည့် အဆိုပါ လေမှုတ်သွင်း ခန်းမကြီးကို မတ်ဆူရှီမာမြို့တွင် ထားရှိမည် ဖြစ်သည်။

Bobtail ပြည်ကြီးငါးတို့၏ သဘာဝ အလှတရားများ


Bobtail ပြည်ကြီးငါးများသည် ပင်လယ်သမုဒ္ဒရာများမှ သဘာဝ အလှတရားများအဖြစ် ရေအောက် ဓာတ်ပုံဆရာ တစ်ဦးက သက်သေထူ ပြသလိုက်သည်။ အဆိုပါ ပြည်ကြီးငါးများ၏ ခန္ဓာကိုယ်တွင် ဖွဲ့စည်းပါဝင်သည့် ထောင်နှင့်ချီသော ပြင်ပအရေပြားလွှာ ဆဲလ်များသည် အရောင်များကို အမျိုးမျိုး ပြောင်းလဲနိုင်စွမ်းရှိသည်။ ယင်းပြည်ကြီးငါးများသည် မိတ်ဖက်ကို ဆွဲဆောင်ရန်နှင့် သဘာဝနှင့် လိုက်လျောညီထွေ ရှိစေရန် အရောင်အပြောင်းအလဲများ ပြုလုပ်လေ့ရှိပြီး ယင်းစွမ်းရည်သည် ၎င်းတို့အား အဏ္ဏဝါ ရေပြင်၏ ထူးခြားလှပသည့် သက်ရှိများအဖြစ် ပုံဖော်ခွင့် ရစေခဲ့သည်။ ရေအောက် ဓာတ်ပုံများ ရိုက်ကူးလေ့ရှိသည့် တော့ဒ်ဘရတ်တဲလ်သည် ထိုပြည်ကြီးငါးများ၏ လှပသော ဓာတ်ပုံများကို အမိအရ ရိုက်ကူးနိုင်ခဲ့သည်။

Thursday, September 26, 2013

ကမ္ဘာ့အကြီးဆုံးအဏ္ဏ၀ါပြတိုက်များ

ကမ္ဘာ့အကြီးဆုံးအဏ္ဏ၀ါပြတိုက်များ ဆိုတာ ကြီးမားတဲ့ ငါးမွေးကန်တွေပါပဲ။
ဒါပေမယ့် အလှမွေးငါးမျိုးတွေသာမက ကြီးမားသောဆိုတဲ့ ဂုဏ်အင်နှင့်ညီစွာ
ငါးမန်းကဲ့သို့ ငါးမျိုးများကိုပါ ထည့်သွင်းထားတက်ကြပါတယ်။ထို့ပြင် အခြားရေနေ
သတ္တ၀ါများကိုပါ ထည့်သွင်းတည်ဆောက်ထားပါသဖြင့် ကြည့်ရှုသူများအနေဖြင့်
အဏ္ဏ၀ါရေပြင်အောက်ကို ရောက်ရှိသွားသကဲ့သို့ခံစားရမှာပါ။ဒီပိုစ့်မှာ နေခရမ်း၏
ထုံးစံအတိုင်း ကမ္ဘာ့အကြီးဆုံးအဏ္ဏ၀ါပြတိုက်တွေကို အစဉ်လိုက်စုစည်းတင်ပြ
ပေးပါမယ်။ အားပေးကြပါအုံးနော်...
(၁) Singapore

ပထမဆုံးတင်ပြမှာက ၂၀၁၂ ခုနှစ်တွင်ဖွင့်လှစ်ခဲ့တဲ့ စင်ကာပူနိုင်ငံ မှ အဏ္ဏ၀ါပြတိုက်ပါ။
ရေပမာဏအားဖြင့် 10 million gallons အထိထည့်သွင်းထားပါတယ်။

(၂) Georgia Aquarium 

တစ်ချိန်ကကမ္ဘာ့အကြီးဆုံးစာရင်းဝင် ကတော့ Atlanta, Georgia တွင် တည်ရှိပါတယ်။
ဒီအဆောက်အဦးထဲက ငါးကန်ကြီးထဲမှာ ရေပမာဏ24 million liter(6,3 million gallons) အထိ 
ထည့်သွင်းထားပါတယ်။၂၀၀၅ ခုနှစ် နိုဝင်ဘာလ မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။
ဝေလ ၊ ငါမန်း အစစ်များကို ထည့်သွင်းထားပါတယ်။

Tuesday, September 24, 2013

ကမ္ဘာ့အကြီးဆုံး စက်ဘီးကြီး


၂၀၁၄ ခုနှစ်မှာ ကမ္ဘာ့အကြီးဆုံး စက်ဘီးကြီးကို ဂျာမနီနိုင်ငံမှ
Didi Senft က တည်ဆောက်ခဲ့ပါတယ်။ ဒီစက်ဘီးကြီးဟာ တကယ်နင်းလို့ရပြီး
အတိုင်းအတာအားဖြင့် 7.8 m (25 ပေ 7.09 လက်မ)ရှည်ပြီး ၊
3.7 m (12 ပေ 1.67 လက်မ) အမြင့်ရှိပါတယ်။
အလေးချိန်အားဖြင့် 150 kg (330.69 lb) ရှိပါတယ်။ ထိုစက်ဘီးကြီး၏
ဘီး တစ်ခု၏ အချင်းဟာ 3.3 m (10 ပေ 9.92 လက်မ) အထိကြီးမားပါတယ်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ.............  နေခရမ်း
Related Posts Plugin for WordPress, Blogger...