Saturday, October 5, 2013

အမေရိက တွသ် ညဉ့် နက် သန်းခေါင် ၌ အပြာရောင် မီးလုံး ကြီး ဖြတ်သွား



ရထားတွဲဟောင်းများကို ဇိမ်ခံ တည်းခိုခန်းများ အဖြစ် ဖန်တီး




နဖူးတည့်တည့် သို့ ပေါက်ချွန်းစိုက်ဝင်သွားသော်လည်း အသက်မသေသူ




ref: ပြည်မြန်မာ

အချစ်သီချင်းသံ ကြားတိုင်း ငိုရသည့် သားလေး



ref:ပြည်မြန်မာ

အမှတ်တမဲ့အလွဲများ ( ၃၅ )

အမှတ်တမဲ့အလွဲများကို ကျွန်တော်တင်လာတာ အပိုင်း ၃၅ အထိရောက်လာပါပြီ။
အားပေးကြတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။ဆက်လက်အားပေးကြပါအုံးနော်...
အံမယ်...သူကများလာတွန်းနေသေးတယ်...
 
ကဲ...၀ိုင်းတွန်းပေးကြပါအုံးဗျာ...
 

Thursday, October 3, 2013

ကမ္ဘာ့ဈေးအကြီးဆုံး မော်တော် ဆိုင်ကယ် FE Ti XX


FE Ti XX လို့အမည်ပေးထားတဲ့ ဆိုင်ကယ်ကို Ecosse Moto Works မှ ထုတ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။
အင်ဂျင်အရွယ် ၂၄၀၀ စီစီ ရှိပြီး အလူမီနီယာသားနဲ့ ပြုလုပ် ထားတဲ့ အင်ဂျင် ဖြစ်ပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်မှု ၂၂၅ ရှိပြီး ဆိုင်ကယ် ပေမယ့် ပြိုင်ကား နီးနီး စွမ်းဆောင်ရည်ရှိတဲ့ ဆိုင်ကယ် ပဲ ဖြစ်ပါတယ်။ ဆိုင်ကယ်ဝယ်ရင် FE Ti XX အမှတ်တံဆိပ်ပါ နာရီတစ်လုံး ပါ လက်ဆောင် ပေးတယ်လို့ ဆိုပါတယ်။
ဆိုင်ကယ်ရဲ့  ကာလတန်ဖိုးက အမေရိကန်ဒေါ်လာ ၃ သိန်းပြီး ပထမ တစ်သုတ်ကို တရုတ်ပြည်သို့ စတင်တင်ပို့ ရောင်းချလိုက်ပါပြီ။ FE Ti XX ကို ဆက်လက်ပြီးတော့ ကမ္ဘာ့အနှံ့ဖြန့်ချိမှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: autoblog
ရိုးရာလေး

Wednesday, October 2, 2013

ဂျပန်နိုင်ငံမှ ကမ္ဘာ့ပထမဆုံး လေမှုတ်သွင်း ခန်းမကြီး


Ark Nova ခန်းမကြီးကို လေမှုတ်ခန်းမ၊ ဖောင်းပွခန်းမ၊ သို့မဟုတ် လေသွင်းရုပ်လုံး ခန်းမဟု အမည်ခေါ်ဝေါ်ရမည် ဖြစ်သည်။ သို့သော်လည်း လူပေါင်း(၅၀၀)မျှ စုစည်းနေနိုင်မည့် ယင်းခန်းမကျယ်ကြီးကို အဆောက်အအုံ တစ်ခုအနေဖြင့် တည်ဆောက်ထားခြင်း မဟုတ်သည်က ထူးခြားမှု တစ်ခုဖြစ်သည်။ ပိုလိုင်စတာ ဖြည့်တင်းပေးထားသည့် ကိုယ်ထည်ဖြင့် တည်ဆောက်ထားသည့် လေမှုတ်သွင်းနိုင်သော ပစ္စည်းကြီးသည် ယခုအခါ သဘာဝ ဘေးအန္တရာယ်များ ထိခိုက်ခံစားခဲ့ရသည့် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသသို့ ရောက်ရှိနေပြီ ဖြစ်သည်။
 လေအပြည့်ဖြည့်ပြီး ဖောင်းကြွအောင် ပြုလုပ်လိုက်ချိန်တွင် အလျား(၃၅)မီတာ၊ အနံ(၁၈)မီတာမျှ အကျယ်အဝန်းရှိသည့် ခရမ်းရောင် ခန်းမကြီးတစ်ခုအသွင် ကူးပြောင်းသွားသည်။ ယင်းကို ဇာတ်ရုံအဖြစ်၊ ဟောပြောပွဲ ခန်းမအဖြစ်၊ အစည်းအဝေးခန်းမအဖြစ် ဘက်စုံ အသုံးပြုနိုင်သည်။ စိတ်ကူးစိတ်သန်း ကောင်းမွန်သည့် အဆိုပါ လေမှုတ်သွင်း ခန်းမကြီးကို မတ်ဆူရှီမာမြို့တွင် ထားရှိမည် ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...