Wednesday, February 10, 2016
သုံးဘီးဆိုင်ကယ် (ခေါ်) တုတ်တုတ်ယာဉ် နဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တင်
tuk2 2350052b jpg?itok=8r Lzacq1
ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့်ရုပ်ထုများ
ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့်ရုပ်ထုများ( Tallest Statues in the World )
အကြောင်းကို တင်ပြပေးပါမယ်။
အမြင့်ဆုံး အတော်များများ မှာ ဘာသာရေးဆိုင်ရာ ရုပ်ပွားတော် များဖြစ်ပြီး ၊
အခြား အမှတ်တရ အထိမ်းအမှတ် ရုပ်ထုများလည်း ပါဝင်ကြပါတယ်။
အားပေးကြပါအုံး သူငယ်ချင်းတို့...
(၁)Spring Temple Buddha
Capture
ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့်ရုပ်ထု ကတော့ တရုတ်နိုင်ငံ ၊  Henan ပြည်နယ်
မှာတည်ရှိပါတယ်။ မှတ်တမ်းတင်  အမြင့် 128 m (420 ပေ) ရှိသော်လည်း ၊ ကြာဖူး
ပလ္လင် အမြင့်နှင့် အောက်ခံ တွေပါဆို စုစုပေါင်း 208 m (682 ပေ) ဟု ဆိုကြပါတယ်။
ရုပ်ပွားတော်၏ အောက်တွင် ဘုန်တော်ကြီးကျောင်းကို တွဲစပ်တည်ဆောက်ထားပါတယ်။
spring temple buddhaa271e399b05e80d1e48b
ကြည်ညိုဖွယ်အဝေးမှမြင်ရပုံပါ...
ဒီရုပ်ပွားတော် သည် ကြေးသွန်းရုပ်ပွားတော် ဖြစ်ပြီး ကြေးတန်ချိန် 1,000 ဖြင့်
တည်ဆောက်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ကမ္ဘာ့အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၀၁ ခုနှစ်အထိ
အာဖဂန်နစ်စတန် မှ တာလီဘန်တို့ ဗုံးခွဲဖြိုချခြင်းခံရတဲ့ Buddhas of Bamiyan
ရုပ်ပွားတော်သည် ကမ္ဘာ့အမြင့်ဆုံးပါ။ ထိုအကြောင်းကို နောင် သက်သက် ပိုစ့်အတို
ရေးပါမည်။
Friday, January 29, 2016
သေရွာပြန်ဖြစ်ပြီးကာမှ တကယ်သေရရှာသူ
420646 466756103411527 1752395829 nတကယ်ပဲ ကံဆိုးလို့သေရရှာတဲ့ အမျိုးသမီးကြီးတစ်ယောက်အကြောင်းကို တင်ပြ
ပေးခြင်ပါသည်။ ရုရှနိုင်ငံ Kazan  ဒေသတွင် နေထိုင်သူ အသက် ၄၉ နှစ်ရှိ
Fagilyu Mukhametzyanov အမည်ရှိ အမျိုးသမီးကြီးသည် အမှန်တကယ်သေဆုံးပြီ
ဖြစ်ကြောင်း ဆရာဝန်မှ သတ်မှတ်ခဲ့ပါသည်။ ထို့နောက် သူမကိုသဂြိုလ်ရန်
ပြင်ဆင်ခဲ့ပြီး သဂြိုလ်ရန် အချိန်ရောက်ကာမှ ပြန်လည်ပြီး အသက်ရှင်ထလာခဲ့ပါသည်။
ထိုကဲ့သို့ ထူးထူးဆန်းဆန်းပြန်လည် ရှင်သန်လာမှုကြောင့် အနားတွင် ရှိနေကြသူများသည်
အံ့သြမင်သက် ကြောက်ရွံ့မှုဖြစ်ပေါ်ခဲ့ကြပြီး သူမအား ၀ိုင်း  ကြည့်နေခဲ့ကြပါသည်။
သေရွာပြန်လာသူ Fagilyu မှာ ထိုကဲ့သို့ သူမကို တအံ့တသြ ၀ိုင်းကြည့်နေသူများကို
ရုတ်တရက် တွေ့လိုက်ရချိန်တွင် အလွန်ထိတ်လန့်တုန်လှုပ်ကာ heart attack
နှလုံးဖောက်ပြန်ကာ ချက်ချင်းပြန်လည်၍ သေဆုံးခဲ့ရရှာပါသည်။ 
 ၂၀၁၁ ခုနှစ်က ဖြစ်ခဲ့ရခြင်းဖြစ်ပါသည်။
သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရပေမယ့် ထိတ်လန့်ပြီး ပြန်လည်သေဆုံးခဲ့ရတဲ့
သူမဘ၀ကို သနားမိပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း
အမှတ်တမဲ့ အလွဲများ ( ၄၈ )
ဒီတစ်ခေါက်ရဲ့အလွဲလေးတွေကို အားပေးကြပါအုံးနော်....
ကဲ...အားရပါးရသာ ထိုးတော့ဗျာ...
IMG 20151128 232447
ဟိုက်...ပင်ပန်းလို့ဝင်အိပ်နေတာလားဟင်
FB IMG 1450349400034
Thursday, January 21, 2016
သမိုင်းတလျှောက် ကမ္ဘာ့အရပ်အရှည်ဆုံးအမျိုးသမီးများ
အခုတင်ပြပေးမှာက ကမ္ဘာ့သမိုင်းတစ်လျောက် အရပ်အရှည်ဆုံး အမျိုးသမီးများကို
စုစည်းပြီး တင်ပေးတာပါ။
(၁) Zeng Jinlian
woman car
ဒီ တရုတ်ပြည်မှ အမျိုးသမီးဟာ ဂရင်းနစ်မှတ်တမ်းတင်ထားနိုင်တဲ့ သမိုင်းတစ်လျောက်တွင်
အရပ်အရှည်ဆုံးအမျိုးသမီးအဖြစ် အမြဲတမ်း သတ်မှတ်ခံရပါတယ်။ အခုထက်ထိ မှတ်တမ်းတွေ
အရ သူ့လောက်အရပ်ရှည်သော အမျိုးသမီး မရှိကြသေးပါဘူး။ သူ့မအရပ်သည်
၂၄၈ စင်တီမီတာ (8 ပေ 1 ¾ လက်မ) အထိရှိပါသည်။သူမဟာ ကျောရိုးကွေးကောက်သည့်
ဝေဒနာ ခံစားခဲ့ရပြီး အရပ်အပြည့် တည့်တည့်မတ်မတ် မတ်တပ်ရပ်နိုင်မှု မရှိခဲ့ပါ။
သူမသည် သမိုင်းတစ်လျောက် အရပ်အရှည်ဆုံး စာရင်းဝင် အဖြစ်သာမကပဲ
ကမ္ဘာ့အရပ်အရှည်ဆုံးအမျိုးသမီးများတွင် အသက်အတိုဆုံးအဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပါသည်။
သူမသည် ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး အသက် ၁၈နှစ်မပြည့်မှီ ၁၉၈၂ ခုနှစ်တွင်
သေဆုံးခဲ့ပါသည်။ ထပ်မံအသက်ရှင်နေပါက မည်မျှ အရပ်ထပ်ရှည်မည်ကို မှန်း၍မရပါ။
အခုထက်ထိ မှတ်တမ်းများအရ သမိုင်းတစ်လျောက် ကမ္ဘာ့အရပ်အရှည်ဆုံး
အမျိုးသမီးအဖြစ် သတ်မှတ်ထားကြပါသည်။
(၂) Anna Haining Bates
w200 2785
ဒီအမေရိကန်အမျိုးသမီးကတော့ ၂၄၃ စင်တီမီတာ ( ၇ ပေ ၁၁ လက်မ)အထိအရပ်ရှည်
ပါသည်။ ၁၈၄၆ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၈၈၈ ခု သူမအသက် ၄၁ နှစ်ကျော်ကျော်မှာ
သေဆုံးခဲ့ပါသည်။ သူမ၏ နောက်ထပ်ထူးခြားသည့် မှတ်းတမ်းတစ်ခုမှာ လင်မယား
နှစ်ဦးလုံး ကမ္ဘာ့အရပ်အရှည်ဆုံး စုံတွဲ အဖြစ်ပါ ထူးထူးခြားခြားမှတ်တမ်းဝင်ခဲ့ပါသည်။
သူမ၏ အမျိုးသား Martin မှာလည်း သူမကဲ့သို့ပင် လိုက်ဖက်ညီစွာ အရပ်ရှည်ပါသည်။
Sunday, January 17, 2016
ပဟေဠိဆန်လှသော တရုတ်နိုင်ငံမှ လူပုလေးများရွာ
dwarf village
တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ ယောင်စီကျေးရွာကလေးတွင် နေထိုင်ကြသော
လူအားလုံး၏ ထက်ဝက်ခန့်သည် လူပုလေးများဖြစ်နေကြပါသည်။မသိလျှင် လူပုလေးများ
သက်သက်နေထိုင်ကြသည်ဟု ထင်မှတ်ရပါသည်။ သို့သော် ထိုသို့အရပ်ပုနေသော လူပုလေးများ
သည် ထိုကျေးရွာ၌ အစဉ်အဆက်နေထိုင်ကြသူများဖြစ်ပါသည်။ သူတို့သည် ထိုရွာကလေး၌
ရှေးနှစ်ပေါင်းများစွာကတည်းက အေးချမ်းတည်ငြိမ်စွာဖြင့် သာမာန်လူများကဲ့သို့ နေထိုင်ခဲ့ကြ
ပါသည်။ ထိုအချိန်က သူတို့အရပ်အမောင်းမှာ လည်း သာမာန်လူများအတိုင်းပင် ထွားကျိုင်း
သန်မာခဲ့ကြပါသည်။ သို့သော် ၁၉၅၀-၅၁ ခုနှစ်လောက်တွင် ထိုရွာကလေးတွင်
ထူးဆန်းသောရောဂါတစ်မျိုးဖြစ်ပွားပြီး ရွာသားများအားလုံး ဖျားနာခဲ့ကြပါသည်။
ထိုဖျားနာမှုဒဏ်ကိုခံစားခဲ့ရသော ကလေးငယ်များအနက် အချို့သည် သူတို့ရောက်ရှိနေသော
အသက်အရွယ်အပိုင်းအစားအတိုင်း ဆက်လက်ရှိနေကာ ဖွံ့ဖြိုးထွားကျိုင်းမှု မရှိကြတော့ပါ။
dwarf village2
Friday, January 15, 2016
မြန်မာပြည်တွင်း တွေ့တွေ့သမျှ...
မြန်မာပြည်အတွင်းတွေ့မိသမျှ အပေါင်းကို စုစည်းပေးလိုက်ပါသည်။
သိကြားမင်း စီးတော်ယာဉ်ပြောင်းသွားပြီဗျ
FB IMG 1451674271013
မြန်မာပြည်မှ နှစ်ထပ်ကား
FB IMG 1452282109410
Related Posts Plugin for WordPress, Blogger...