Monday, March 14, 2016

မိုင်(၇၀၀)ကျော်ခရီးပြင်းနှင်ပြီး သခင့်ဆီအရောက်ပြန်လာသည့် ကြောင်ကလေး

1418647709 bouchery cat dan bouchery
ပြင်သစ်နိုင်ငံမှ ကွတ်ကီး(Cookie) အမည်ရှိသော ချစ်စရာကြောင်ကလေးတစ်ကောင်၏
စွန့်စားခန်းကလည်း ကြောင်ချစ်သူများအနေဖြင့် ပြောစရာ တစ်ခုဖြစ်နေပါသည်။
ကြောင်ကလေး ကွတ်ကီးနှင့် သူ၏သခင်များသည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ထဲတွင်
ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ Grasse အမည်ရှိသော အရပ်သို့ ခရီးထွက်
ရင်း မမျှော်လင့်ပဲ ကြောင်ကလေး ကွတ်ကီးကို ပျောက်ဆုံးသွားခဲ့ရပါသည်။
ထိုသို့ ပျောက်ဆုံးသွားသော ကြောင်ကလေးကွတ်ကီးသည် ၂၀၁၄ ခုနှစ်
အောက်တိုဘာလထဲတွင် သူ၏သခင်နေထိုင်ရာ နော်မန်ဒီအပိုင် Calvados ဒေသသို့
တစ်ကိုယ်လုံးတွင် ဒဏ်ရာအနာတရများစွာဖြင့် ပြန်လည်ရောက်ရှိလာပါသည်။
2443526569 b9aa832558 z

Friday, March 11, 2016

ကမ္ဘာ့အသေးငယ်ဆုံး နိုင်ငံများ

ကမ္ဘာ့အသေးငယ်ဆုံး ဧရိယာရှိသော နိုင်ငံများသည် အများအားဖြင့် ကျွန်းနိုင်ငံများဖြစ်ကြပါသည်။
သို့သော် အမှတ်စဉ် (၁) ၊ (၂) ၊ (၅) နှင့် (၆) ကဲ့သို့ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်မှုရှိသော
ကုန်းတွင်းပိုင်း နိုင်ငံများလည်းပါဝင်နေပါသည်။
နေခရမ်းမှ (၁)မှ (၁၀) အထိစုစည်းပေးလိုက်ပါသည်။

(၁)  Vatican - 0.44 km²
smallest countries 1
တကယ်တော့ ဗာတီကန်စီးတီး နိုင်ငံဆိုတာ ဧရိယာပမာဏသေးငယ်သော အီတလီနိုင်ငံ ၊
ရောမမြို့လယ်က ကုန်းတွင်းပိတ် နေရာလေးတစ်ခုပါ။ အီတလီနိုင်ငံ၏ ပိုင်နက်အတွင်း
တည်ရှိနေသော်လည်း ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် အုပ်ချုပ်နေသော ဘာသာရေးဆိုင်ရာ
သာသနာ့နယ်မြေ နိုင်ငံတစ်ခုဖြစ်ပါသည်။ ရိုမန်ကက်တလစ်ခရစ်ယာန်ဘာသာ၏ အထွတ်အထိပ်
ပုပ်ရဟန်းမင်းအုပ်ချုပ်ရာ နိုင်ငံတစ်ခုဖြစ်ပါသည်။ ကမ္ဘာ့အကြီးဆုံး ခရစ်ယာန် ဘုရားကျောင်းကြီး
တည်ရှိရာနေရာပါ။ နိုင်ငံ မှာ ကမ္ဘာ့အသေးဆုံးနိုင်ငံ (ကုန်းတွင်းပိတ်နိုင်ငံ) ဖြစ်ပြီး ဧက ၁၁၀ အကျယ်အဝန်း၊
(0.44 km2 )ရှိပြီး (၂၀၁၁ ဇူလှိုင်လ စစ်တမ်းအရ) လူဦးရေ ၈၃၀ ကျော်သာ ရှိသော နိုင်ငံဖြစ်ပါသည်။
အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြီး သမိုင်းတစ်လျှောက် ဆွစ်ဇာလန်လုံခြုံရေးတပ်များ တာဝန်ယူလာသည့်
ကိုယ်ပိုင် စစ်တပ်လည်း ရှိသည်။
Location of the Vatican City in Europe svg
ရုံးသုံးဘာသာစကားမှာ အီတလီဖြစ်ပြီး ကိုယ်ပိုင် တယ်လီဖုန်း ကုမ္ပဏီ၊ ရေဒီယို၊ ရုပ်မြင်သံကြားဌာန၊
ငွေကြေးနှင့် တံဆိပ်ခေါင်းလုပ်ငန်းများ တည်ရှိသော နိုင်ငံငယ် ဖြစ်သည်။ နေ့အခါတွင် နိုင်ငံ မြို့တံခါးဖွင့်ကာ
အဝင်အထွက်ရှိသော်လည်း ညအခါတွင် နိုင်ငံနယ်နမိတ် တံခါးကို ပိတ်ထားသည်။

Thursday, March 10, 2016

မြန်မာပြည်တွင်း တွေ့တွေ့သမျှ...(၂)

တွေ့မိသမျှထဲက ကောင်းနိုးရာရာလေးတွေ စုပေးလိုက်ပါတယ်။
မူရင်း တင်သူများကို ကျေးဇူးတင်ပါတယ်။

ကယ်ကြပါအုံးဗျို့........
FB IMG 1455615607632

ညာပြလျှင် ဘယ်ကွေ့၍ ဘယ်ပြလျှင် ညာကွေ့ရပါမည်။
Photo Grid 1457338425248

Wednesday, March 9, 2016

ခြေတံရှည်ပြီးပုံစံထူးခြားနေသော မြားကဏန်း


800px Stenorhynchus seticornis ( Yellowline Arrow
ဒီပုံစံထူးခြားသည့် အကောင်လေးများသည် ကဏန်းမျိုးတွင် ပါဝင်ပါသည်။
ဒီကဏန်းကောင်လေးများ၏ ခန္ဓာကိုယ်သည် တစ်လက်မခွဲ (၄ စင်တီမီတာ) မျှသာရှိပါသည်။
သို့သော် သူတို့၏ ခြေတံတွေကတော့ အများအားဖြင့် ၄ လက်မ ( ၁၀ စင်တီမီတာ ) ရှိတတ်ပါသည်။
အင်္ဂလန်နိုင်ငံ၊ နယူးကွေးမြို့က ငါးပြတိုက်မှာတွေ့ရသည့် ဒီကဏန်းမျိုးတစ်ကောင်ကတော့
၈ လက်မ (၂၀ စင်တီမီတာ) အထိရှိပါသည်။
lg 79882 crab
သူ၏ ရှည်လျားပြီး သေးသွယ်သည့်ခြေတံပုံစံကြောင့်
မြားကဏန်း (Arrow Crab) ဟုခေါ်ကြပါသည်။
ကြည့်ရသည်မှာ ပင့်ကူနှင့်တူနေပါသည်။
arrow crab
ဒီမြားကဏန်းများသည်  ရွှေရောင် ၊ အနီရောင် ၊ အဝါရောင်၊ အပြာရောင်၊ အနက်ရောင်၊အညိုရောင် ပန်းရောင် စသည်ဖြင့်တွ့ရတတ်ပါသည်။ သူတို့၏ခြေတံတွေကတော့ အနီရောင်နှင့်
အ၀ါရောင်ရှိကြပြီး သူတို့၏ခြေသည်းတွေကတော့ အပြာရောင်နှင့် ခရမ်းရောင်ရှိကြပါသည်။
stenorhynchus seticornis
မြားကဏန်းများကို အတ္တလန်တစ် သမုဒ္ဒရာ ၊ ကာရိုလီးနားမြောက်ပိုင်း နှင့် ဘာမြူဒါဒေသ မှ
ဘရာဇီးအထိတွေ့မြင်ရပြီး ကာရစ်ဘီယံ ပင်လယ်ထဲမှာလည်းရှိပါသည်။
သူတို့သည် ပင်လယ်ရေ အနက် ၁၀-၃၀ ပေ တွင် သန္တာကျောက်တန်းများ၌ နေထိုင်
တတ်ကြပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ ................ နေခရမ်း

Tuesday, March 8, 2016

နှစ်ပေါင်း၉၉သန်းသက်တမ်းရှိတောက်တဲ့တစ်ကောင်၏ကျောက်ဖြစ်ရုပ်ကြွင်းမြန်မာနိုင်ငံမှာတွေ့ရှိ

12794571 973877356035535 1992949341811480591 n
နှစ်ပေါင်း ၉၉ သန်း သက်တမ်းရှိတဲ့ ပယင်းကျောက်ထဲက တောက်တဲ့ မျိုးနွယ်တကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို မြန်မာနိုင်ငံမှာ ရှာတွေ့ခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်အခြေစိုက် သိပ္ပံပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။
ဒါဟာ အဲဒီအမျိုးအစားထဲမှာ သက်တမ်းအရင့်ဆုံး ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ပြီး တွားသွားသတ္တ၀ါတွေနဲ့ ပတ်သက်ပြီး ပျောက်ဆုံးနေတဲ့ ကွင်းဆက် ကိုလည်းတွေ့ခဲ့ပြီလို့ သုတေသီတွေက ပြောဆိုပါတယ်။နှစ်ပေါင်း ၇၅ သန်း သက်တမ်းရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ဒီမတိုင်ခင်တုန်းက နောက်ဆုံး ရှာတွေ့ထားတာလို့ ဖလော်ရီဒါ သဘာဝ သမိုင်းပြတိုက်က သိပ္ပံပညာရှင်တွေကပြောပါတယ်။
လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်းတုန်းက ဒီကျောက်ဖြစ်ရုပ်ကြွင်းကို တခြားရှေးဟောင်းတွားသွားသတ္တ၀ါရုပ်ကြွင်းတွေနဲ့ အတူ မိုင်းလုပ်ငန်းခွင်တခုအတွင်းကနေ ရှာတွေ့ခဲ့တာပါ။ ဒါပေမယ့်လည်း သိပ္ပံပညာရှင်တွေဟာ အခုအချိန်ကြမှသာ အသေအချာဆုံးဖြတ်ချက်ချနိုင်ပါတယ်။ အခုတွေ့ရှိတဲ့ ကျောက်ဖြစ် ရုပ်ကြွင်းဟာ မွေးကင်းစ အရွယ်ဖြစ်ပြီး ပယင်းကျောက်အတွင်းမှာ ပိတ်မိနေခဲ့တယ်လို့လည်း သုတေသီတွေက ပြောပါတယ်။ ဒီကျောက်ဖြစ်ရုပ်ကြွင်းမှာ မျက်လုံးတစုံအပါအ၀င် အရောင်စုံပါဝင်ပြီး ပုံမှန်ထက်ထူးကဲကာ ဖြစ်တည်နေတယ်လို့ သိပ္ပံပညာရှင် Edward Stanley ကပြောပါတယ်။ ပယင်းကျောက်ကို မခွဲပဲ အဆင့်မြင့် Xray နည်းပညာတွေသုံးပြီး လေ့လာစူးစမ်းခဲ့တာဖြစ်ပါတယ်။
credit:ဗွီအိုအေ

တစ္ဆေသဏ္ဍာန်ရေဘဝဲတစ်ကောင်တွေ့ရှိ

ghost octopus
ရုပ်ရှင်များ၊ ပန်းချီကားများနှင့် ရုပ်ပြကာတွန်းများတွင် ပုံဖော်ရေးဆွဲလေ့ရှိသည့် တစ္ဆေများကဲ့သို့သော ပုံသဏ္ဍာန်ရှိ သည့် ရေဘ၀ဲတစ်မျိုးကို သိပ္ပံပညာရှင်များက ဟာဝိုင်အီရေနက်ပိုင်းတွင် စနေနေ့က တွေ့ရှိခဲ့သည်။သုတေသနလုပ်ငန်းသုံး ရေငုပ်ယာဉ်ငယ်တစ်စီးက သေးငယ်၍ ကြည်လင်နေသော ယင်းတစ္ဆေသဏ္ဍာန် ရေဘ၀ဲကို ဟာဝေရီယန်ကျွန်းစု အနောက်မြောက်ပိုင်းရှိ နက်ကာကျွန်းအနီး ရေအောက် အနက် ၄ ကီလိုမီတာတွင် မတော်တဆ တွေ့ရှိခဲ့ခြင်းဖြစ်သည်။လက်ရှိအချိန်တွင် အဆိုပါ တစ္ဆေသဏ္ဍာန်ရေဘ၀ဲငယ်ကို မည်သည့်မျိုးစိတ်မှဟု သတ်မှတ်ခွဲခြားနိုင်ခြင်း မရှိသေးဘဲ လေ့လာနေဆဲ ဖြစ်သည်။'' ဒီတိရ စ္ဆာန်ရဲ့ပုံစံက မှတ်တမ်းရှိထားပြီးသား ရေသတ္တ၀ါတွေထဲက တစ်ခုနဲ့မှ မတူပါဘူး။ ပြီးတော့ ဒီလောက်ရေအနက်မှာ ဒီလိုရေသတ္တ၀ါမျိုးတွေ့တာ ပထမဆုံးပါပဲ '' ဟု အမေရိကန်ပြည်ထောင်စု၏ သမုဒ္ဒရာနှင့်ဝေဟင် စီမံခန့်ခွဲရေး မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။လက်တလောတွင် အဆိုပါသတ္တ၀ါငယ်မှာ အင်တာနက်လူမှုကွန်ယက်များထက်တွင် Casper the Friendly Ghost ဟူသော အမည်ဖြင့် ရေပန်းစားလျှက်ရှိသည်။
credit:မဇ္ဇျိမ

စာက္ကူရွက်ဖြင့်ဖန်တီးထားသော ပုံလေးများ

ကဲဒီတစ်ခေါက်တော့ သူငယ်ချင်းများကို စက္ကူနှင့်ဖန်တီးထားတဲ့
ပုံလေးများ ကိုတင်ပေးလိုက်ပါတယ်။တကယ်စိတ်ကူးကောင်းကောင်း
နဲ့ ဖန်တီးထားတာပါ။ဒီဖန်တီးမှုကိုတော့  Australian  အနုပညာရှင် lisa rodden ဆိုတဲ့သူကပြုလုပ်
ထားတာပါ။

TSA ART Lisa Rodden FISH

Paper Art by Australian artist Lisa Rodden 3
Related Posts Plugin for WordPress, Blogger...