နေခရမ်း
ထူးဆန်းထွေလာ ၊ ဟာသ နှင့် သုတ/ရသလေးများ
Pages
မူလစာမျက်နှာ
ပြုံးစရာ
ဂရင်းနစ်မှတ်တမ်းများ
ထူးဆန်းလူသားများ
ထူးဆန်းတံတားများ
ထူးဆန်းအဆောက်အဦးများ
ထူးဆန်းအကြောင်းအရာများ
ထူးဆန်းနေရာများ
ထူးဆန်းသတ္တ၀ါများ
ထူးဆန်းရောဂါများ
ထူးထူးခြားခြားအနုပညာ
ထူးဆန်းမြန်မာ
သုတပဒေသာ
ဗွီဒီယိုဖိုင်
သုတ/ရသစာစုများ
ဆိုဒ်အကြောင်းလမ်းညွှန်
နေခရမ်း....
ဒီဆိုဒ်တွင်တင်သမျှကို mail ပို့ စေလိုလျှင်ဖြစ်စေ၊ ဝေဖန်အကြံပြုရန်ဖြစ်စေ
ဆိုဒ်အကြောင်းလမ်းညွှန်
နေရာတွင် ဆက်သွယ်ပေးပါ...
Thursday, May 19, 2016
မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၆ )
ရှာလို့ရသမျှ ထပ်တင်ပေးလိုက်ပါတယ်...
မှတ်တယ်ဟေ့ ၊ မှတ်တယ်ဟ....
ဘယ်အညှိးနဲ့ ရက်စက်တာလဲကွယ်...
အပြည့်အစုံဆက်လက်ဖတ်ရန် >>
Thursday, May 12, 2016
အမှတ်တမဲ့ အလွဲများ ( ၅၄ )
တွေ့မြင်သမျှ ပြုံးစရာ ပုံလေးတွေ ထပ်တင်ပေးလိုက်ပါပြီ။အားပေးကြပါအုံးဗျာ။
မမတို့ ဒုက္ခ ကလည်းမသေးပါဘူးနော်...
ကဲ...ရဲရဲသာပစ် ....
အပြည့်အစုံဆက်လက်ဖတ်ရန် >>
Friday, May 6, 2016
ကမ္ဘာ့အရှည်ဆုံး လျှာ
Adrianna Lewis ဟာ ရှည်လျားလွန်းတဲ့ လျှာကို ပိုင်ဆိုင်ထားလို့ ဒါဟာ ကမ္ဘာ့ အလျာဆုံးလျာဖြစ်နိုင်ကြောင်း သူမကိုယ်တိုင် ယုံကြည်ထားတယ်။ ၁၈ နှစ်အရွယ်မှာ သူမရဲ့ ၄ လက်မ ရှည်တဲ့ လျာကြောင့် လူမှုမီဒီယာပေါ် လူသိ များလာခဲ့ပါတယ်။ သူမရဲ့ လျှာနဲ့ နာခေါင်းကို ထိနိုင်တင်မက မြေးစေ့ကိုပါ ထိအောင် သူမ လုပ်နိုင်ခဲ့ပါတယ်။
ငယ်ငယ်ကတည်းက တမူထူးခြားတဲ့ သူမရဲ့ ဒီခန္ဓာကိုယ် အစိတ်အပိုင်းအတွက် သူမ ကျေနပ်နေခဲ့တာပါ။ ၁၃ နှစ်ရောက်တော့ Ripley’s Believe It or Not မှာ ဝင်ပြိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး YouTube channel တစ်ခု Adrianna ဟာ စတင်ခဲ့ပြီး အခုဆို အဲဒီ channel မှာ နာမည်စာရင်း တင်သွင်းသူ subscriber ၉၁၅ ဦး ရှိနေပြီဖြစ်ပါတယ်။
ခုချိန်မှာ သူမရဲ့ လျှာကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုနေပြီလို့ Adrianna က Daily Mail ကို ပြောပြခဲ့တယ်။ အခုအချိန်မှာ Adrianna Lewis ကို ကမ္ဘာ့အရှည်ဆုံး လျာပိုင်ရှင်အဖြစ် ကမ္ဘာ့ဂရင်းနစ်စံချိန်မှတ်တမ်းမှာ ထည့်ဖို့ ဆွေးနွေးလျက် ရှိနေပြီလို့လည်း သိရပါတယ်။
Ref: Firsttoknow
Credit:Trend Myanmar
ကမ္ဘာ့ အရှည်ဆုံး မောင်းကန်တံတား
အုပ်မိုးထားတဲ့ အရှည် ၂၆.၆၈ မီတာရှိကာ Colorado Grand Canyon Skywalk ထက် ၅.၃၄ မီတာ ပိုမိုရှည်လျားတဲ့ Cloud Bridge ခေါ် နံရံမှ ထိုးထွက်နေတဲ့ ကမ္ဘာ့အရှည်ဆုံး မောင်းကန်တံတားဟာ အင်ဂျင်နီယာတွေရဲ့ အပြောင်မြောက်ဆုံး လက်ရာတစ်ခုဖြစ်ပါတယ်။
ယင်းမောင်းကန်တံတားမှာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း Chongqing မြို့ရှိ Shisun မြစ်အထက် ၁၀၁၀ မီတာနဲ့ ၇၁၈ မီတာ အမြင့်တစ်နေရာမှာ တည်ရှိပါတယ်။ ဧပြီလအကုန်မှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး အပြီးသတ်ချိန်အထိ သုံးစွဲငွေယွမ် ၃၅ မီလီယံ ($5.6m) ကျော် ကုန်ကျခဲ့ကြောင်း သိရပါတယ်။
Ref: Xinhua
ဗြိတိန်နိုင်ငံရဲ့ နှစ် ၄၀၀၀ ရှိ သက်တမ်းအရင့်ဆုံး သစ်ပင်
Bronze Age ခေါ် ကျောက်ခေတ်နဲ့ သံခေတ်ကြားကာလ ကတည်းက ရှိခဲ့ပြီး ဗြိတိန်နိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး အဖြစ်ယူဆထားတဲ့ သစ်ပင်တစ်ပင် ယခုသေဆုံးနိုင်ဖွယ် ရှိနေတယ်။
နှစ် ၄၀၀၀ သက်တမ်းရှိ ၄င်းသစ်ပင်ဟာ ခရစ်ယာန်ဘာသာ ပေါ်ပေါက်တဲ့နှစ်ကာလရဲ့ နှစ်ဆ ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ယခုအချိန်မှာ မရှင်သန်နိုင်တော့တဲ့ လက္ခဏာတွေ ပြနေပါတယ်။
အကျယ် ၃၈ ပေရှိတဲ့ ၄င်းသစ်ပင်ဟာ ပင်စည်မှ ခွဲဖြာထွက်နေတဲ့ အကိုင်း ၆ ခုရှိပြီး အပြစ်အနာကြောင့် အဓိက ပင်စည်ဟာ အခေါင်းပေါက်ဖြစ်နေပါတယ်။
ကျွမ်းကျင်ပညာရှင်တွေ အနေနဲ့ နှစ်ပေါင်း ၃၅၀၀ မှ ၄၀၀၀ ကြား သက်တမ်းရှိတယ်လို့ ပြောဆိုကြပြီး Bronze Age ခေါ် ကြေးခေတ်က တောင်ပို့ပေါ် ပေါက်ရောက်ကြောင်း ယူဆထားပါတယ်။ ထိုနေရာဟာ ရောမအရာရှိတစ်ဦး မြုပ်နှံထားတဲ့နေရာဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။
Ref: Mirror
Credit:Trend Myanmar
ပညာရှင် တစ်ယောက်က ၉ ပေခန့်ရှိတဲ့ ဂြိုလ်သားတစ်ယောက်ကို အာကာသလွန်းပျံ ယာဉ်တစ်ခုပေါ်မှာ တွေ့ခဲ့တယ်လို့ အခိုင်အမာဆို
အမည်မသိ ပျံသန်းကိရိယာ (UFO) တွေနဲ့ ပတ်သက်ပြီး လေ့လာနေတဲ့ သီအိုရီ ပညာရှင်တစ်ယောက်က ၉ ပေခန့်ရှိတဲ့ ဂြိုလ်သားတစ်ယောက်ကို အာကာသလွန်းပျံယာဉ်တစ်ခုပေါ်မှာ တွေ့ခဲ့တယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။
NASA မှာ အာကာသယာဉ် အင်ဂျင်နီယာ အဖြစ် ၁၉၅၈ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ ၃၅ နှစ်တိုင် လုပ်ကိုင်ခဲ့တဲ့ Clark McClelland က ၉ ပေခန့်ရှိတဲ့ ဂြိုလ်သားတစ်ယောက်ကို အာကာသလွန်းပျံယာဉ် တစ်ခုပေါ်မှာ တွေ့ခဲ့တဲ့ အမှန်တရား အကြောင်းကို ၀က်ဘ်ဆိုက်တွေ ၊ ရေဒီယိုတွေနဲ့ YouTube ကတစ်ဆင့် ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။
ထိုကဲ့သို့ သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို
www.stargate-chronicles.com
ဆိုတဲ့ ကိုယ်ပိုင် ၀က်ဘ်ဆိုက်မှာ ရေးသားထားသလို သူဟာ အာကာသစင်တာရဲ့ ထိန်းချုပ်ခန်းမှာ ထုတ်ပြောလို့မရတဲ့ လျှို့ဝှက် စစ်ဆင်ရေး တစ်ခုအတွက် စောင့်ကြည့်နေစဉ် မျက်နှာပြင်မှာ လွန်းပျံယာဉ် ရပ်နားရာနေရာမှာ ခြေထောက် ၂ ချောင်းနဲ့ ဂြိုလ်သားတစ်ယောကို ၂၇ လက်မရှိတဲ့ သူ့ရဲ့ စောင့်ကြည့်ရေး ဗီဒီယိုမှာ ၁ မိနစ်နဲ့ ၇ စက္ကန့်ခန့် တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
တစ်ကယ်တော့ Clark McClelland အပါအ၀င် UFO တွေအကြောင်း လေ့လာနေသူတွေဟာ အမေရိကန် အစိုးရ နဲ့ ဂြိုလ်သားတွေနဲ့ ညှိုနှိုင်း ဆွေးနွေးခဲ့ဖူးတယ်ဆိုတဲ့ လွန်ခဲ့သော နှစ်များစွာက ထွက်ပေါ်ခဲ့တဲ့ သီအိုရီတွေကို သက်သေပြဖို့ ကြိုးစား နေသူတွေပဲ ဖြစ်ပါတယ်။
Ref:mirror.co.uk
Credit:Trend Myanmar
မိမိသားသမီးတွေ စာမေးပွဲ ခိုးဖြေနိုင်အောင် မိဘတွေက ကျောင်းနံရံပေါ် တွယ်တက် ကူညီ
အိန္ဒိယနိုင်ငံ Bihar ပြည်နယ် မြောက်ပိုင်းမှာ အစိုးရစစ် အဆင့်မြင့်စာမေးပွဲကို ခိုးဖြေနိုင်ဖို့ အကူအညီပေးနေတဲ့ ဒါဇင်နဲ့ချီ မိဘတွေနဲ့ သူငယ်ချင်းတွေကို ခုလို မြင်တွေ့ခဲ့ရပါတယ်။ Grade 10 မေးခွန်း အဖြေလွှာတွေ လက်ဆင့်ကမ်းပေးအပ်ဖို့ အထပ်ပေါင်း များစွာရှိတဲ့ အဆောင်အဦး နံရံပေါ်တွယ်တက်နေသူတွေရဲ့ ဓါတ်ပုံ၊ ဗွီဒီယိုတွေ ပျံ့နှံ့ခဲ့ပြီး စာမေးပွဲခိုးဖြေမှုကို ထိန်းချုပ်ဖို့ ပညာရေးဆိုင်ရာ အရာရှိတွေဟာ ဖိအားများစွာ ခံနေရပါတယ်။
စာမေးပွဲဖြေဆိုနေချိန်အတွင်း လုံခြုံမှုက တင်းကျပ်ထားပြီး ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ ထားရှိရင်တောင် ရပ်တန့်စေမှာ မဟုတ်ကြောင်း အရာရှိတစ်ဦးက ဆိုပါတယ်။ မိဘတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ တရားမျှတဲ့ စာမေးပွဲကျင်းပဖို့ မဖြစ်နိုင်ဘူးဆိုတဲ့အကြာင်း၊ တချို့မိဘတွေက ရဲကို အနှောင့်အယှက်ဖြစ်စေဖို့ ကျောက်ခဲနဲ့တောင် ပစ်ပေါက်ကြကြောင်း ပညာရေးဝန်ကြီး P.K Shahi က The Telegraph ကို ပြောပြခဲ့ပါတယ်။
NBC သတင်းဖော်ပြချက်အရ စာမေးပွဲ ခိုးဖြေမှုကြောင့် ကျောင်းသား ၆၀၀ နှင်ထုတ်ခံခဲ့ကြရပါတယ်။ သူတို့တွေ ပြဌာန်းစာအုပ် သို့မဟုတ် စာရွက်အပိုင်းအစတွေနဲ့ ခိုးဖြေဖို့ ကြိုးစားနေတုန်း အမိခံရတာဖြစ်ကြောင်း သိရပါတယ်။ ယင်းစာမေးပွဲဖြေဆို အောင်မြင်တာနဲ့ ကောလိပ်တက်ခွင့်ရမှာဖြစ်ပြီး အရည်အချင်းပြည့်မှီတဲ့ ကျောင်းသားအရေအတွက်ထက် ကောလိပ်ကျောင်းနေရာ ပိုနည်းနေတာကြောင့် ပြိုင်ဆိုင်မှုက မတရားပြင်းထန်နေတာဖြစ်ကြောင်း The Washington Post မှ ကောက်ချက်ချထားပါတယ်။ ကောလိပ် ဒီဂရီရပြီဆိုတာနဲ့ ဆင်းရဲတွင်းမှ လွတ်မြောက်ဖို့ အဓိကဖြစ်နေတော့ ပြိုင်ဆိုင်မှုက အလေးအနက်ဖြစ်လာခဲ့တယ်။
Ref: Cosmopolitan
Credit:Trend Myanmar
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)