Tuesday, June 14, 2016

မြေခွေးတွေကို ကံကောင်းခြင်း လက်ဆောင် အဖြစ် သတ်မှတ်ထားတဲ့ ဂျပန်နိုင်ငံသားများ

other Foxes c8c41
ဂျပန်နိုင်ငံသား တွေဟာ မြေခွေးတွေ ကို ကံကောင်းခြင်း လက်ဆောင် အဖြစ် သတ်မှတ်ထားခြင်းရှိ ပါတယ်။ မြေခွေးတွေဟာ ကံကောင်းမှု တွေ ယူဆောင်ပေး လာတတ်တယ်လို့ ယူဆထား တာကြောင့် ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ မြေခွေးတွေနဲ့ ပတ်သက်ပြီး အခမ်းအနား မျိုးစုံ ရှိပါတယ်။ ပုံပြင် ထဲမှာတော့ မြေခွေးတွေဟာ ကောက်ကျစ် စဉ်းလဲတတ် ပေမယ့် ဂျပန်နိုင်ငံမှာရှိတဲ့ မြေခွေးတွေ ကတော့ အလွန်ချစ်စရာ ကောင်းနေတာ တွေ့ရ ပါတယ်။ ဂျပန်နိုင်ငံ၊ မီယာဂီ ကျေးရွာမှာရှိတဲ့ မြေးခွေးတွေဟာ ချစ်စရာ အလွန်ကောင်းပြီး လာရောက် လေ့လာတဲ့ ကမ္ဘာလှည့် ခရီးသွားတွေ အများအပြား ရှိခဲ့ တယ်လို့ သိရပါတယ်။
                   ဒီနေရာကို လာရောက် လေ့လာတဲ့ သူတွေဟာ ငွေကြေး အဖြစ် (၄)ပေါင်ပေး ရမှာ ဖြစ်ပါတယ်။ မြေးခွေးတွေကို လာရောက် ကြည့်ရှုပြီး အစာတွေ ကျွေးလေ့ရှိကြ ပါတယ်။ မြေ ခွေးတွေကို ဒီလိုမျိုးပြုလုပ်ခြင်းကြောင့် ကံကောင်းမှုတွေ ရရှိလိမ့်မယ်လို့ ဂျပန် လူမျိုးတွေက ယူဆထားကြ ပါတယ်။ မြေခွေးတွေဟာ အလွန်သတိ္တရှိတဲ့ သတ္တ၀ါအဖြစ် ဂျပန် လူမျိုးတွေက သတ်မှတ်ထားကြ ပါတယ်။ ဂျပန်နိုင်ငံမှာ မြေခွေး အမျိုးအစားပေါင်း ခြောက်မျိုးလောက်ရှိ ပါတယ်။ မီယာဂီမှာ ရှိတဲ့ မြေခွေးတွေ ကတော့ ချစ်စရာကောင်းတဲ့ မျက်နှာ အသွင်အပြင် ပိုင်ဆိုင်ထားကြ ပါတယ်။ မြေခွေးတွေကို လွတ်လပ်စွာ ကြည့်ရှုနိုင်ဖို့ ခွင့်ပြုထားပေမယ့် အစာကျွေးတဲ့ အခါမှာ လက်ကို ကိုက်မိမှာ စိုးတာကြောင့် ပါးစပ်အနားကို အရမ်းမကပ်ဖို့ သတိပေးမှုတွေ ပြုလုပ်ထား ပါတယ်။
Credit:messenger news journal

အကြွေစေ့ မြို့တော်

282860 A400000578 0 image a 74 1430389652452
တရုတ်နိုင်ငံ ၊ Chongqing မြို့တွင်နေထိုင်သူ Peiqi ဆိုသူ အမျိုးသားတစ်ယောက်သည်
သူဝါသနာအရ စုဆောင်းထားသော အကြွေစေ့များကို အသုံးပြုပြီး Chongqing မြို့ပုံစံငယ်
တစ်ခုကို ဖန်တီးခဲ့ပါသည်။
282861 EF00000578 0 image a 65 1430389614751
သူစုဆောင်းထားသည့် ရှေးဟောင်း အကြွေစေ့နှင့် နိုင်ငံခြား
ပိုက်ဆံ အကြွေစေ့ များ ၊ ၅၀,၀၀၀ ကျော်ကို တစ်ပြားနှင့်တစ်ပြား စီထပ်ကာ စိတ်ရှည်
လက်ရှည် ဖန်တီးယူခဲ့ခြင်းဖြစ်ပါသည်။

နေကာမျက်မှန်နှင့် ကြောင်ကလေး

PAY Bagel
နေကာမျက်မှန်အမြဲလိုလို တပ်ထားရသော စတိုင်တင်းနေသည့် ကြောင်မကလေး Bagel သည်
တိရိစ္ဆာန်ချစ်သူများအကြား ထင်ပေါ်နေပါသည်။ ထိုကြောင်မလေးသည် မွေးဖွားလာစဉ်ကပင်
မျက်ခွံမပါသဖြင့် သူ၏ သခင် Karen McGill သည် နေကာမျက်မှန်ကို ဖန်တီးပေးပြီး
အမြဲတပ်ဆင်စေခြင်းဖြစ်ပါသည်။ ထို့ပြင် ထိုကြောင်မလေးသည် မျက်ရည်ခမ်းခြောက်သော
ရောဂါ နှင့် ကိုယ်အပူချိန်ကို ထိန်းညှိနိုင်ခြင်း လည်းမရှိပါ။
ထိုသို့ရောဂါထူပြောနေသော်လည်း သူ၏သခင်သည် စွန့်ပစ်ခြင်း မရှိပဲ တစ်နေ့ကို
အကြိမ်များစွာ မျက်စဉ်းခပ်ပေးခြင်း ၊ လိုအပ်သော အ၀တ်အထည်များ ၀တ်ဆင်ပေးခြင်းဖြင့်
ချစ်ခင်ယုယစွာ စောင့်ရှောက်ထားပါသည်။
PAY Bagel1

Sunday, June 12, 2016

မှတ်ဖွယ်စုံရာ သုတပဒေသာ( ၆ )


185816588
၁။ အပြာရောင်ဝေလငါးသားပေါက်(Blue whale) ဟာ အရှည် ၂၀ မှ ၂၆ ပေ
    (6.0 - 7.9 meters)ရှိပြီး အလေးချိန်ကတော့ ၆၆၁၄ ပေါင်(3003 kg)ရှိပါတယ်။

cute beautiful hummingbird photography 9

၂။ ငှက်ပုတုန်း (Humming bird)တွေဟာ နောက်ပြန်ပျံသန်းနိုင်ပါတယ်။

ကမ္ဘာ့အရှည်ဆုံးမြစ်များ(မဲခေါင်၊သံလွင်နှင့် ဧရာဝတီမြစ်များပါပေါင်းစပ်ထည့်သွင်းထားသည်)

ကမ္ဘာ့အရှည်ဆုံးမြစ်(၁၀) စင်းကို အစဉ်လိုက်ရှာဖွေ တင်ပြလိုက်ပါတယ်။
(၁)Nile River

1 Evening, Nile River, Uganda
ကမ္ဘာကျော်နိုင်းမြစ် ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံမှာ တည်ရှိပြီး ၄၁၃၂ မိုင်
(သို့) ၆၆၅၀ ကီလိုမီတာ ရှည်ပါတယ်။ ဒီမြစ်က အာဖရိက ၁၁ နိုင်ငံကို
ဖြတ်သန်းစီးဆင်းပါတယ်။Egypt, Rwanda, Burundi, Sudan, Tanzania, နှင့်
Kenya နိုင်ငံတွေကိုပါ။
1 River Nile map svg

Thursday, June 9, 2016

ကနေဒါနိုင်ငံမှ တောက်ပသော နီယွန်အစိမ်းရောင်မြစ်


ကနေဒါနိုင်ငံမှ မြစ်တစ်ခုဟာ ရုတ်တရက် အရောင်ပြောင်းလဲသွားခြင်း ဖြစ်ပေါ်ခဲ့ဖူးပါသည်။
ကနေဒါနိုင်ငံ ၊ Goldstream Park ရှိ Goldstream မြစ်သည် ၂၀၁၀ ခုနှစ် ၊
ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အစိမ်းရောင် လက်လက်တောက်နေအောင် အရောင်ပြောင်း
သွားခဲ့ပါသည်။
absent river 08
စတင်တွေ့ရှိသူများအနေဖြင့် အမြင်မှား ၊ အထင်မှားမှုဟု ထင်မြင်မိကြ
ရအောင် ဖြစ်ခဲ့ကြပါသည်။ ရေ၏အရောင်မှာ အစိမ်းရောင် တောက်ပနေခဲ့ပါသည်။
absent river 02

မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၇ )

ရှာလို့ရသမျှ ထပ်တင်ပေးလိုက်ပါတယ်...
လောင်းလောင်း...လောင်းလိုက်ပါ...
FB IMG 1463476749322

ရေအောက်စက်လှေကား
FB IMG 1463902961825

Related Posts Plugin for WordPress, Blogger...