Sunday, June 26, 2016

ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၂ )

နားလည်ရခက်သည့် ရှင်ဘုရင်
http://i.imgsafe.org/d6f2717919.png
မိမိချစ်သူကိုလက်ထပ်ရ ဖို့ အတွက် ထီးနန်းစည်းစိမ်ကို စွန့် လွှတ်သွားခဲ့သော ဗြိတိန်နိုင်ငံမှ
အက်ဒွပ်ဘုရင်၏  အကြောင်းကို တော်တော်လေးသိကြပါသည်။အခုလည်းနောက်တစ်ယောက်
လာပြန်ပါပြီ ။ ဒါပေမယ့်သူ၏ အကြောင်းကတော့ နည်းနည်းထူးဆန်းနေပါတယ် ။
သူကလက်ထပ်ရမှာကြောက်သဖြင့် သူ၏ထီးနန်းကိုသာမက သူ၏ဇာတိဒေသ နှင့်  မျိုးရိုး
ဂုဏ်ကိုပါစွန့် ခွာခဲ့သူပါ။
သူကတော့ ဆစ်ကင်းဘုရင် ဂိုင်အားမား ဖြစ်ပါသည်။ ဆစ်ကင်းပြည်ဟာ အိန္ဒိယပြည်၏
လက်အောက်ခံနိုင်ငံ ဖြစ်ပြီး အကျယ်အဝန်းက ၂၈၁၈မိုင် | လူဦးရေ ၁၂၁၅၀၀ ရှိပါသည်။
ဂိုင်အားမားသည် ငယ်ရွယ်ခြင်း ၊ ရည်မှန်းချက် ၊ ကြီးမားခြင်း နှင့်အဘက်ဘက်က လည်း
ပြည့်စုံပါသည်။ ၁၇၈၉ ခုနှစ်မှာ သူသည် သူတစ်ခါမှမမြင်ဖူးသော တိဘတ်မင်းသမီးတစ်ပါး
နှင့်လက်ထပ်ရပါသည် ။ နှစ်နိုင်ငံ ချစ်ကြည်ရေးအရ ထိမ်းမြား ရခြင်းပါ။ထုံးစံဓလေ့အရ
မင်္ဂလာပွဲပြီးမှ သူ၏ သတို့ သမီးမျက်နှာ ကို လှစ်ဟဖွင့်ကြည့်ရပါသည်။

360ံလည်ပတ်နေသော အဆောက်အဦ

ဘရာဇီးနိုင်ငံတွင် အထပ် ၁၁ ထပ်ရှိပြီး ၃၆၀ ဒီဂရီ တစ်ပတ်အပြည့် လည်နေသော
အဆောက်အဦ တစ်ခုကို Suite Vollard ကုမ္ပဏီမှ တည်ဆောက်ခဲ့ပါသည်။
http://i.imgsafe.org/00ca3ba8d3.jpeg
တည်ဆောက်ထားပုံမှာ အထပ် ၁၅ ထပ်အထိရှိပြီး ၁၁ ထပ်ကို လူနေထိုင်နိုင်သည့်
တိုက်ခန်းများအဖြစ်ဖန်တီးပေးထားပြီး ၃၆၀ ဒီဂရီ လည်ပတ်နေအောင် ပြုလုပ်ထားပါသည်။
တစ်ပတ်အပြည့်လည်ဖို့ အချိန် တစ် နာရီကြာမည်ဖြစ်ပါသည်။
လည်ပတ်မှုဖြစ်စေရန်ရန် ဗဟို စက်ခန်းတစ်ခုမှ ထိန်းချုပ်ပေးထားပါသည်။

Friday, June 24, 2016

ကြီးမားလှပသော တိုက်နံရံပေါ်မှပန်းချီများ

အရင်ကတော့ လမ်းမအလယ်မှအသက်ဝင်သောပန်ချီများပေါ့။အခုတော့ နံရံပေါ်မှာနော်...
ကြည့်လိုက်ကြပါအုံးနော်...

Art on the Wall!

http://i.imgsafe.org/d776341303.jpeg

http://i.imgsafe.org/d7765d22e4.jpeg

အမှတ်တမဲ့ အလွဲများ ( ၅၈ )

ပုံလေးတွေကြည့်ပြီး ပြုံးလိုက်ကြရအောင်နော်....
Super Woman ကွ...
http://i.imgsafe.org/d6ba916579.jpg

ဘာလိုချင်လဲ။ အကုန်အရန်သင့်ရှိတယ်...
http://i.imgsafe.org/d6baeb4416.jpeg

Thursday, June 23, 2016

ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၁ )

အသက်ရှင်ခွင့်ကို ငြင်းပယ်ခဲ့သည့် သူခိုး
http://i.imgsafe.org/c238d47e32.jpg
ကျွန်တော်တို့ ၏ ဘဝဇာတ်ခုံ ကြီးပေါ်တွင် သမိုင်းအဆက်ဆက် ဖြတ်သန်းနေထိုင်ခဲ့ကြသော
လူသားများ၏အဖြစ်အပျက်များစွာ ထဲမှ ဖြစ်ရပ်ဆန်း ၊ လုပ်ရပ်ဆန်းများ များစွာရှိခဲ့ကြပါသည်။
ထိုအထဲမှ နားလည်ရခက်တဲ့ အဖြစ်အပျက်အချို့  ကို တင်ပြချင်ပါသည်။

( ၁၂၃၄ ) ခုနှစ်က ပြင်သစ်နိုင်ငံ ဟော့တ်ဗီလီယား တွင် ဂျင်းပိုကီယွန် ဆိုသူသည် သူခိုးအဖြစ်
နာမည်ကြီးသူတစ်ယောက်ပါ။ အမြဲတန်း ခိုးဝှတ်တက်သော သူ့ အား ထိုခေတ်က ဥပဒေ အရ
သေဒဏ်ပေးခဲ့ပါသည်။ခိုးတဲ့အပြစ်အတွက်နဲ့သေဒဏ်ဆိုတော့ ကြောက်စရာပဲနော်။
အဲဒီအချိန်လောက်က ဒီဒေသတွေမှာ သူခိုးတွေ နှင့် စုန်းဟု စွပ်စွဲ ခံရသူတွေဟာ သေဒဏ်ပေးခံရ
တာများပါသည်။
ဒါပေမယ့် ဂျင်း အတွက်ကံကောင်းစေမှု တစ်ခုရှိပါတယ်။ ဒါကတော့ တကယ်လို့ အပျိုစင်တစ်
ယောက်ကသာ ဂျင်းကိုလိုလားနှစ်သက်ပြီး လက်ထပ်မယ်ဆိုလျှင် သေခြင်းမှလွတ်ကင်းရစေ
မယ်လို့ သက်ညှာပေးခဲ့ကြပါသည်။
ထိုအချိန်တွင် ရိုးသားပြီး သာမန်ရွက်ကြမ်းရေကြို ရုပ်ရည် ရှိသည့် မိဘမဲ့အမျိုးသမီးတစ်ယောက်က
သူယူပါမယ်ဟု ဆိုလာပါသည်။ဂျင်းအတွက်ကံကောင်းမှု တစ်ခု ဖြစ်ပေါ်လာပါပြီ။

မှတ်ဖွယ်စုံရာ သုတပဒေသာ (၇)


http://i.imgsafe.org/c22105fde4.jpg

၁။ အာဖရိကဆင် (African elephant) တွေကိုမည်သူမျှကျွမ်းကျင်
    ပိုင်နိုင်စွာမကိုင်တွယ်နိုင်ပါဘူး။ အိန္ဒိယဆင်(Indian elephant)
    တွေကိုသာ သင်ကြားထိန်းသိမ်းနိုင်ကြပါတယ်။

http://i.imgsafe.org/c220dd2401.jpg
၂။ လဟာ ဂိုဘီသဲကန္တာရ (Gobi Desert) ထက် အဆပေါင်း ၁ မီလီယံ
    ဆပိုပြီးခြောက်သွေ့ ပါတယ်။

ဂျပန်နိုင်ငံ ရှင်တိုဘာသာဝင်များ၏ ထူးထူးခြားခြားဘာသာရေးပွဲတော်

ရှင်တိုဘာသာသည် ဂျပန်နိုင်ငံသို့ ဗုဒ္ဓဘာသာနှင့် ကွန်ဖူးရှပ် ဘာသာတို့ရောက်ရှိမလာမီ ကပင် သဘာဝ
တရားဓမ္မနှင့် ထာဝရ ဘုရားတို့ကို ကိုးကွယ်သော ဘာသာဖြစ်သည် ။ ကာမီနိုမီကျီ ဟာ၍ လည်းကောင်း
လောကုတ္တရာလမ်းဟူ၍ လည်းကောင်း ခေါ်သည့် ရှင်တိုဘာသာသည် ရှေးခေတ် ဂျပန်တို့၏ ဘာသာတရား တစ်ခုဖြစ်သည် ။
http://i.imgsafe.org/c21296e365.jpg
ထိုရှင်တိုဘာသာဝင်များ၏ ဘာသာရေးအခမ်းအနားတစ်ခု မှာအေးမြလှသော
ရာသီဥတု ရှိသည့်အချိန်တွင် ရေထဲဆင်းပြီး ရေခဲတုံးကြီးများကို အားရပါးရ ဖက်ထားကြလေ့ရှိပါသည်။
http://i.imgsafe.org/c21290e99c.jpg
ပွဲတော်ကျင်းပချိန်ရောက်တိုင်း ရှင်တိုဘာသာဝင် ၁၀၀ ကျော်လောက်သည် တိုကျိုမြို့
ရှိ ဘုရားကျောင်းတစ်ခု တွင် ရေထဲဆင်း၍ ရေခဲတုံးများကို ဖက်ထားလေ့ရှိကြပါသည်။
Related Posts Plugin for WordPress, Blogger...