Wednesday, September 14, 2016
မှတ်ဖွယ်စုံရာ သုတပဒေသာ (၁၁)
http://i1183.photobucket.com/albums/x474/konay1/general%203/800px-Moth_September_2008-3.jpg
http://i1183.photobucket.com/albums/x474/konay1/general%203/Screenshot_2016-09-13-00-15-10.jpeg
အိမ်များ ထပ်ကာထပ်ကာ တည်ဆောက်ထားသော အိမ်မျှော်စင်
http://i1183.photobucket.com/albums/x474/konay1/general%203/PhotoGrid_1473861590818.jpg
သည် အိမ်ကြီးကတော့ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်ရှိ
Anchorage မြို့တွင် တည်ရှိပြီး Goose Creek မျှော်စင်ကြီးဟု
အမည်ရပါသည်။အမြင့်အားဖြင့် ၁၈၅ ပေမြင့်ကြီး အိမ်တစ်လုံးပေါ်
တစ်လုံး ဆင့်ကာဆင့်ကာ တည်ဆောက်ထားသည့် ဒီဇိုင်းကြောင့်
နာမည်ကျော်ကြားလာခြင်းဖြစ်ပါသည်။မူလ တည်ဆောကစဉ်က
တစ်ထပ်အိမ်အဖြစ် တည်ဆောက်ခဲ့သော်လည်း ထိုဒေသတွင်
တောမီးလောင်ကျွမ်းပြီးနောက် ပိုင်ရှင်ဖြစ်သူ ဖီးလ်ဝိုင်ဒါ မှ
အိမ်များကို အထက်သို့ ထပ်ကာထပ်ကာ တည်ဆောက်ခဲ့ခြင်း
ဖြစ်ပါသည်။ သူ့ရည်ရွယ်ချက်ကတော့ ဟိုးအဝေးက ရှုမျှော်ခင်းများကို
ကြည့်ရှု့ခံစားနိုင်ရန် ဖြစ်ပါသည်။ထိုအိမ်ကြီး၏ အပေါ်ဆုံးထပ်မှ
ကြည့်လျှင် မြောက်အမေရိက၏ အမြင့်ဆုံးတောင်ဖြစ်သော
Denali တောင်ကြီးကို မြင်နိုင်ပါသည်။၁၉၉၀ ခုနှစ်တွင် လူသူကင်းမဲ့သော
ထိုဒေသတွင် စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ
တွင်တော့ ခရီးသွားဧည့်သည်များ၏ သွားရောက်လည်ပတ်စရာ
နေရာ တစ်ခုဖြစ်လာပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ………နေခရမ်း
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်း ( ၇ )
“ကြောက်အားပိုသော စစ်သူရဲကောင်းများ”
 ---------------------------------------------
ကျွန်တော်အရင်ပိုစ့်တွေထဲမှာ အစွဲအလမ်းကြီးပြီး
ကြောက်အားပိုတက်တဲ့ ဘုရင်တွေအကြောင်းတင်
ပေးဖူးပါတယ်။ အခုလည်းဒီလိုလူမျိုးတွေအကြောင်း
ဆက်လက်တင်ပြပေးပါမယ်။
http://i1183.photobucket.com/albums/x474/konay1/general%203/PhotoGrid_1473674807363.jpg
တိုက်ပွဲပေါင်းများစွာကို ရဲစွမ်းသတ္တိအပြည့်နှင့်တိုက်ခိုက်
အောင်မြင်ခဲ့တဲ့ စစ်သူရဲကောင်း ဖီးမာရှယ် နီကိုလတ်စ်
အော်ဂတ်စ်တီ ဒီ မွန်ထရီဗဲလ် ( ၁၆၄၆ - ၁၇၁၆ ) ဟာ
ပြင်သစ်ဝါရင့် စစ်မှုထမ်းတစ်ယောက်ပါ။သူဟာ စစ်သေနာ
ပတိချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။
လာရောက်တဲ့ဧည့်သည်တစ်ယောက်ယောက်က ဆားပုလင်း
ထဲမှ ဆားတွေဖိတ်စင်သွားတယ် ဆိုရင် သေလောက်အောင်
ဟန်မဆောင်နိုင်လောက်အောင် ပေါ်လွန်စွာ ထွတ်ပေါ်လာတာပါ။
Sunday, September 11, 2016
ရုပ်ချင်းခွဲမရအောင်တူသူ သူစိမ်းနှစ်ဦး
http://i1183.photobucket.com/albums/x474/konay1/general%203/FB_IMG_1472890944700.jpg
အမ်ဘရာ (၂၃) နှစ်နဲ့ ဂျန်နီဖာ (၃၃) နှစ်တို့ဟာ ခွဲမရအောင်တူတဲ့ သူနှစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ဦးကို ပူးတွဲတွေ့သူတိုင်း အမြွာညီအစ်မလို့ ပြောကြမှာ ဖြစ်ပေမယ့် တကယ်တော့ သူတို့ဟာ အမြွှာတွေ မဟုတ်ကြပါဘူး။
ရုပ်ချင်းဆင်တူတဲ့ သူစိမ်းတွေကို ရှာဖွေတွေ့ဆုံပေးတဲ့ “Twin Strangers” စီမံကိန်းကြောင့် သူတို့နှစ်ဦးတွေ့ ဆုံခဲ့တာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ဟာ နာမည်ချင်းလဲမတူ၊ အရင်ကလည်း မသိခဲ့ကြပဲ အမျိုးမတော်သူတွေဖြစ်ပေမယ့် ရုပ်ချင်းကတော့ ခွဲမရအောင် တူနေခဲ့တာဖြစ်ပါတယ်။ “ သူ့ကိုကျွန်မ စတွေ့လိုက်တုန်းကဆိုရင်… အို…ဘုရားရေ….သူ့ဆီမှာ ငါ့မျက်နှာကြီးရှိနေပါလား.. လို့ ရေရွတ်မိတဲ့ အထိပါပဲ” လို့ အမ်ဘရာက ပြောပါတယ်။ ရုပ်ချင်းခွဲမရလောက်အောင် တူကြပေမယ့် သူမတို့နှစ်ဦးဟာ အသက်ကတော့ ဆယ်နှစ်တောင်ကွာကြပါတယ်။
ဂျင်နီဖာရဲ့ အမေဆိုရင် အမ်ဘာကိုမြင်လိုက်ပြီး မယုံနိုင်လောက်အောင် ဖြစ်သွားခဲ့ပါသေးတယ်။ မင်းက ငါ့သမီးပဲ ဖြစ်ရမယ်။ မင်းတို့ မျိုးရိုးစဉ်ဆက် ဇယားကို ငါကြည့်မယ်” ဆိုပြီးတော့ ပြောခဲ့ပါသေးတယ်။ တကယ်တမ်းမှာတော့ လုံးဝအမျိုးမတော်ကြသူတွေ ဖြစ်နေပါတယ်။
source - huffingtonpost
Credit:planet
နှစ် ၆၀ ပြည့်မှ ပြန်တွေ့ကြတဲ့ ချစ်သူ နှစ်ဦး
http://i1183.photobucket.com/albums/x474/konay1/general%203/e91f6a278d7d664aacd1415cc7e1f24d.jpg
ရုရှားနိုင်ငံမှာ ဖြစ်ပါတယ်။ ကမ္ဘာစစ် ကာလ ဖြစ်တာကြောင့် စစ်သားအင်အား လိုအပ်နေချိန် မင်္ဂလာဆောင်ပြီး ၃ ရက်သာ နေထိုင်ရသေးတဲ့ ဇနီးမောင်နှံဟာ ခွဲရမယ့် အကြောင်းကံ ပါလာ ပါတယ်။ စစ်မှုထမ်းဖို့ အတွက် Red Army ရဲ့ ခေါင်ဆောင်မှုမှာ အမျိုးသား ဖြစ်သူ ပါသွားပါတယ်။
အဲ့ဒီနောက်ပိုင်း ကွဲသွားကြတာ နှစ်အတော်လေး ကြာပါတယ်။ နှစ်ဦး စလုံး ဟာ နောက် ချစ်သူ အသစ် ရှာဖွေခြင်း လုံးဝ မရှိပဲ မျော်လင့်ချက်နဲ့ စောင့်ဆိုင်း ခဲ့ကြ ပါတယ်။ တစ်နေ့တော့ လည်ရင်းပတ်ရင်း မြို့တစ်ခုမှာ မထင်မှတ်ပဲ ပြန်ဆုံ ပါတယ်။ ကြားထဲမှာ နှစ် ၆၀ ကျော်တောင် ကြာမြင့်ခဲ့ ပါတယ်။ သို့ပေမယ့် သူတို့ နှစ်ဦးရဲ့ အချစ်ဟာ ခိုင်မြ်ဲ နေဆဲ ပါပဲ။ အသက်တွေ ကြီးလို့ အဘိုးကြီး အဖွားကြီး ဖြစ်နေသည့်တိုင် ငယ်စဉ်က အချစ် ဇာတ်လမ်း ပုံရိပ်တွေကို ပြန်ပြော လို့ ပျော်ရွှင်နေရဆဲ ဖြစ် ပါတယ်။
ကံကြမ္မာ ကြောင့် ခွဲရပေမယ့် ယင်းကံကြောင့်ပဲ အခွင့်အရေး ပေးတဲ့ အချိန် ဖူးစာရှင် နှစ်ဦး ပြန်လည် စုံတွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။
Credit : innewsmyanmar
ကမ္ဘာ့အရှည်ဆုံး ကြောင်
http://i1183.photobucket.com/albums/x474/konay1/general%203/PhotoGrid_1473580187840.jpg
၂၀၁၇ ခုနှစ်အတွက် နောက်ဆုံးစံချိန်တင်ခဲ့သော
ဂင်းနစ်မှတ်တမ်းစာအုပ်များတွင် ယခုမြင်ရသော
သုံးနှစ်သား ကြောင်ကြီး Ludo ကတော့ ကိုယ်ခန္ဓာ အရှည်လျားဆုံးကြောင်အဖြစ် မှတ်တမ်း ဝင်ခဲ့ပါသည်။ကိုယ်ခန္ဓာအရှည်
၁၁၈ စင်တီမီတာ ရှည်သော ၂၀၁၇ အတွက်ကမ္ဘာ့အရှည်ဆုံးကြောင်ဖြစ်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ.....နေခရမ်း
ကမ္ဘာတစ်လွှား ထူးခြားစွာပုံပေါ်နေသောကျွန်းများ
ကျွန်တော်တို့ကမ္ဘာကြီးပေါ်မှာ လှပတဲ့ကျွန်းများ များစွာရှိကြပါတယ်။
ထိုအထဲမှ ထူးထူးခြားခြား ပုံသဏ္ဍန်ဖြစ်ပေါ်နေတဲ့ ကျွန်းကလေးများကို
နေခရမ်းမှ စုစည်းတင်ပြပေးပါ့မယ်။အားပေးကြပါအုံးနော်...
(၁) လင်းပိုင်ပုံကျွန်း
http://i1183.photobucket.com/albums/x474/konay1/general%203/FB_IMG_1473536051448.jpg
ဒီလင်းပိုင်ပုံပေါ်နေတဲ့ကျွန်းကလေးကတော့ အင်းဒိုးနီးရှားနိုင်ငံ ကျွန်းစုတွေအနီးမှာ
တည်ရှိတဲ့ သေးငယ်တဲ့ သန္တာကျောက်းတန်းကျွန်းလေးပါ။Lesser Sundaကျွန်းစုများ
အုပ်စုထဲမှာပါဝင်ပါတယ်။
(၂) ပြုံးနေသောကျွန်း
http://i1183.photobucket.com/albums/x474/konay1/general%203/FB_IMG_1473536064656.jpg
မလေးရှားနိုင်ငံ မှာတည်ရှိပါတယ်။ ပြုံးနေသောပုံပေါ်လွင်စွာ ဖြစ်ပေါ်နေတာပါ။
တောင်တရုတ်ပင်လယ်ပေါ်လေယာဉ်ဖြတ်ပျံသန်းနေစဉ်တွင်  လှပစွာတွေ့မြင်နိုင်ပါတယ်။
Related Posts Plugin for WordPress, Blogger...