Saturday, September 24, 2016
ကမ္ဘာ့ပထမဆုံး ပုံများ
ကမ္ဘာပေါ်မှာ ပထမဆုံးတီထွင်ဖန်တီးထားတဲ့ ပစ္စည်းများ၊ ရှေ့ဆောင် လူသားများ၏
မှတ်တမ်းဓာတ်ပုံများကို စုစည်းတင်ပေးလိုက်ပါသည်။ကြည့်လိုက်ကြပါအုံးဗျာ...
http://i1183.photobucket.com/albums/x474/konay1/general%204/PhotoGrid_1474396741513.jpg
http://i1183.photobucket.com/albums/x474/konay1/general%204/PhotoGrid_1474395982739.jpg
ဟန်ချက်ညီကျောက်တုံများ(video)
ကျောက်တုံးများကို ဟန်ချက်ညီရပ်တည်စေရန် ထပ်ဆင့်တင်ကာ ဖန်တီးခြင်း
တကယ်ဟန်ချက်ညီ အောင်တင်ထားသော ကျောက်တုံးများပါ။
photoshop ပညာဖြင့်လုပ်ထားခြင်း မဟုတ်ကြောင်း အာမခံထားပါသည်။
အမှန်အကန်ဖြစ်ကြောင်းသိနိုင်ရန် 
ဟန်ချက်ညီကျောက်တုံများ(video)
ဖိုင်လေးပါ ကျွန်တော် သီးခြားတင်ပေးလိုက်ပါသည်။ကြည့်လိုက်ပါအုံးသူငယ်ချင်း...
http://i1183.photobucket.com/albums/x474/konay1/general%204/extreme-rock-balancing08.jpg
http://i1183.photobucket.com/albums/x474/konay1/general%204/extreme-rock-balancing07.jpg
Thursday, September 22, 2016
မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၁၁ )
သူငယ်ချင်းတို့ အတွက် fb မှာတွေ့သမျှကို စုစည်းပြီး ပြန်တင်ပေးလိုက်ပါတယ်။
ငါ့ဟာငါ ဆေးလိပ်သောက်နေတာကို ၀ိုင်းရိုက်နေလိုက်ကြတာ
ဆေးလိပ်မီးနဲ့ ကောက်ပစ်လိုက်လို့နော်....
http://i1183.photobucket.com/albums/x474/konay1/funny/FB_IMG_1473166294932.jpg
အပေါ်ကိုပဲ မဲနေလိုက်ကြတာ ၊ အောက်မှာတော့ .... ဟီးးး
http://i1183.photobucket.com/albums/x474/konay1/funny/FB_IMG_1466922971438.jpg
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၈ )
 “ လေချွန်သည်ဟု စွပ်စွဲခံရကာ မတရားအကျဉ်းချခံရသူ”
  *****************************************
ဒီတစ်ခေါက် ဘဝဇာတ်ခုံပေါ်မှ ပြကွက်ဆန်းများအကြောင်း
ကိုတော့ သက်ဦးဆံပိုင်ဘုရင်စနစ် အကြောင်းတွေကိုပဲ
ဆက်တင်ပေးပါမယ်။ဘုရင်စနစ်တွေ အာဏာရှင်စနစ်တွေ
ဟာအုပ်ချုပ်သူလူတန်းစား၏ စိတ်ထားပ်ါမူတည်ပြီး ပြည်သူ
အပေါ်အကျိုးသက်ရောက်မှုကြီးစွာ ဖြစ်ပေါ်ပါတယ်။အခု
ဒီအဖြစ်အပျက်လေးဟာ အုပ်ချုပ်သူတစ်ယောက်၏ ညှာတာ
မဲ့သော တရားစီရင်မှုနှင့် ရက်စက်တဲ့ အပြုအမူကြောင့်
ခံလိုက်ရသူအတွက်ကတော့ ရင်နာစရာပါ……
http://i1183.photobucket.com/albums/x474/konay1/general%204/9682534e99442f3e6c9bf086222e4ce4.jpg
             (  louis xvi and marie antoinette )
၁၇၈၆ ခုနှစ်တွင် ပြင်သစ်နိုင်ငံမြောက်ပိုင်း ဘရစ်တနီနယ် က
မာရီအော်ဂတ်စတင်း ဆိုတဲ့ မားကွစ်( အမတ် ) ပီလဲယားဟာ
နိုင်ငံတော်အကျဉ်းသားအဖြစ် သတ်မှတ်ပြစ်ဒဏ်ချခြင်းခံခဲ့
မာရီအန်တွိုင်းနက် ဆိုသည့်တော်ဝင်မျိုးနွယ်အမျိုးသမီး
တစ်ယောက်က ပြင်သစ်ပြဇာတ်တစ်ခုကိုသွားကြည့်ပါတယ်။
သူမ က ပြဇာတ်ကြည့်ဖို့ တော်ဝင်ထိုင်ခုံ မှာထိုင်ခါနီးတွင်
ပီလဲယားက လေချွန်လိုက်တယ်ဆိုပြီး စွပ်စွဲကာ တရားစွဲခြင်း
ခံရပါတယ်။
Monday, September 19, 2016
ခြေထောက်အား နောက်ပြန်လှည့်နိုင်သူ
http://i1183.photobucket.com/albums/x474/konay1/general/PhotoGrid_1474140911512.jpg
၂၀၁၇ ခုနှစ် Guinness မှတ်တမ်းအတွက်ထူးထူး
ခြားခြား မှတ်တမ်းဝင်သွားသူ တစ်ယောက်ကတော့
လန်ဒန် မှ အသက် ၁၄ နှစ်အရွယ်ရှိ Maxwell Day
ဆိုသူလူငယ် တစ်ယောက်ပါ။သူကတော့
ပုံမှာမြင်ရတဲ့ အတိုင်း ခြေထောက်များကို အကွာအဝေး
အများဆုံး နောက်ပြန်လှည့် မတ်တပ်ရပ်နေနိုင်သူ
ဖြစ်ပါသည်။ နောက်ပြန်လှည့်ထားနိုင်သည့်
အကွာအဝေးမှာ ၁၅၇ ဒီဂရီ အထိရှိပါသည်။
မြင်ရသူအတွက် အသဲယားစရာ ဟုထင်မှတ်ရသော်လည်း
Maxwell အတွက်ကတော့ နာကျင်မှုလုံးဝမရှိပဲ
သက်တောင့်သက်သာ ပဲဖြစ်နေပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ.....နေခရမ်း
Iron Man မျက်နှာပိုင်ဆိုင်သော ပိုးတုံးလုံး
http://i1183.photobucket.com/albums/x474/konay1/general/PhotoGrid_1473674675023.jpg
Daphnis nerii လို့ခေါ်တဲ့ ပုံးတုံးလုံး မျိုးနွယ်မှ အကောင်များ ဖြစ်ပါတယ်။ ယင်း အကောင်များရဲ့ ထူးခြားချက် အနေနဲ့ သူတို့ရဲ့ မျက်နှာ ပုံသဏ္ဍာန်ဟာ Iron Man နဲ့ တူညီနေခြင်း ဖြစ်ပါတယ်။
Iron Man ကတော့ ယင်း ပိုးတုံးလုံးကို နမူနာယူပြီးတော့ ဖန်တီးထားတာ မဟုတ် ပါဘူး။ သဘာဝ တရားအားဖြင့် တူညီ နေတာကို သဘာဝ လေ့လာ သူများကို ဖော်ထုတ် ပြသခဲ့ခြင်း ဖြစ်ပါတယ်။ ယင်း ပိုးကောင် များဟာ အာဖရိက နဲ့ အာရှမှာ ရှင်သန် ပေါက်ဖွားမှုများပြီး အသီးအနှံ့ ဖျက်တဲ့ စားသုံးတဲ့ ပိုးတစ်မျိုးပဲ ဖြစ်ပါတယ်။ နယ်တွေ ဘက်မှာ ဆိုရင် ပိုးယားကောင်၊ ပိုးတုံးလုံး၊ ပိုးလောက် အစရှိသဖြင့် ခေါ်ဝေါ် ပါတယ်။
ဥရောပတိုက် တောင်ပိုင်းမှာလည်း နွေရာသီဆိုရင် ရှင်သန် ပေါက်ဖွားလေ့ ရှိကြောင်း သိရ ပါတယ်။
Ref: wiki
Credit:innewsmyanmar
Related Posts Plugin for WordPress, Blogger...