Wednesday, November 30, 2016
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၁၁ )
သူငယ်ချင်းတို့ ကိုဒီတစ်ခါ တင်ပြချင်တာက အာဏာရှိသူ
အဖြစ်အပျက်ကိုပါ။
      တတိယမြောက် နပိုလီယံ
၁၈၅၁ ခုနှစ်။တတိယမြောက် နပိုလီယံ အာဏာသိမ်းယူစဉ်
အချိန်မှာပါ။လုပ်ပိုင်ခွင့်အာဏာ အပြည့်ရှိသူအမတ်ကြီး
ကောင်ဒီစိန့် အာနော့ တစ်ယောက်ချောင်းဆိုးတဲ့ရောဂါ အပြင်း
အထန်ခံစားနေရပါတယ်။တာဝန်တွေ အရေးကြီးနေချိန်မှာ
မခံမရပ်နိုင်အောင်ချောင်းဆိုးနေသဖြင့် သူဟာအလွန်ကိုဒေါသထွက်
စိတ်ပျက်နေပါတယ်။
တိုက်ဆိုင်စွာပဲ အဲဒီအချိန်မှာချောင်းဆိုးလွှန်းလို့ စိတ်ဆိုးနေတဲ့
အမတ်ကြီးက ''သေခြင်းဆိုးချောင်း ''('' Ma sacree toux!'')  လို့ 
ကိုယ့်ဟာကိုယ် ကြိမ်ဆဲလိုက်ပါတယ်။
အဲဒီအသံကို လက်ထောက်အမတ်က ''Massacrez tous''ကြားသွား
ပါတယ်။အဓိပ္ပာယ်ကတော့ ''လူတိုင်းကို သတ်ပြစ်လိုက်''ပါတဲ့။
အသံထွက်ကလည်း ဆင်တာကိုး။
တရုတ်နိုင်ငံမှ ကျောက်တောင်တောအုပ်ကြီး
ယခင်က ကမ္ဘာ့အကြီးဆုံး ကျောက်တောင်တောအုပ်ကြီး ဆိုပြီး
တင်ပေးခဲ့ဖူးပါသည်။ယခုလည်း တရုတ်နိုင်ငံမှာ ရှိသည့်
ကျောက်တုံး၊ကျောက်တောင်များမှ သစ်တောအုပ်ကဲ့သို့
ထိုးထိုးထောင်ထောင်နှင့် ဖြစ်နေသည့် နေရာတစ်ခုကို တင်ပြ
ပေးပါမည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကြီးမားလှသည့် ကျောက်တောင်
အစုအဝေးများကို Stone Forest ဟုအမည်ပေးထားကြပါသည်။
လွန်ခဲ့သော နှစ်သန်းပေါင်း ၂၇၀ ကတည်းက ရေတိုက်စားမှုများကြောင့်
ထုံးကျောက်အမျိုးအစား ကျောက်တောင်များသည် ကျောက်စက်မိုးမျှော်
များကဲ့သို့ ကောင်းကင်သို့ ထိုးထိုးထောင်ထောင် ဖြစ်နေကြပါသည်။
သစ်တောအုပ်ကဲ့သို့ ကျောက်တုံးကျောက်တောင်များသာ စုစည်းပြီး
ကျန်ရစ်ဖြစ်တည်နေခြင်း ဖြစ်ပါသည်။
Tuesday, November 29, 2016
လှပဆန်းပြားသော အိမ်တွင်းအလှဆင်မှုများ (၂)
လှပဆန်းပြားသည့် နံရံကပ်ဒီဇိုင်းများ နှင့် လှေကားပုံဆန်းဆန်းလေးများကို
စုစည်းတင်ပေးလိုက်ပါသည်။
မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၁၃ )
FB ပေါ်မှာ တွေ့သမျှကို ထပ်မံစုစည်း တင်ပေးလိုက်ပါသည်။
ကြည့်ရှု့ခံစားကြပါအုံးဗျာ...
တော်တော်ဆော့တဲ့ ကလေးလေး။သူငယ်တော်ပါ အော်ရပြီ...
မော်တော်ကားတွေတောင် စာမေးပွဲဖြေကုန်ပြီဟ...
အနီရောင်ကမ်းခြေ
တရုတ်နိုင်ငံ Panjin ဒေသတွင် တွေ့မြင်ရသော အနီရောင်ကမ်းခြေ
ပါ။အနီရောင်ရှိသော Suaeda salsa ဆိုသည့် အပင်တစ်မျိုးများပြား
စွာပေါက်ရောက်နေသောကြောင့် သည်ကဲ့သို့ အနီရောင်ကမ်းခြေ
တစ်ခု ဖြစ်ပေါ်နေရခြင်းပါ။ကမ္ဘာပေါ်တွင် အကြီးမားဆုံး စိုစွတ်ရေ၀တ်
နေသည့် ဒေသများတွင် တစ်ခုအပါအ၀င်ဖြစ်ပါသည်။ ရဲရဲတောက်
နေသည့် အပင်များကြောင့် အမြင်တစ်မျိုးဆန်းသစ်နေမှုကို
ကြည့်မြင်ခံစားလိုက်ရအောင်နော်….
Monday, November 28, 2016
လွန်ခဲ့သော အနှစ် ၁၀၀ တုန်းက အသုံးပြုခဲ့တဲ့ ပထမဦးဆုံး တင့်ကား
ဒီပထမဦးဆုံးတင့်ကားကို လွန်ခဲ့တဲ့ နှစ် ၁၀၀ က ပထမကမ္ဘာစစ်အတွင်း အသုံးပြုခဲ့ပါတယ်။ ၁ နာရီ ၃ မိုင်သာ ခရီးပေါက်ပါတယ်။ 
၁၉၁၆ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ထင်ရှားတဲ့ Battle of the Somme စစ်ပွဲအတွင်း တိုက်ခိုက်မှု တစ်ခုဖြစ်တဲ့ Flers-Courcelette မှာ ဗြိတိသျှနဲ့ ပြင်သစ်စစ်သားတွေ ဂျာမန်ကို တိုက်ခဲ့လို့ ဗြိတိလျှစစ်တပ်ကနေ ယခင်တပ်မတော်ယာဉ်မလုပ်ဆောင်နိုင်တဲ့ မြေပြင် အခြေအနေမှာ ခရီးပေါက်နိုင်တဲ့ လက်နက်သစ်တစ်ခု ထုတ်သုံးခဲ့ပါတယ်။
အဲဒီနှစ်ပတ်လည်နေ့ကို အမှတ်အသားပြုဖို့အတွက် မူလ Mark IV တင့်ကားကြီးနဲ့ ချွတ်စွပ်တူတဲ့ ပုံစံငယ်တစ်ခုကို လန်ဒန်မြို့ Trafalgal ရင်ပြင်မှာ ထားရှိခဲ့တယ်လို့ ဘီဘီစီက သတင်းဖော်ပြပါတယ်။
ဗြိတိလျှ ခြေလျင်တပ်ကို အထောက်အပံ့ဖြစ်စေဖို့ ပုံမှန်လှမ်းခြောက်နှုန်းဖြင့် ရွေ့လျားသွားလာဖို့ နဂိုကတည်းက စီမံလုပ်ဆောင်ထားပါတယ်။ ဗြိတိသျှကနေပြုလုပ်တဲ့ တင့်ကားတွေအားလုံး ၁၉၁၆ ခုနှစ်မှာ အသုံးပြုဖို့ အဆင်သင့်မဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ယခုတင့်ကားကြီး စတင်အသုံးပြုခြင်းက ပိုမိုခေတ်မီတိုးတက်မှုတွေနဲ့ သေကျေပျက်စီးမှုပိုများတဲ့ လက်နက်ကိရိယာတွေ ခေတ်မီတဲ့စစ်ပွဲခေတ်သစ်စာမျက်နှာဖွင့်ပေးလိုက်ပါတယ်။
ဒီပုံတူတင့်ကားကို အင်္ဂလန်နိုင်ငံ ဒေါ်စက်စီရင်စု Tank Museum မှ နှစ်တစ်ရာပြည့်ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် စီစဉ်ခဲ့တာဖြစ်ပါတယ်။ 
Ref: TIME 
Credit:Trend Myanmar
မိဘ ၃ ဦးဆီက DNA နဲ့ မွေးလာတဲ့ ကမ္ဘာ့ပထမဦးဆုံးကလေး
မိဘ ၃ဦးဆီက DNA နဲ့ မွေးဖွားလာတဲ့ ကမ္ဘာ့ပထမဦးကလေး တစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ ၅ လသားအရွယ် Abrahim Hassan ရဲ့ ဂျော်ဒန်လူမျိုး မိဘတွေဖြစ်ကြတဲ့ Ibtisam Shaban နဲ့ Mahmoud Hassan တို့ဟာ မက်ဆီကိုအခြေစိုက် အမေရိကန်အဖွဲ့တစ်ဖွဲ့နဲ့ ဆေးကုသမှု ခံယူခဲ့ကြပါတယ်။ ဒီအဖွဲ့ဟာ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေ မွေးဖွားမှုအတွက်  မိဘတွေကို ရှားပါးသန္ဓေပြောင်းမှု အငြင်းဖွယ်နည်းပညာတစ်ခုကို အသုံးပြုခဲ့တယ်လို့ New Scientist က သတင်းဖော်ပြထားပါတယ်။ 
Shaban မှာ မျိုးရိုးဗီဇနဲ့ ဆက်နွယ်တဲ့ မကြုံစဖူးရောဂါ Leigh syndrome ကို ဖြစ်စေတဲ့ မျိုးရိုးဗီဇ ရှိနေပါတယ်။ ဒီရောဂါဖြစ်တာ ဦးနှောက်၊ ကျောရိုးနဗ်ကြောနဲ့ အမြင်အာရုံစတဲ့ ဗဟိုအာရုံကြောစနစ် ယိုယွင်းပျက်စီးမှုကြောင့်လို့ သတ်မှတ်ပါတယ်။ ကျန်းမာနေသည့်တိုင်အောင် Shaban မွေးတဲ့ အရင်ကလေး ၂ ယောက်ဟာ Leigh syndrome ကြောင့် သေဆုံးခဲ့ကြပါတယ်။ ဒါကြောင့် သူမဟာ နယူးယော့ခ်က New Hope Fertility Center ရဲ့အကူအညီကို ရယူခဲ့ပါတယ်။ 
Related Posts Plugin for WordPress, Blogger...