Tuesday, May 2, 2017

ထူးခြားဆန်းသစ်သော အရိပ်ပန်းချီများ (၄)

စိတ်ကူးဆန်းသစ်မှု နှင့် ပန်းချီးပညာ ပေါင်းစပ်ဖန်တီးထားတဲ့ ပုံလေးတွေကို
တင်ပေးချင်ပါသည်။ ကြည့်လိုက်ကြပါအုံးနော်...

ဆန်းဆန်းပြားပြား Toilet အညွှန်းများ (၄)


ယခုခေတ် စမတ်ဖုန်းများ မရှိခင်က ရိုက်ကူးခဲ့သော Selfie ဓာတ်ပုံများ

ယခုခေတ်လို စမတ်ဖုန်းများဖြင့် အလွယ်တကူ Selfie ပုံများ မရိုက်နိုင်ခင်ထဲက လူအများစုသည် မိမိကိုယ်မိမိ ဓာတ်ပုံပြန်လည် ရိုက်ကူးမှုကို စိတ်ဝင်စား ရိုက်ကူးခဲ့ကြပါတယ်။ ယခုပုံများကို ကြည့်လျှင် နာမည်ကျော်အများစုသည် ဟိုးအရင်ထဲက Selfie ကို ရူးသွပ်ခဲ့ကြသည်ကို တွေ့မြင်ရမှာပါ။ မိမိပုံကို အခြားသူရိုက်ပေး၍ အဆင်မပြေနိုင်သော အခြေနေအများစုတွင် ရှေးယခင် ကင်မရာများဖြင့် မှန်ရှေ့၍ ရိုက်ခြင်း ၊ စိတ်မှန်းဖြင့် ရိုက်ကူးကြည့်ခြင်းဖြင့် Selfie ပုံများကို အများအပြား ရိုက်ကူးခဲ့ကြပါတယ်။

Sunday, April 30, 2017

လက်ချောင်း အတိုအရှည်ကို ကြည့်ပြီး အမျိုးသား တစ်ဦး၏ စိတ်နေစိတ်ထားကို ခန့်မှန်းနိုင်


အမျိုးသမီးများ အတွက် သတင်းကောင်း တစ်ခုရှိနေပါပြီ။ ကိုယ်နှင့် ဒိတ်လုပ်သည့် အမျိုးသားသည် ရက်ရောသူ ဖြစ်သလား၊ တွန့်တိုတတ်သည့် ကပ်စေးနည်း ဖြစ်သလားကို သိရှိနိုင်မည့် နည်းလမ်း ရှိနေပါပြီ။
            သိနိုင်ဖို့ အတွက် သူ့အလုပ်အကိုင် ကိုလည်း မမေးပါနှင့်။ သူ့ ပိုက်ဆံအိတ်ထဲ ကိုလည်း မကြည့်ပါနှင့်။ သူ့လက်ချောင်းလေးတွေကိုသာ ကြည့်လိုက်ပါ။ ရက်ရောသူလား၊ ကပ်စေးနည်းသူလား သိဖို့ရန် လက်ချောင်းလေးများ၏ အတိုအရှည်ကိုသာ ကြည့်လိုက်ပါ။ အမျိုးသား တစ်ဦး၏  လက်ညှိုးသည် လက်သူကြွယ်ထက် တိုနေပါက ယင်းအမျိုးသားသည် အမျိုးသမီးများ အထင်ကြီးစေရန် အတွက် ငွေကြေးများစွာ သုံးစွဲသူ ဖြစ်နိုင်ခြေများကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။
            အဆိုပါ အမျိုးသားသည် ပန်းများ လက်ဆောင် ပေးတတ်သည်။ ချောကလက်များ လက်ဆောင် ပေးတတ်သည်။ ညစာအတွက်လည်း သူကပဲ စိုက်ထုတ် အကုန်အကျ ခံတတ်သည်။ ထို့ပြင် အဆိုပါ ကိုယ်တော်ချောသည် အားကစားရုံ သို့လည်း ပိုသွားနိုင်ခြေရှိသည်။ စတိုင်ကျသော အ၀တ်များကိုလည်း ၀တ်ကြသည်။

ဟာဝိုင်အီကျွန်းပေါ်မှ ကမ္ဘာကျော် လှေကားထစ်များ

ဟာဝိုင်အီ (Hawaii) ၊ Oahu ဒေသရှိ Ko’olau တောင်တန်းများပေါ်တွင် ရှည်လျားမြင့်မားသည့် ကမ္ဘာကျော် Stairway to Heaven လှေကားထစ်များ တည်ရှိပါသည်။ တောင်တန်းတစ်လျောက် အနိမ့် အမြင့်အတိုင်း ရှည်လျားစွာ တည်ရှိနေပြီး လှေကားထစ်ပေါင်း ၃၉၂၂ ရှိပါသည်။

၁၉၄၂ ခုနှစ် ၊ ဒုတိယကမ္ဘာစစ်ပွဲ ဖြစ်ပေါ်နေချိန်၌ အမေရိကန်စစ်တပ်မှ ရေဒီယိုစခန်း တစ်ခုအဖြစ် ထိုတောင်ပေါ်တွင် တည်ဆောက်ခဲ့ပါသည်။ ယခုလှေကားများမှာ ထိုရေဒီယိုစခန်းသို့ သွားရန်အတွက် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းပါ။

ကျောက်တုံးများကို ဟန်ချက်ညီရပ်တည်စေရန် ထပ်ဆင့်တင်ကာ ဖန်တီးခြင်း (၂)

Balance Art ဟုခေါ်သည့် အရာဝတ္ထုများကို ဟန်ချက်ညီ ရပ်တည်နေစေရန် အဆင့်ဆင့် အထပ်ထပ် တင်ကာ ပြသသည့် အနုပညာ တစ်မျိုးပါ။ ထိုကဲ့သို့ အံ့မခန်းပညာရှင်မျိုး ကမ္ဘာမှာ များစွာရှိကြပါတယ်။ တစ်ချို့က လူပုံအလယ် ပြပွဲများ ပြသကြသလို သူတို့၏ ပညာရပ်များကို တင်ဆက်လေ့ ရှိကြပါတယ်။ ယခုလည်း Kokei ဆိုသည့် လူငယ်တစ်ယောက်မှ ကျောက်တုံးများ အဆင့်ဆင့် ရပ်တည်နေစေရန် ထူးခြားစွာ တင်ဆက်ပြသခဲ့ပါတယ်။ ကြည့်မြင်ရသူအနေဖြင့် ယုံကြည်ရန် ခက်ခဲလောက်အောင် ပြသနိုင်ခဲ့ပြီး သူပြုလုပ်ခဲ့ပုံအဆင့်ဆင့်ကို ဗွီဒီယို မှတ်တမ်းတင်ထား ခဲ့ပါသည်။ သူ၏ ဗွီဒီယိုအပိုင်း များစွာထဲမှ တစ်ခုကို နေခရမ်း Page တွင် သီးခြား တင်ပေးပါအုံးမည်။ ကဲကြည့်လိုက်ရအောင်ဗျာ…

ကျောက်ခဲလေးများဖြင့် ဖန်တီးထားသော ပုံလေးများ (၃)

တွေ့မြင်နေကျ ပုံစံမျိုးနှင့်မတူပဲ သဘာဝ ကျောက်ခဲလေးများကို
နေရာတကျ စုစည်း၍ ရုပ်ပုံလေးများဖြစ်လာအောင် ဖန်တီးပုံဖော်
ထားမှုများပါ။ စိတ်ကူးဆန်းသစ်သလို သဘာဝအတိုင်းရှိနေသည့်
ကျောက်ခဲပုံစံမျိုးစုံကို အစီအစဉ်တကျ ပုံဖော်ထားသိုနိုင်မှုဟာ
လေးစားစရာပါ။ ၏

Related Posts Plugin for WordPress, Blogger...