သေးငယ်တဲ့ ခဲတံခဲသားများပေါ်မှာ အနုစိတ်လက်ရာမြောက် ပန်းပုရုပ်ကလေးများအကြောင်း ယခင်းက တင်းပေးဖူးပါတယ်။ ယခုလည်း ထိုင်ဝမ်အနုပညာရှင် Chien Chu Lee ရဲ့ အနုစိတ် လက်ရာမြောက် ပန်းပုလေးများကို စုစည်း တင်ပေးလိုက်ပါတယ်။ သူရဲ့ ပန်းပုရုပ်လေးများကို အပြင်မှာ ကောင်းကောင်းကြည့်လိုရင် မှန်ဘီလူးတစ်လက်တော့ လိုပါတယ်။
နေခရမ်း....
|
Saturday, September 9, 2017
ကိုယ်ပျောက်လူသား (သို့) Spot thS Man (၃)
ယခင်ကလည်း ဒီအနုပညာရှင်ရဲ့ ပုံများကို တင်ပေးဖူးပါတယ်။ ယခုလည်း တရုတ် Body Art ပညာရှင် Lui Bolin ရဲ့ လက်ရာမြောက်သေသပ်တဲ့ ပုံများကို ထပ်မံတင်ပေးလိုက်ပါတယ်။ သူရဲ့ ထူးခြားသေသပ်တဲ့ Body Art ပညာကြောင့် အများက ကိုယ်ပျောက်လူသား ဟု တင်ပွန်းတပ်ခဲ့ကြပါတယ်။ ယခင်က သူရဲ့ပုံများကို Photoshop ဖြင့် ပြင်ထားတာဟု အငြင်းပွားခဲ့ကြပြီး နောက်ပိုင်း Video ဖိုင်များဖြင့် တင်ပြပြတော့မှ အံ့သြချီးကျူးခဲ့ကြပါတယ်။ သူရဲ့ ဖန်တီးမှုများဟာ သူ့ကိုယ်သူ ဆေးခြယ်ပြီး ပြသခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
ဂျပန်နိုင်ငံ မှ ယုန်ကျွန်း
ဂျပန်နိုင်ငံမှာ တည်ရှိတဲ့ ကြောင်ကျွန်းအကြောင်းတော့ ယခင်ကတင်ပေးဖူးပါတယ်။ ယခုလည်း ကျွန်းတစ်ခုလုံးနီးပါး ယုန်များမင်းမူနေသော Ohkunoshima ဆိုတဲ့ ယုန်ကျွန်းအကြောင်း ထပ်မံတင်ပေးလိုက်ပါတယ်။
Friday, September 8, 2017
ဒိုင်နိုဆော်ခေတ်တွင် ရှင်သန်ခဲ့သည့် ၀က်နှာခေါင်းနှင့် လိပ်အမျိုးအစား ကို ယူတားပြည်နယ်၌ တွေ့ရှိ
ဆော့တ်လိတ်စီးတီး ၊ ၂၃-၁၀-၂၀၁၅
ဒိုင်နိုဆောများ ရှင်သန် ပေါက်ဖွားရာ ခေတ် ကာလတွင် နေထိုင်ခဲ့သည့် ထူးခြားသော ဝက်နှာခေါင်းနှင့် လိပ် အမျိုးအစားကို ယူတားပြည်နယ် တွင် တွေ့ရှိ ခဲ့ကြောင်း သိရသည်။
အဆိုပါလိပ်၏ ကျောက်ဖြစ် ရုပ်ကြွင်းကို ယူတားသဘာဝ သမိုင်းပြတိုက် မှအဖွဲ့တစ်ဖွဲ့က ပြည်နယ် တောင်ပိုင်းရှိ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် နေရာ၌ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါလိပ် အမျိုးအစားသည် ထူးခြား ဆန်းကြယ်သော လိပ်မျိုးဖြစ်ကြောင်း တက္ကဆက် တက္ကသိုလ်မှ ဂျိုဟွာလစ်ဗ်လီ က ပြောကြား ထားသည်။ နှစ်ပေ အရှည်ရှိသည့် အဆိုပါ လိပ်အမျိုးအစား သည် လွန်ခဲ့သည့် နှစ်ပေါင်း ၇၆ သန်းခန့်က ယူတားပြည်နယ် တောင်ပိုင်း၏ စိုစွတ်ပြီး ပူနွေးသော ရာသီဥတုနှင့် မြစ်ချောင်းများ ပေါများမှုကြောင့် ယင်းဒေသတွင် နေထိုင်ခဲ့ခြင်း ဖြစ်ဖွယ်ရှိကြောင်း၊ ဝက်နှာခေါင်း ကဲ့သို့ နှာခေါင်းပေါက် နှစ်ပေါက်ပါသည့် အတွက် တွေ့နေကျ လိပ်များထက် တစ်မူထူးခြား နေခြင်းဖြစ်ကြောင်း သုတေသန ပညာရှင်များက ပြောကြားထားသည်။
Credit: pyichitthar.com
ရေငုပ်ငါးဖမ်း အလွန်ကျွမ်းတဲ့ တင်ကျီးငှက် ဆိုတာ..
တင်ကျီးငှက်များကို လူတိုင်း မြင်ဖူး ကြားဖူး ကြလိမ့်မယ် မထင်ပါဘူး။
လူတိုင်း မမြင်ဖူး မကြားဖူးတဲ့ တင်ကျီးငှက် အကြောင်း လေးကို ပြောပြချ
င်ပါတယ်။
တင်ကျီးငှက်ဟာ ခြေချောင်းများကြားမှာ အရေပြားရှိတဲ့ ငှက်ကြီးမျိုးဖြစ်ပါတယ်။ ရေတွင်ငုပ်၍ ငါးများကိုအစာအဖြစ် လိုက်လံဖမ်းဆီးစားသောက်တတ်ပါတယ်။ အများအားဖြင့် ရေငုပ်၍ ငါးဖမ်းရာ၌ ရေထဲတွင် ကြာရှည်စွာနေနိုင်တာပါ။
ရေကူးရာမှာ အရေပြားရှိတဲ့ ခြေများကိုအသုံးပြုတတ်ပါတယ်။ ပျံသန်းသောအခါ ရေမျက်နှာပြင်နှင့်ကပ်၍ ပျံသန်းပြီးလျှင် ငါးများကိုဖမ်းယူတတ်ကြပါတယ်။ အဲ့ဒါမှမဟုတ်ရင် ရေပေါ်တွင် ကိုင်းလျက်ကျရောက်နေသော သစ်ကိုင်းပေါ်တွင် နားကာငါးပေါ်လာမည်ကို စောင့်မျှော်နေတတ်ပါတယ်။
ငါးဖမ်းအလွန် လျင်မြန်တယ်လို့ ဆိုရပါမယ်။ အစာစားရာတွင် လောဘတကြီးနဲ့ စားမျိုလေ့ရှိပါတယ်။ မိတဲ့အစာကို မမျိုမှီ အများအားဖြင့် ရေပေါ်သို့ ယူလာတတ်ပါတယ်။ အစာကို ခေါင်းပိုင်းမှစ၍ မျိုချလေ့ရှိပါတယ်။

ဂျုံစိုက်ခင်းတွေမှာ ရုတ်တရက်ပေါ်လာတဲ့ စက်ဝိုင်း (crop circle) တွေကြောင့် ရဲတွေခေါင်းခြောက်
အာဂျင်တီးနားရဲတွေဟာ ကောက်ပဲသီးနှံစိုက်ခင်းတွေမှာ ရုတ်တရက် ထူးဆန်းစွာ အပင်တွေ ပိပြားပြီး ဖြစ်ပေါ်လာတဲ့ အကွက်ဝိုင်း crop circles တွေကို ဘယ်သူ (သို့ ) ဘယ်အရာက ပြုလုပ် ခဲ့လဲဆိုတာနဲ့  ပတ်သတ်ပြီး ခေါင်းခြောက်လျက် ရှိပါတယ်။
ယခုနှစ်အတွင်းမှာ အာဂျင်တီးနားနိုင်ငံတောင်ပိုင်းခရိုင် Salta က ဂျုံခင်းတွေမှာ ထူးဆန်းတဲ့ပုံသဏ္ဍာန်တွေ ဖြစ်ပေါ်လျက်ရှိပြီး နောက်ဆုံးဖြစ်ပေါ်မှုက Choicoana ဒေသက စိုက်ခင်းတစ်ခုမှာဖြစ်ပါတယ်။
Crop circle တွေကို စုံစမ်းလေ့လာနေသူ အမျိုးသမီးတစ်ဦးဖြစ်တဲ့ Mercedes Casas က “ ဒီတစ်ခါတွေ့ ရတဲ့ ပုံစံကတော့ ကြီးရာကနေ သေးသွားတဲ့ အ၀ိုင်းကိုးခုပုံစံဖြစ်ပါတယ်။ ပထမစက်ဝိုင်းက အချင်း ခုနှစ်မီတာရှိပြီး တဖြည်းဖြည်း သေးသွားကာ နောက်ဆုံးစက်ဝိုင်းက လေးမီတာရှိပါတယ်။ တစ်မူထူးခြားတဲ့အမှတ်အသားတွေလည်း တွေ့ ရပါတယ်။ ဒီ စက်ဝိုင်းကိုးခုကို အကျယ် တစ်မီတာ၊ စင်တီမီတာနည်းနည်းရှည်တဲ့ မျဉ်းလိုင်းတွေနဲ့ ဆက်စပ်ထားတဲ့ ပုံဖြစ်ပါတယ်” လို့ ရှင်းပြပါတယ်။
ဖဲချပ်များဖြင့် ပြုလုပ်ထားသည့် ပန်းအိုးများ
တရုတ်နိုင်ငံ ၊ Hubei ပြည်နယ် ၊ Qianjiang တွင်နေထိုင်သည့် အသက် ၆၅ နှစ်အရွယ်ရှိ Zhang Kehua ဆိုသူသည် ကစားရာတွင် အသုံးပြုသော ဖဲချပ်များကို အသုံးပြုကာ အရောင်စုံပန်းအိုးများ ပြုလုပ်ပြခဲ့ပါသည်။
Zhang Kehua သည် ဖဲချပ်များကို လိုသလို ခေါက်ချိုးကာ ထိုကဲ့သို့ လက်ရာမြောက်လှသော ပန်းအိုးများ ပြုလုပ်ပြခဲ့ပြီး အချို့ပန်းအိုးများသည် ၁ မီတာ (၃.၂၈ ပေ)အထိ ရှည်ပါသည်။
Zhang Kehua သည် ဖဲချပ်များကို လိုသလို ခေါက်ချိုးကာ ထိုကဲ့သို့ လက်ရာမြောက်လှသော ပန်းအိုးများ ပြုလုပ်ပြခဲ့ပြီး အချို့ပန်းအိုးများသည် ၁ မီတာ (၃.၂၈ ပေ)အထိ ရှည်ပါသည်။
Subscribe to:
Posts (Atom)