Monday, October 30, 2017

ဝူခုန်းဇာတ်ကား ရိုက်ကွင်းပေါ်မှ ပုံရိပ်များ

ငယ်စဉ်ကတည်းက ကြည့်ခဲ့ရတဲ့ အနောက်သို့ ခရီးသွားခြင်းမှတ်တမ်း ဇာတ်ကားဟာ ကျွန်တော်တို့အတွက်ကတော့ အကြိုက်ဆုံးဇာတ်လမ်းတွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ယခုအချိန်အထိ နောက်ထပ် ရိုက်ကူးကြတဲ့ ဇာတ်လမ်းတွေ ဘယ်လောက်ကောင်းကောင်း ၊ ကွန်ပြူတာဖန်တီးချက်တွေ ဘယ်လောက်အဆင့်မြင့်မြင့် ငယ်စဉ်က ၀ူခုန်းဇာတ်ကားလောက် အားမရခဲ့တာ အမှန်ပါ။ အခုတင်ပြပေးတဲ့ ပုံလေးတွေက ထိုဇာတ်ကား စတင်ရိုက်ကူးချိန်တွင် ရိုက်ကွင်းပေါ်မှ ဖန်တီးမှု ပုံရိပ်များမှ အချို့ဖြစ်ပါတယ်။ ခေတ်မှီစက်ကိရိယာတွေ ရှားပါးနေချိန်မှာ ကြိုးစားဖန်တီးခဲ့ကြတဲ့ ပုံရိပ်များကို ကြည့်ပြီး တကယ်ကို အံ့သြချီးကျူးရပါတယ်။ သူငယ်ချင်းတို့လည်း ကြည့်ရှု့လိုက်ကြပါအုံးဗျာ….

Friday, October 27, 2017

စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၂၃)

Victor Nunes ဆိုတဲ့ပညာရှင်မှ ဖန်တီးထားမှုများပါ။ သူက နေ့စဉ်တွေ့မြင်နေကျ ပစ္စည်းလေးများနဲ့ ကာတွန်းပုံလေးများ ပေါင်းစပ်ကာ တီထွင်ရေးဆွဲထားမှုက ချီးကျူးစရာပါ။

ပုံစံထူးခြား သည့် ရှိခိုးကောင်လေးများ

ရှိခိုးကောင်(ဓားခုတ်ကောင်) Mantis လေးများသည် အမျိုးကွဲ ၊ ပုံစံကွဲလေးများ များစွာ ရှိပါသည်။ ထိုအထဲကမှ ပုံစံထူးခြားပြီး အရောင်အသွေးစုံတဲ့ ရှိခိုးကောင် ၇ မျိုးကို တင်ပြပေးပါမယ်။

Orchid Mantis 
Orchid Mantis အမည်ရှိ သစ်ခွရှိခိုးကောင်လေးများသည် ပန်းပွင့်များနှင့် ပုံစံ အရောင် တူညီမှုရှိပါတယ်။ ထို့ပြင် ၀တ်မှုန်ကူးမည့် အင်းစက်ပိုးကောင်လေးများကို ပန်းပွင့်ဟန်ဆောင်ပြီး ဆွဲဆောင်စားသောက်တတ်ကြပါသည်။ ပန်းပွင့်များထက်ပင် ပိုမိုပြီး အင်းဆက်ပိုးကောင်လေးများကို ဆွဲဆောင်လှည့်ဖျားနိုင်ကြောင်း သိရပါသည်။
Jeweled Flower Mantis

ဂျပန်နိုင်ငံမှ ကောက်ရိုးအရုပ်ကြီးများ

ဂျပန်နိုင်ငံတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် Wara အနုပညာပွဲတော်တွင် ပြသထားသည့် ကောက်ရိုးများဖြင့် ပြုလုပ်ထားသော အရုပ်ကြီးများ ဖြစ်ပါသည်။ Amy Goda ဆိုတဲ့ အနုပညာရှင်မှ ဖန်တီးပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ အမျိုးအစားစုံ ကြီမားလှသည့် အရုပ်ကြီးများဟာ ပွဲတော်လာရောက်သူများအတွက် အထူးကြည့်ရှု့စရာ ဖြစ်ခဲ့ပါတယ်။

Thursday, October 26, 2017

အံ့သြလောက်ဖွယ် ပြောင်းလဲနေသော ကမ္ဘာကြီး

ကျွန်တော်တို့ သက်ရှိ ၊ သက်မဲ့ မှန်သမျှဟာ အချိန်နဲ့လိုက်ပြီး ပြောင်းလဲနေကြတာ သဘာဝပါ။ ဒါပေမယ့် ကောင်းသော ပြောင်းလဲခြင်း(တိုးတက်ခြင်း) နှင့် ဆိုးသော ပြောင်းလဲခြင်း (ပျက်စီးခြင်း) ဟူ၍ နှစ်မျိုးရှိရာ ကမ္ဘာမြေကြီါ်အတွက်ကတော့ ဆိုးသော ပြောင်းလဲခြင်းတွေသာ ဖြစ်ပေါ်နေကြပါတယ်။ တကယ်တော့ ကျွန်တော်တို့ လူသားများအတွက် လိုအပ်သောအရာများကို ကမ္ဘာမြေကြီးဆီကပဲ အမြဲရယူနေကြရတာပါ။  သို့သော် စည်းကမ်းမရှိ အလွန်အကျွံထုတ်ယူသုံးစွဲကြပြီး တန်ဖိုးမထားတတ်တော့ ယခုအခါ သဘာဝဘေးအန္တရာယ်များ ထပ်ကာ ထပ်ကာ ဖြစ်ပွားလာနေကြပါပြီ။ ယခုတင်ပြမယ့် NASA မှရိုက်ကူးထုတ်ပြန်ထားသော ဓာတ်ပုံများသည် ကမ္ဘာကြီး ဘယ်လောက်သိသိသာသာ ပျက်စီးပြောင်းလဲနေတယ်ဆိုတာ တွေ့မြင်ရမှာပါ။ ကိုယ်နေထိုင်ရာ အိမ်ကို ကိုယ်ပြန်ဖျက်နေတဲ့ လူသားများ ဖြစ်လို့နေပါပြီ။

ကမ္ဘာ့အလှဆုံး မြစ်ကြီးများ

ယခင်က ကမ္ဘာ့အရှည်ဆုံး မြစ်ကြီးများအကြောင်းကို တင်ပြပေးဖူးပါသည်။ ယခုတင်ပြမည့် အကြောင်းအရာကတော့ ကမ္ဘာကျော် တယ်လီဂရက် website တွင် ဖော်ပြထားသည့် ကမ္ဘာ့ အလှဆုံး မြစ်ကြီးများကို (၁) မှ (၁၇) အထိ ရှာဖွေတင်ပေးလိုက်ပါတယ်။ ကမ္ဘာ့အလှဆုံး မြစ်ကြီးများသည် ရှည်လျားခြင်းအပေါ် မူတည်ရွေးချယ်ခြင်း မဟုတ်ဘဲ မြစ်ကြီးများတစ်လျောက် မြို့ရွာများ၏ တည်နေပုံများ ၊ မြစ်ကြောင်းတစ်လျောက် ရှု့ခင်းများ ၊ ရှည်လျားခိုင်မာသည့် သမိုင်းဆိုင်ရာ အချက်အလက် တန်ဖိုးများကို မူတည်ရွေးချယ်ထားခြင်းပါ။ ကမ္ဘာ့ယဉ်ကျေးမှု နှင့် လူသားသမိုင်း တိုးတက်ထွန်းကားမှုကို မြစ်ကြီးများ ယဉ်ကျေးမှုဟု တင်စားရလောက်အောင် ရှည်လျားကြီးမားသော မြစ်ကြီးများကြောင့် အကျိုးကျေးဇူး များခဲ့ရပါသည်။ အလှဆုံး မြစ်များ စာရင်းတွင် မြန်မာပြည်မှ ဧရာဝတီမြစ်ကို နံပါတ်(၁) ပေးထားပြီး ကျန်သည့် မြစ်ကြီးများကိုလည်း ရွေးချယ်ဖော်ပြပေးထားပါသည်။ ကဲ … ကမ္ဘာ့အလှဆုံး မြစ်ကြီးများ အကြောင်းကို ကြည့်လိုက်ရအောင်ဗျာ…

(၁) ဧရာဝတီ - မြန်မာ

ဧရာဝတီမြစ်ကြီးသည် မြန်မာပြည်တွင်းမှာပင် မြစ်ဖျားခံပြီး မြန်မာပြည် အလယ်ပိုင်းကို ဖြတ်သန်းစီးဆင်းကာ မြန်မာ့ပင်လယ်တွင်းသို့ စီးဝင်သွားသော အထူးအရေးပါသည့် မြစ်ကြီးတစ်စင်း ဖြစ်ပါသည်။ မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်မှ မေခ ၊ မလိခ မြစ်နှစ်သွယ် ပေါင်းစပ် ဖြစ်ပေါ်လာသော ဧရာဝတီမြစ်ကြီးသည် ၁၃၄၈ မိုင် (၂၁၇၀ ကီလိုမီတာ) အထိ ရှည်လျားပါသည်။ မြန်မာပြည်အတွင်း ဖြတ်သန်းစီးဆင်းသော မြစ်များတွင် အရှည်ဆုံး မြစ်ကြီး ဖြစ်ပြီး ကမ္ဘာ့ အရှည်လျားဆုံး မြစ်ကြီးများစာရင်းတွင်တော့ (၅၅) ခုမြောက် ဖြစ်ပါသည်။ မြန်မာနိုင်ငံ ၏ သမိုင်းစဉ်တစ်လျောက် ဧရာဝတီမြစ်ကြီးသည် အရေးပါသော အခန်းကဏ္ဍမှ အမြဲပါဝင်နေပါသည်။ မှတ်တမ်းများအရ ရှေးဌာနေလူသားများအတွက် စိုက်ပျိုးမွေးမြူရေး နှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရာ ပင်မ အခြေခံကြီး ဖြစ်ခဲ့သလို မြန်မာနိုင်ငံ အလယ်ပိုင်းမှ ပင်လယ်ထွက်ပေါက်အထိ အသုံးဝင်သော မြစ်ကြီးဖြစ်ကာ ကျေးဇူးကြီးလှပါသည်။ ၆ ရာစုလောက်ကတည်းက ကုန်စည် ထုတ်လုပ် တင်ပို့ရောင်းချရာတွင် အသုံးဝင်ခဲ့ကြောင်း ကမ္ဘာ့မှတ်တမ်းများတွင် ဖော်ပြထားပါသည်။ ခေတ်အဆက်ဆက် အသုံးဝင် ကျေးဇူးကြီးလှသော မြစ်ကြီး ဖြစ်သည်နှင့်အညီ ရှေးမြန်မာတို့၏ ကျော်ကြားထင်ရှားသော နန်းမြို့များသည်လည်း ဧရာဝတီမြစ်ကြောင်းတစ်လျောက် တွေ့မြင်ကြရပါသည်။ ရှည်လျားသော မြစ်ကြောင်းတစ်လျောက် သဘာဝအလှအပ အမျိုးမျိုး နှင့် ရှားပါးသော ရေနေသတ္တ၀ါများပါ တည်ရှိနေပါသည်။ နာမည်ကျော် ဧရာဝတီလင်းပိုင်းများလည်း တည်ရှိနေပြီး ကမ္ဘာကျော် နေ၀င်ချိန်မြစ်ပြင်အလှများကိုလည်း ခံစားနိုင်ပါသည်။ သက်တမ်းကြာရှည်ခြင်း ၊ လူသားတို့၏ အဆင်ခြင်မဲ့ မိုက်မဲသော အသုံးပြုမှုများကြောင့် အိုမင်း ပျက်စီးလာပေမယ့် ဧရာဝတီမြစ်ကြီး၏ အလှများကတော့ လှပနိုင်သလောက် လှပနေမြဲ ၊ သူနိုင်သလောက် အစွမ်းကုန် အကျိုးပြုနေမြဲပင် ဖြစ်ပါသည်။

Monday, October 23, 2017

ကြီးမားလှသော QR CODE ကြီး


တရုတ်နိုင်ငံမြောက်ပိုင်း Hebei ပြည်နယ် ၊ Baoding မြို့ရှိ Xilinshui ရွာငယ်လေးတွင် ကောင်းကင်မှ ကြည့်လျှင် ထင်ရှားစွာတွေ့မြင်နိုင်မည့် QR Code ပုံစံ စိုက်ခင်းကြီးကို ပြုလုပ်ထားပါသည်။
အရှည်အားဖြင့် ၂၂၇ မီတာ ရှိပြီး သစ်ပင်ပေါင်း ၁၃၀၀၀၀ ကျော်ဖြင့် စိုက်ပျိုးပြုလုပ်ထားသည့် ထို QR Code ပုံကြီးသည် ကောင်းကင်မှ Scan ဖတ်ကာ တရားဝင်ဒေသတွင်း ခရီးသွား WeChat အကောင့်နှင့် ဆက်သွယ်နိုင်ပါသည်။ ထိုအကောင့်တွင် ဒေသတွင်း ခရီးသွားများအတွက် လိုအပ်သော သတင်းအချက်အလက်များကို အကူအညီ ရယူနိုင်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

Related Posts Plugin for WordPress, Blogger...