Sunday, November 5, 2017

အမှတ်တမဲ့ ကြောက်လန့်သွားကြပုံများ

အပန်းဖြေကစားကွင်းများတွင် ကြောက်လန့်ဖွယ် သရဲအိမ် ၊ စိတ္တဇအိမ်များကို ၀င်ရောက်ကစားဖူးကြမှာပါ။ ဘယ်လိုပင် မကြောက်တတ်ဘူးဆိုပေမယ့် ရုတ်တရတ်ထိတ်လန့်စရာတွေရင် အနည်းနဲ့အများတော့ ထိတ်လန့်တုန်လှုပ် သွားတတ်ကြပါတယ်။ ယခုပုံများကတော့ ထို ထိတ်လန့်ဖွယ် အိမ်ကြီးများ အတွင်းတွင် လူအများ ကြောက်ရွံ့သွားကြပုံများ ၊ တခဏအတွင်း တုံပြန်တတ်ပုံများကို အမိအရ လျှို့ဝှက်ရိုက်ကူးထားပုံများပါ။ ထိုပုံလေးများကို ကြည့်ရင် သူတို့ရဲ့ လျှပ်တပျက်တုံ့ပြန်ကြပုံများဟာ ရယ်စရာကောင်းနေပါတယ်။ သူငယ်ချင်းတို့လည်း ကြည့်ရှု့ပြီး ဒီထဲကလို ကြောက်လန့်တတ်တဲ့ မိမိသူငယ်ချင်းများကို ပြန်ပြောလိုက်ကြပါအုံးဗျာ…

အာာာာားးးးးး
 
မေမေ သားအင်္ကျီကို ဆွဲဖြဲနေတယ်...

Tuesday, October 31, 2017

ကမ္ဘာ့အမြင့်ဆုံး တံတားသစ်ကြီး Beipanjiang (Duge) တံတားကြီး

၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် Beipanjiang (Duge) တံတားကြီးကို ကမ္ဘာ့အမြင့်ဆုံး တံတားကြီးအဖြစ် သတ်မှတ်ခဲ့ပါသည်။ ထိုတံတားကြီးသည် တရုတ်နိုင်ငံ ၊ Liupanshui အနီးတွင် တည်ရှိပြီး တောင်နှစ်လုံးကြား ချိုင့်ဝှမ်းကို ဖြတ်ဖောက်ထားသည့် ကေဘယ်ကြိုးတံတား ဖြစ်ပါသည်။

Yunnan နှင့် Guizhou ပြည်နယ်တို့၏ နယ်ခြားမြစ်ဖြစ်သော Beipan မြစ်ကြီးတည်ရှိရာ တောင်နှစ်လုံးကြားကို ဖြတ်သန်းတည်ဆောက်ထားသည့် တံတားရှည်ကြီး ဖြစ်ပါသည်။ထိုတံတားကြီးသည် ၅၆၅ မီတာ (၁၈၅၄ ပေ) အထိ မြင့်ပါသည်။ ထိုအတိုင်းအတာသည် အထပ် ၂၀၀ ရှိသော မိုးမျှော်တိုက်ကြီး ပမာဏနှင့် ညီမျှပါသည်။ တံတားကြီး၏ အရှေ့ဘက် တံတားတိုင်တာဝါအမြင့်သည် ၂၆၉ မီတာ ( ၈၈၃ ပေ ) မြင့်ပါသည်။ ထိုတာဝါတံတားတိုင်သည်လည်း ကမ္ဘာ့အမြင့်ဆုံး တာဝါတိုင်များတွင် တစ်ခုအပါအ၀င် ဖြစ်ပါသည်။

Beipanjiang (Duge) တံတားကြီး၏ တောင်နှစ်လုံးကို ပေါင်းကူးပေးထားသည့် တံတားတိုင် နှစ်ခုကြား အကွာအဝေးသည် ၇၂၀ မီတာ (၂၃၆၀ ပေ) အရှည်ရှိပါသည်။ တံတားတစ်ခုလုံး၏ စုစုပေါင်း အရှည်သည် ၁၃၄၀ မီတာ (၄၄၀၀ ပေ) အထိရှိပါသည်။

Monday, October 30, 2017

ဝူခုန်းဇာတ်ကား ရိုက်ကွင်းပေါ်မှ ပုံရိပ်များ

ငယ်စဉ်ကတည်းက ကြည့်ခဲ့ရတဲ့ အနောက်သို့ ခရီးသွားခြင်းမှတ်တမ်း ဇာတ်ကားဟာ ကျွန်တော်တို့အတွက်ကတော့ အကြိုက်ဆုံးဇာတ်လမ်းတွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ယခုအချိန်အထိ နောက်ထပ် ရိုက်ကူးကြတဲ့ ဇာတ်လမ်းတွေ ဘယ်လောက်ကောင်းကောင်း ၊ ကွန်ပြူတာဖန်တီးချက်တွေ ဘယ်လောက်အဆင့်မြင့်မြင့် ငယ်စဉ်က ၀ူခုန်းဇာတ်ကားလောက် အားမရခဲ့တာ အမှန်ပါ။ အခုတင်ပြပေးတဲ့ ပုံလေးတွေက ထိုဇာတ်ကား စတင်ရိုက်ကူးချိန်တွင် ရိုက်ကွင်းပေါ်မှ ဖန်တီးမှု ပုံရိပ်များမှ အချို့ဖြစ်ပါတယ်။ ခေတ်မှီစက်ကိရိယာတွေ ရှားပါးနေချိန်မှာ ကြိုးစားဖန်တီးခဲ့ကြတဲ့ ပုံရိပ်များကို ကြည့်ပြီး တကယ်ကို အံ့သြချီးကျူးရပါတယ်။ သူငယ်ချင်းတို့လည်း ကြည့်ရှု့လိုက်ကြပါအုံးဗျာ….

Friday, October 27, 2017

စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၂၃)

Victor Nunes ဆိုတဲ့ပညာရှင်မှ ဖန်တီးထားမှုများပါ။ သူက နေ့စဉ်တွေ့မြင်နေကျ ပစ္စည်းလေးများနဲ့ ကာတွန်းပုံလေးများ ပေါင်းစပ်ကာ တီထွင်ရေးဆွဲထားမှုက ချီးကျူးစရာပါ။

ပုံစံထူးခြား သည့် ရှိခိုးကောင်လေးများ

ရှိခိုးကောင်(ဓားခုတ်ကောင်) Mantis လေးများသည် အမျိုးကွဲ ၊ ပုံစံကွဲလေးများ များစွာ ရှိပါသည်။ ထိုအထဲကမှ ပုံစံထူးခြားပြီး အရောင်အသွေးစုံတဲ့ ရှိခိုးကောင် ၇ မျိုးကို တင်ပြပေးပါမယ်။

Orchid Mantis 
Orchid Mantis အမည်ရှိ သစ်ခွရှိခိုးကောင်လေးများသည် ပန်းပွင့်များနှင့် ပုံစံ အရောင် တူညီမှုရှိပါတယ်။ ထို့ပြင် ၀တ်မှုန်ကူးမည့် အင်းစက်ပိုးကောင်လေးများကို ပန်းပွင့်ဟန်ဆောင်ပြီး ဆွဲဆောင်စားသောက်တတ်ကြပါသည်။ ပန်းပွင့်များထက်ပင် ပိုမိုပြီး အင်းဆက်ပိုးကောင်လေးများကို ဆွဲဆောင်လှည့်ဖျားနိုင်ကြောင်း သိရပါသည်။
Jeweled Flower Mantis

ဂျပန်နိုင်ငံမှ ကောက်ရိုးအရုပ်ကြီးများ

ဂျပန်နိုင်ငံတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် Wara အနုပညာပွဲတော်တွင် ပြသထားသည့် ကောက်ရိုးများဖြင့် ပြုလုပ်ထားသော အရုပ်ကြီးများ ဖြစ်ပါသည်။ Amy Goda ဆိုတဲ့ အနုပညာရှင်မှ ဖန်တီးပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ အမျိုးအစားစုံ ကြီမားလှသည့် အရုပ်ကြီးများဟာ ပွဲတော်လာရောက်သူများအတွက် အထူးကြည့်ရှု့စရာ ဖြစ်ခဲ့ပါတယ်။

Thursday, October 26, 2017

အံ့သြလောက်ဖွယ် ပြောင်းလဲနေသော ကမ္ဘာကြီး

ကျွန်တော်တို့ သက်ရှိ ၊ သက်မဲ့ မှန်သမျှဟာ အချိန်နဲ့လိုက်ပြီး ပြောင်းလဲနေကြတာ သဘာဝပါ။ ဒါပေမယ့် ကောင်းသော ပြောင်းလဲခြင်း(တိုးတက်ခြင်း) နှင့် ဆိုးသော ပြောင်းလဲခြင်း (ပျက်စီးခြင်း) ဟူ၍ နှစ်မျိုးရှိရာ ကမ္ဘာမြေကြီါ်အတွက်ကတော့ ဆိုးသော ပြောင်းလဲခြင်းတွေသာ ဖြစ်ပေါ်နေကြပါတယ်။ တကယ်တော့ ကျွန်တော်တို့ လူသားများအတွက် လိုအပ်သောအရာများကို ကမ္ဘာမြေကြီးဆီကပဲ အမြဲရယူနေကြရတာပါ။  သို့သော် စည်းကမ်းမရှိ အလွန်အကျွံထုတ်ယူသုံးစွဲကြပြီး တန်ဖိုးမထားတတ်တော့ ယခုအခါ သဘာဝဘေးအန္တရာယ်များ ထပ်ကာ ထပ်ကာ ဖြစ်ပွားလာနေကြပါပြီ။ ယခုတင်ပြမယ့် NASA မှရိုက်ကူးထုတ်ပြန်ထားသော ဓာတ်ပုံများသည် ကမ္ဘာကြီး ဘယ်လောက်သိသိသာသာ ပျက်စီးပြောင်းလဲနေတယ်ဆိုတာ တွေ့မြင်ရမှာပါ။ ကိုယ်နေထိုင်ရာ အိမ်ကို ကိုယ်ပြန်ဖျက်နေတဲ့ လူသားများ ဖြစ်လို့နေပါပြီ။

Related Posts Plugin for WordPress, Blogger...