Tuesday, January 2, 2018

ပြင်ပကမ္ဘာမှ Super Hero စွမ်းအားရှင် (သို့) မိုင် ၃၅၀ ကို မရပ်မနား ပြေးလွှားနိုင်ခဲ့သူ

စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကားများအတွင်းမှ Super Hero စွမ်းအားရှင်များကဲ့သို့ ပြင်ပကမ္ဘာတွင် မရပ်မနား မအိပ်စက်ဘဲ ပြေးနိုင်သူ တကယ်ရှိပါသည်။ ထိုသူကတော့ အမေရိကန်နိုင်ငံမှ  Dean Karnazes ဖြစ်ပါသည်။ သူသည် မိုင်ပေါင်း ၃၅၀ ရှိသော မာရသွန်ပြိုင်ပွဲကြီးတွင် ၃ ည ၄ ရက်တိုင်တိုင် နာရီပေါင်းအားဖြင့် ၈၀ နာရီ ၄၄ မိနစ်အထိ လုံးဝ မရပ်မနား မအိပ်စက်ဘဲ ပြေးလွှားပြနိုင်ခဲ့ပါသည်။ ထိုကဲ့သို့ မမောမပန်း ၊ ကြွက်တတ်ခြင်း ၊ ကြွက်သားများ နာကျင်ခြင်းမျိုး မရှိဘဲ ပြေးနိုင်ခဲ့ခြင်းမှာ အများနှင့်မတူသည့် ရှားပါးမျိုးဗီဇတစ်မျိုးကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်ပင် သူအား ပြင်ပကမ္ဘာမှ Super Man စွမ်းအားရှင်အဖြစ် တင်စားခေါ်ဝေါ်ကြပါသည်။

သူသည် တောင်ဝင်ရိုးစွန်းမှ အပူချိန် -25ံC အထိ ရှိသည့် အေးလှသည့် မာရသွန်ပွဲမျိုးတွင် ပြေးပြခဲ့သလို ပြည်နယ် ၅၀ တွင် ကျင်းပခဲ့သော မာရသွန်ပွဲပေါင်း ၅၀ ကို ရက် ၅၀ အတွင်း အသွား အပြန် မမောမပန်း ပြေးပြခဲ့ပါသည်။ သူ့အား ပိုမိုလူသိများ ကျော်ကြားခဲ့သည့် မာရသွန်ပြေးပွဲကြီးတစ်ခုမှာ ၂၀၀၅ ခုနှစ်အတွင်း ကျင်းပခဲ့သည့် မိုင် ၃၅၀ မာရသွန်ပြေးပွဲကြီး ဖြစ်ပါသည်။ ထို မိုင် ၃၅၀ မာရသွန်ပြေးပွဲကြီးတွင် Dean Karnazes က နာရီ ၈၀ နှင့် ၄၄ မိနစ်ကြာအောင် လုံးဝမအိပ်ဘဲ ဖြေးဖြေးမှန်မှန်ဖြင့် ပြေးပြခဲ့ပါသည်။ သူသည် မိုင် ၂၀၀ လက်ဆင့် ကမ်းပြေးပွဲတွင်လည်း အခြားအပြေး သမားနှင့် လက်ဆင့် မကမ်းဘဲ တစ်ဦး တည်းပြေးခဲ့သည်။

Sunday, December 31, 2017

မှတ်ဖွယ်စုံရာ သုတပဒေသာ (၂၅)


ဆန်းဆန်းပြားပြား Toilet အညွှန်းများ (၄)

ယခုတင်ပေးမှာကတော့ Toilet ကျား/မ ခွဲအညွှန်းပုံလေးများပါ။
တွေ့ နေကြမဟုတ်တဲ့ ပုံစံကွဲလေးတွေကိုတွေ့ မြင်ရမှာပါ။
တစ်ချို့ ပုံလေးတွေက ပြုံးချင်စရာလေးတွေပါ...

ပုလင်းခွံများဖြင့် တည်ဆောက်ထားသော ဘုရားကျောင်း

ဘုရားကျောင်းဝင်းအတွင်းရှိ အဆောက်အဦများကို အသုံးပြုပြီးသား ဘီယာပုလင်းခွံများဖြင့်သာ အသုံးပြုတည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ထိုင်းနိုင်ငံအရှေ့မြောက်ဘက် ၊ Sisaket ရှိဘုန်းတော်ကြီးကျောင်းသည် တည်ဆောက်ပုံတစ်မူထူးလှသဖြင့် Wat Lan Kuad (ပုလင်းပေါင်း တစ်သန်းဖြင့် တည်ဆောက်ထားသော ဘုရားကျောင်း) ဟုအမည်ရ ကျော်ကြားလာပါသည်။

ယခုအခါ ထိုဘုရားကျောင်းဝင်း အတွင်း၌ အဆောက်အဦပေါင်း ၂၀ အထိရှိပြီး အဆောက်အဦတိုင်းသည် အသုံးပြုပြီးသား ဘီယာပုလင်း အခွံများဖြင့် ဖန်တီးတည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ဘီယာပုလင်းပေါင်း တစ်သန်းခွဲကျော် အထိစုစည်း တည်ဆောက်ထားပါသည်။

အသုံးပြုသည့် ဘီယာပုလင်းများတွင် အစိမ်းရောင်သည် Heineken ဘီယာပုလင်းအလွတ်များ ဖြစ်ပြီး အညိုရောင်ပုလင်းများသည် ထိုင်းနိုင်ငံထုတ် Chang ဘီယာပုလင်းအလွတ်များ ဖြစ်ပါသည်။

နှင်းပြင်ပေါ်မှ ကြီးမားလှသည့် ပုံကြီးများ

ယခင်ကလည်း သဲသောင်ပြင်ပေါ်မှ လက်ရာမြောက် ပုံကြီးများကို တင်ပြပေးခဲ့သလို ယခုဆောင်းတွင်းဘက်မို့ ရေခဲပြင် နှင်းပြင်ပေါ်မှ ပုံကြီးများကို ထပ်မံတင်ပေးလိုက်ပါတယ်။ ဒီလို သေသပ်ပြီး စကေးကိုက်လှသည့် ပုံကြီးများကို ဖန်တီးသူကတော့ Simon Beck ဟုအမည်ရတဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။

Thursday, December 28, 2017

ရိုက်ကွင်းပေါ်မှ ဖန်တီးမှုပုံရိပ်များ (၅)

ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများရဲ့နောက်ကွယ် ရိုက်ကွင်းပေါ်မှ ပုံများနှင့် နောက်ဆုံး နည်းပညာအသုံးပြပြီးချိန်၌ ဖြစ်ပေါ်လာသောပုံများကို နှိုင်းယှဉ်ပြထားခြင်းပါ။ သူတို့ဆီမှာက တကယ်လဲ စွန့်စားအနာခံ ရိုက်ကူးကြသလို အဆင့်မြင့်နည်းပညာများပါ ထည့်သွင်းလိုက်တဲ့အခါ အလွန်ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပေါ်လာကြပါတယ်။ သူတို့ဖန်တီးပုံလေးတွေကို ကြည့်လိုက်ရအောင်ဗျာ…

စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၂၆)

Jesuso Ortiz ဆိုတဲ့ပညာရှင်မှ ဖန်တီးထားမှုများပါ။ သူက နေ့စဉ်တွေ့မြင်နေကျ ပန်းပွင့် ၊ သစ်သီးလေးများလို ပစ္စည်းများနဲ့ ရိုးရှင်းသည့်ကာတွန်းပုံလေးများကို ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်ပါတယ်။ သူရဲ့ပုံလေးများက ရှင်းရှင်းလင်းလင်းနဲ့ ချစ်စဖွယ်ကောင်းလှပါတယ်။

Related Posts Plugin for WordPress, Blogger...