မိမိအိမ်ခြံဝင်းအတွင်း ဥယျာဉ်ပန်းခြံလေးတစ်ခုလို ဖန်တီးထားလိုသူများအတွက် လိုက်ဖက်တဲ့ ကျောက်ခင်းလမ်းကလေးတွေကို စုစည်းတင်ပေးလိုက်ပါတယ်။ ကုန်ကျစရိတ်သိပ်မရှိပဲ လှပသပ်ရပ်ပြီး ခေတ်မှီတဲ့ ပုံစံလေးတွေဟာ ကြည့်မြင်ရသူကို စိတ်ချမ်းသာစေမှာပါ။
နေခရမ်း....
|
Tuesday, February 20, 2018
ဆောက်လုပ်ရေး လောကမှ အလွဲများ (၁၀)
ကြံကြံဖန်ဖန်ဆောက်လုပ်ထားကြပုံလေးတွေကို ထပ်မံတင်ပေးလိုက်ပါတယ်။ ပြုံးပျော်ရွှင်လန်း နိုင်ကြပါစေ.....
ရက်စက်ပါပေ့ ကန်ထရိုက်ကြီးတို့ရယ်...
တံခါးဘယ်လိုပိတ်ရပါ့...
Monday, February 19, 2018
ရှာဖွေတွေ့ရှိခဲ့သော နှစ်ပေါင်း ၂၇၀၀ အကြာမှ ရှေးဟောင်း ဆီးလ်တံဆပ်
အစ္စရေးနိုင်ငံ ၊ ဂျေရုစလင်မြို့ဟောင်းမှ အဆောက်အဦတစ်ခုတွင် ကြယ်သီးအ၀ိုင်းပုံသဏ္ဍန်ရှိသည့် ရှေးဟောင်းဆီးလ်တံဆိပ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ သက်တမ်းအားဖြင့် ဘီစီ ခုနှစ်ရာစုဟု သတ်မှတ်ထားကြပြီး ထိုတံဆိပ်ပေါ်တွင် ၀တ်ရုံရှည်ဝတ် လူနှစ်ဦးသည် တစ်ဦးကို တစ်ဦး ယဉ်ကျေးပျူငှာသော အမူအရာဖြင့် မျက်နှာချင်းဆိုင် ရှိနေသောပုံ သွန်းလုပ်ထားပါသည်။ ထိုပုံအောက်တွင် ဟီဘရူးစာဖြင့် ရေးသားထားသော စာတမ်းပါရှိကာ အဓိပ္ပာယ်မှာ “မြို့အုပ်” သို့မဟုတ် မြို့အုပ်ချုပ်ရေးမှူးဟု အနက်ရပါသည်။ ထိုဆီးလ်တံဆိပ်သည် လွန်ခဲ့သော နှစ် ၂၇၀၀ ကျော်က ဂျေရုဆလင်၏ သမ္မာကျမ်းလာ မြို့အုပ်တစ်ဦး ပိုင်ဆိုင်ခဲ့ဖွယ်ရှိကြောင်း အစ္စရေး ရှေးဟောင်းသုတေသနအာဏာပိုင်အဖွဲ့မှ ထုတ်ဖော်ပြောကြားခဲ့ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

Friday, February 16, 2018
တရုတ်နိုင်ငံမှ ရေခဲဟော်တယ်
ထူးထူးခြားခြားတည်းခိုခြင်သူများအတွက် ရေခဲဟော်တယ်တစ်ခုကို တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုနီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ရှိ Hulunbuir တွင်ဖွင့်လှစ်ပေးခဲ့ပါသည်။ အကျယ်အ၀န်း ၁၀၀၀ စတုရန်းမီတာအထိရှိပြီး ရေခဲတန်ချိန်ပေါင်း ၁၅၀၀ တန်အထိ အသုံးပြုတည်ဆောက်ထားပါသည်။ ကမ္ဘာပေါ်ရှိ အလွန်အေးသော တိုင်းပြည်များတွင် ရေခဲဟော်တယ်များ ရှိခဲ့ကြသည့်နည်းတူ ယခုတရုတ်နိုင်ငံမှ ရေခဲဟော်တယ်သည်လည်း နွေးထွေစွာအိပ်စက်နိုင်မည့် အိပ်ယာများကို စီစဉ်ပေးထားပါသည်။ ထို့ပြင် လာရောက်တည်းခိုသူများ အနေဖြင့် နှင်းကိုက်နာကဲ့သို့ ရောဂါများ မဖြစ်ပွားရအောင် စီစဉ်ပေးထားသလို သတိပေးနှိုးဆော်ခြင်းကဲ့သို့ ၀န်ဆောင်မှုများကိုလည်း ပေးထားပါသည်။ ရေခဲဟော်တယ်ဆိုသည်နှင့်အညီ နွေးထွေးသောလများတွင် ရေခဲများအရည်ပျော်သွားတတ်ပြီး ရေခဲစေသည့် လများတွင် တစ်နှစ်တစ်ကြိမ် ပြန်လည်တည်ဆောက်ရပါသည်။
Tuesday, February 13, 2018
ရေခဲနေသည့် ရေတံခွန်များရဲ့အလှ
၂၀၁၈ ခုနှစ် ဇန်နဝါရီလ၌ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Dalian ဒေသအတွင်းတွင် ရေခဲနေသောရေတံခွန်များကို တွေ့မြင်ကြရပါတယ်။ ထိုဒေသတွင်း အပူချိန်သည် -10°C အထိကျဆင်းတတ်ပါတယ်။ Tianmen တောင်ရှိ ရေတံခွန် ၂၀ ကျော်သည် ထိုကဲ့သို့ ရေခဲနေခြင်းမျိုး ဖြစ်ပေါ်ခဲ့ပါတယ်။ အမြင်ဆန်းပြီး လှပနေတဲ့ ရေခဲတံခွန်များကို တင်ပြပေးလိုက်ပါတယ်။
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ (၂)
နားလည်လက်ခံဖို့ခက်တဲ့ ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှု အဖြစ်များကို ဆက်လက်တင်ပြပေးပါအုံးမယ်။ ဒီတခါ တင်ပြမှာကတော့ ၁၉၅၁ ခု ဇူလိုင်လ ၁ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ အမေရိကန်နိုင်ငံ ၊ ဖလော်ရီဒါပြည်နယ် ၊ စိန့်ပီတာစတက်မြို့ က မေရီရီးဆာ ဆိုသူအမျိုးသမီးကြီးတစ်ဦး အကြောင်းပါ။

(မေရီရီးဆာ)
ထိုအမျိုးသမီးမှာ အသက် ၆၇ နှစ်ရှိတဲ့ မုဆိုးမတစ်ဦးပါ။ သူမဟာ ဆက်တီကုလားထိုင်ပေါ် ထိုင်နေရင်း ရုတ်တရက် မီးထတောက်လောင်ကျွမ်းခြင်း ဖြစ်ပေါ်ခဲ့ပါတယ်။ သူမထိုင်နေရာနေရာတွင် ဦးခေါင်းခွံ ကျန်နေခဲ့ပါတယ်။ မီးလောင်ကျွမ်းထားသော ကျောရိုးအစိတ်အပိုင်းလည်း ကျန်ရှိနေပါတယ်။ ထို့ပြင် သူမရဲ့ ဘယ်ဘက်ခြေထောက်တစ်ဖက်ကတော့ မီးမလောင်ပဲ ဖိနပ်စီးထားလျကပုံစံဖြင့် ကျန်ရှိနေခဲ့ပါတယ်။ အပူပြင်းလှသဖြင့် ဦးခေါင်းခွံမှာ အလွန်သေးငယ်ပြီး ကျုံ့ဝင်နေပါတယ်။ ထူးခြားတာက ဒီလောက်အပူပြင်းထန်စွာ လောင်သွားတာတောင် နေထိုင်ရာအခန်းနှင့် အသုံးအဆောင် ပစ္စည်းတွေကတော့ ကူးစက်လောင်ကျွမ်းခြင်း မရှိပါဘူး။ ထိုင်နေတဲ့ကဆက်တီကုလားထိုင်ရဲ့ အောက်ခံစပရင်သံချောင်းကတော့ လောင်ကျွမ်းသွားပါတယ်။ ပြီးတော့ အောက်က ကော်ဇောလည်းလောင်သွားပါတယ်။ အနားက သတင်းစာပုံ တစ်ထပ်ကြီးကတော့ လောင်ကျွမ်းခြင်းမရှိပဲ အကောင်းအတိုင်းပါပဲ။

(မေရီရီးဆာ)
ထိုအမျိုးသမီးမှာ အသက် ၆၇ နှစ်ရှိတဲ့ မုဆိုးမတစ်ဦးပါ။ သူမဟာ ဆက်တီကုလားထိုင်ပေါ် ထိုင်နေရင်း ရုတ်တရက် မီးထတောက်လောင်ကျွမ်းခြင်း ဖြစ်ပေါ်ခဲ့ပါတယ်။ သူမထိုင်နေရာနေရာတွင် ဦးခေါင်းခွံ ကျန်နေခဲ့ပါတယ်။ မီးလောင်ကျွမ်းထားသော ကျောရိုးအစိတ်အပိုင်းလည်း ကျန်ရှိနေပါတယ်။ ထို့ပြင် သူမရဲ့ ဘယ်ဘက်ခြေထောက်တစ်ဖက်ကတော့ မီးမလောင်ပဲ ဖိနပ်စီးထားလျကပုံစံဖြင့် ကျန်ရှိနေခဲ့ပါတယ်။ အပူပြင်းလှသဖြင့် ဦးခေါင်းခွံမှာ အလွန်သေးငယ်ပြီး ကျုံ့ဝင်နေပါတယ်။ ထူးခြားတာက ဒီလောက်အပူပြင်းထန်စွာ လောင်သွားတာတောင် နေထိုင်ရာအခန်းနှင့် အသုံးအဆောင် ပစ္စည်းတွေကတော့ ကူးစက်လောင်ကျွမ်းခြင်း မရှိပါဘူး။ ထိုင်နေတဲ့ကဆက်တီကုလားထိုင်ရဲ့ အောက်ခံစပရင်သံချောင်းကတော့ လောင်ကျွမ်းသွားပါတယ်။ ပြီးတော့ အောက်က ကော်ဇောလည်းလောင်သွားပါတယ်။ အနားက သတင်းစာပုံ တစ်ထပ်ကြီးကတော့ လောင်ကျွမ်းခြင်းမရှိပဲ အကောင်းအတိုင်းပါပဲ။
စွမ်းအားအပြည့်နှင့် အင်္ဂလန်ဘုရင်မကြီး
အမေရိကန်သမ္မတအဆက်ဆက်နှင့် အင်္ဂလန်ဘုရင်မကြီးတို့ တွေ့ဆုံနှုတ်ဆက်ကြပုံများကို တင်ပြထားတာပါ။ အမေရိကန် သမ္မတတွေ ဘယ်လောက်ပြောင်းပြောင်း အင်္ဂလန်ဘုရင်မကြီးကတော့ မပြောင်းမလဲ အသက်ရှည်ကျန်းမာလှကြောင်း ပြုံးပျော်ရွှင်စေလိုတဲ့သဘောနဲ့ နှိုင်းယှဉ်တင်ပြမှု ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံဟာ ဘုရင်စံနစ်ကို လက်ခံ ကျင့်သုံးနေစဲဖြစ်ပေမယ့် နိုင်ငံကိုအုပ်ချုပ်ဖို့ကတော့ ရွေးကောက်ခံအနိုင်ရ၀န်ကြီးချုပ်အဆက်ဆက်က အုပ်ချုပ်ရတဲ့စနစ်ပါ။ ဒီပုံတွေထဲမှာ အမေရိကန်သမ္မတတွေ အစုံမပါသေးပါဘူး။ လက်ရှိသမ္မတ ထရန့်နဲ့ ဘု့ရှ်သားအဖ နှစ်ယောက်ပုံတွေ မပါသေးပါ။ ဒီပုံတွေထဲပါတဲ့ အမေရိကန်သမ္မတွေဟာ အနားယူသွားကြပြီ ဖြစ်သလို တစ်ချို့လည်း သေဆုံးကွယ်လွန်သွားကြတာ ကြာပါပြီ။ အခုချိန်ထိ စွမ်းအားပြည့်နေစဲဖြစ်တဲ့ ဘုရင်မကြီးကို ကြည့်လိုက်ရအောင်ဗျာ…
Subscribe to:
Posts (Atom)









