ဒဏ္ဍာရီဇာတ်လမ်းများထဲမှ ပုံရိပ်သဖွယ် မြေပြင်မှ ထိုးထွက်လာသည့် ဧရာမ လက်ကြီးနှစ်ဖက်နှင့်ပင့်မထားသော ရွှေရောင်တောက်ပနေသည့် တံတားကြီးပုံစံကို ဗီယက်နမ်နိုင်ငံတွင် တည်ဆောက်ခဲ့ပါသည်။
နေခရမ်း....
|
Saturday, August 25, 2018
ကမ္ဘာ့အကြီးဆုံးနှင့် အမြင့်ဆုံး ရှု့ခင်းကြည့် မှန်တံတားကြီး
မြင့်မားလှသည့် တောင်ကမ်းပါးယံမှ အရှေ့သို့ ထိုးထွက်နေသော မှန်သားတံတားအသစ်တစ်ခုကို ဇွန်လ ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ်မှာဖွင့်လှစ်ခဲ့ပါသည်။

ထိုတံတားကြီး တစ်ခုလုံးကို 4.5 cm အထူရှိသော အထူးပြုလုပ်ထားသည့် မှန်သားများဖြင့်သာ တည်ဆောက်ထားပါသည်။ ထိုမှန်တံတားကြီးသည် U ပုံစံ ရှု့ခင်းကြည့်လျောက်လမ်းအပါအဝင် အဝိုင်းပုံစံ ရှု့ခင်းကြည့်နေရာပါ ပေါင်းစပ်တည်ေောက်ထားပါသည်။ ထိုအမျိုးအစား မှန်တံတားကြီးများတွင် ကမ္ဘာ့အကြီးဆုံး နှင့် အမြင့်ဆုံးတည်ရှိသော မှန်တံတားကြီး ဖြစ်ပါသည်။
ရေလှိုင်းစီးရန် အကောင်းဆုံး ပင်လယ်ကမ်းခြေများ
ပင်လယ်ကမ်းခြေလှိုင်းလုံးများကို ဖြတ်ကျော်ပြီး ရေလှိုင်းစီးကစားခြင်းသည် လူကြိုက်များသည့် အားကစားနည်းတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ပင်လယ်ကမ်းခြေတိုင်း ရေလှိုင်းစီးကစားလို့ မရပါဘူး။ အခုတင်ပြမှာကတော့ ကမ္ဘာပေါ်တွင် China Daily ကဖော်ပြထားတဲ့ ပင်လယ်လှိုင်းစီးကစားခြင်း အကောင်းဆုံး လုပ်နိုင်တဲ့ အကျော်ကြားဆုံးနေရာ(၁၀)နေရာကို ဖော်ပြပေးလိုက်ပါတယ်။
ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ ထိုးမြဲလက်မှတ်များ
ကမ္ဘာကျော် အနုပညာရှင်များ ၊ နိုင်ငံခေါင်းဆောင်များ စသည်တို့ရဲ့ အသုံးပြုရေးထိုးလေ့ရှိတဲ့ ထိုးမြဲလက်မှတ်များကို တင်ပေးလိုက်ပါတယ်။ ဒီအထဲမှာ သာမာန်ထိုးရိုးထိုးစဉ် လက်မှတ်မျိုးများသာမက တစ်ချို့တွေရဲ့ ထူးထူးခြားခြား လှပစွာပုံဖော် ရေးထိုးမှုများကို တွေ့ရမှာပါ။ ဘယ်သူ့လက်မှတ်က အလန်းဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံးလည်းဆိုတာ ကြည့်လိုက်ရအောင်နော်...
ပဲရစ်မြို့ထဲလမ်းလျောက်ထွက်ခဲ့သည့် ကမ္ဘာ့အရပ်အမြင့်ဆုံး လူသားများ
အရပ်မြင့်မားတဲ့ လူတစ်ဦး မြို့ထဲလမ်းလျောက်ထွက်တာ တွေ့မြင်နေကျ ဖြစ်တတ်ပေမယ့် ကမ္ဘာ့အရပ်အမြင့်ဆုံး လူသားများ တစ်စုတစ်စည်းတည်း လူကြားထဲလမ်းလျောက်နေကြတာကတော့ တွေ့မြင်ရသူများအနေနဲ့ တအံ့တသြဖြစ်စေတာ အမှန်ပါ။

၂၀၁၈ ခု ဇွန်လ ၁ ရက်နေ့တွင် ပြင်သစ်နိုင်ငံ ကမ္ဘာကျော်ပဲရစ်မြို့ကြီးရဲ့ Champs-Elysees လမ်းမတစ်လျောက် ကမ္ဘာ့အရပ်အမြင့်ဆုံး ပုဂ္ဂိုလ် ၁၂ ဦးဟာ စုစည်းလမ်းလျောက်ခဲ့ကြပါတယ်။ ကြိုတငိသိရှိခြင်း မရှိကြသည့် မြို့သူမြို့သားအများစုဟာ သူများတွေထက် သိသိသာသာ အရပ်မြင့်မားနေကြတဲ့ ထိုသူများကို တွေ့မြင်ကြချိန်တွင် တအံ့တသြ ဖြစ်ကြရပါတယ်။
ပူစီလေးများရဲ့ အပြိုင်အဆိုင် Sexy Post
ကမ္ဘာကျော် Sexy ဆန်ဆန်အလှပုံလေးများနဲ့ အပြိုင် ချစ်စဖွယ်ကြောင်ကလေးများရဲ့ နေထိုင်ပုံလေးများကို ယှဉ်တွဲတင်ပြထားခြင်း ဖြစ်ပါတယ်။ သေသေချာချာကြည့်ရင် ကြောင်ကလေးတွေကတောင် ပိုလို့ ဆွဲဆောင်မှုရှိတာ တွေ့မြင်ရမှာပါ။ ဘယ်လောက်အထိ ပူစီလေးတွေရဲ့ Sexy Post ကဆွဲဆောင်နိုင်သလဲဆိုတာ ကြည့်လိုက်ရအောင်နော်...
ထူးထူးဆန်းဆန်း ပြုံုးပြလို့မရတဲ့ရောဂါကို ငယ်စဉ်ကတည်းက ခံစားနေရတဲ့အမျိုးသမီး

ရောဂါတွေကလည်း တစ်ခါတလေ ကိုယ်မကြားဖူးတာတွေ ကြားရပြန်တော့ ဟုတ်ကော ဟုတ်ပမလားလို့တောင် သံသယပွားစရာပါ။ ဒါပေမယ့် ထူးထွေဆန်းပြားတဲ့ရောဂါတွေဆိုတာ တကယ်လည်း ရှိနေပါတယ်။ အခုလည်း Cate Wallwork လို့ အမည်ရတဲ့ အသက်(၅၁)နှစ်အရွယ် အမျိုးသမီးဟာ တစ်စုံတစ်ယောကို ပြုံးပြလို့မရတဲ့ ရောဂါကို ခံစားနေရတယ်လို့ ဆိုပါတယ်။
တကယ်တော့ ဒီရောဂါက အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ယခင်က သူမကို ဒီရောဂါခံစားနေရမှန်းမသိတော့ လူတွေက သူမကို အသည်းတော်တော် မာတဲ့သူ အပြုံးလေးတစ်ချက်တောင် မပေးနိုင်ဘူးဆိုပြီး Cate ကို ဝေဖန်ခဲ့ကြပါတယ်။ Cate ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက မျက်နှာပြင် အကြောတွေ သေခဲ့ပါတယ်။
Subscribe to:
Posts (Atom)









