Wednesday, August 29, 2018

ဆောက်လုပ်ရေး လောကမှ အလွဲများ (၁၂)

ကြံကြံဖန်ဖန်ဆောက်လုပ်ထားကြပုံလေးတွေကို ထပ်မံတင်ပေးလိုက်ပါတယ်။ ပြုံးပျော်ရွှင်လန်း နိုင်ကြပါစေ.....

အားပါးပါး... တော်လိုက်တဲ့ အင်ဂျင်နီယာတွေ...

သုံးမှာစိုးလို့များ ဝေးဝေးထားသလား...

Tuesday, August 28, 2018

Selfie အလွဲများ (၄)

ယခုခေတ်မှာ နေရာတကာ Selfie ရိုက်တဲ့ကြတာ မဆန်းပါဘူး။ ဒါပေမယ့် ကိုယ့်ရိုက်တဲ့ ပုံလေးတွေကို အင်တာနက်ပေါ် မတင်ခင် သေသေခြာခြာ ကြည့်ရှု့စစ်ဆေးသင့်ပါတယ်။ တစ်ခါတစ်လေ မှားယွင်းတတ်ကြပုံများနဲ့ ရယ်စရာကောင်းတဲ့ Selfie ပုံလေးတွေကို တင်ပြပေးလိုက်ပါတယ်။ သူငယ်ချင်းတို့လည်း သတိထားကြပါလို့…

ဟဲ့... နေပါအုံးဟဲ့

မရိုက်ပါနဲ့ကွာ။ တောင်းပန်ပါတယ်...

Saturday, August 25, 2018

ဗီယက်နမ်နိုင်ငံမှ လက်ကြီးတစ်စုံနဲ့ ရွှေတံတားကြီး

ဒဏ္ဍာရီဇာတ်လမ်းများထဲမှ ပုံရိပ်သဖွယ် မြေပြင်မှ ထိုးထွက်လာသည့် ဧရာမ လက်ကြီးနှစ်ဖက်နှင့်ပင့်မထားသော ရွှေရောင်တောက်ပနေသည့် တံတားကြီးပုံစံကို ဗီယက်နမ်နိုင်ငံတွင် တည်ဆောက်ခဲ့ပါသည်။

ထိုတံတားကြီးသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄၀၀၀ ကျော်အမြင့်တွင် တည်ရှိနေပြီး Trường Sơn တောင်များရဲ့ အထက်တွင် ရှိနေတာပါ။

Danang Golden Bridge ဟုအမည်ရပြီး ၁၅၀ မီတာ ရှည်ကာ တံတားအပိုင်း ၈ ပိုင်းပါဝင်ပါသည်။ တောတောင်ထဲမှ ထိုးထွက်လာသော ဧရာမလက်ကြီးတစ်စုံဖြင့် ပင့်မထားဟန် ရွှေရောင်တံတားကြီးရဲ့ ထူးခြားတဲ့ပုံစံကြောင့် ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိပါသည်။

ကမ္ဘာ့အကြီးဆုံးနှင့် အမြင့်ဆုံး ရှု့ခင်းကြည့် မှန်တံတားကြီး

မြင့်မားလှသည့် တောင်ကမ်းပါးယံမှ အရှေ့သို့ ထိုးထွက်နေသော မှန်သားတံတားအသစ်တစ်ခုကို ဇွန်လ ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ်မှာဖွင့်လှစ်ခဲ့ပါသည်။

ထိုတံတားကြီး တစ်ခုလုံးကို 4.5 cm အထူရှိသော အထူးပြုလုပ်ထားသည့် မှန်သားများဖြင့်သာ တည်ဆောက်ထားပါသည်။ ထိုမှန်တံတားကြီးသည် U ပုံစံ ရှု့ခင်းကြည့်လျောက်လမ်းအပါအဝင် အဝိုင်းပုံစံ ရှု့ခင်းကြည့်နေရာပါ ပေါင်းစပ်တည်ေောက်ထားပါသည်။ ထိုအမျိုးအစား မှန်တံတားကြီးများတွင် ကမ္ဘာ့အကြီးဆုံး နှင့် အမြင့်ဆုံးတည်ရှိသော မှန်တံတားကြီး ဖြစ်ပါသည်။

လျောက်လမ်းအရှည်အားဖြင့် 202 m အထိရှိပြီး တောင်ကမ်းပါးယံအစွန်းမှ လေထဲသို့ 72 m အထိထိုးထွက်တည်ရှိနေခြင်း ဖြစ်ပါသည်။ ရှု့ခင်းကြည့် အဝိုင်းပုံစံနေရာသည် အချင်း 16.8 m ရှိပါသည်။

ရေလှိုင်းစီးရန် အကောင်းဆုံး ပင်လယ်ကမ်းခြေများ

ပင်လယ်ကမ်းခြေလှိုင်းလုံးများကို ဖြတ်ကျော်ပြီး ရေလှိုင်းစီးကစားခြင်းသည် လူကြိုက်များသည့် အားကစားနည်းတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ပင်လယ်ကမ်းခြေတိုင်း ရေလှိုင်းစီးကစားလို့ မရပါဘူး။ အခုတင်ပြမှာကတော့ ကမ္ဘာပေါ်တွင် China Daily ကဖော်ပြထားတဲ့ ပင်လယ်လှိုင်းစီးကစားခြင်း အကောင်းဆုံး လုပ်နိုင်တဲ့ အကျော်ကြားဆုံးနေရာ(၁၀)နေရာကို ဖော်ပြပေးလိုက်ပါတယ်။

ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ ထိုးမြဲလက်မှတ်များ

ကမ္ဘာကျော် အနုပညာရှင်များ ၊ နိုင်ငံခေါင်းဆောင်များ စသည်တို့ရဲ့ အသုံးပြုရေးထိုးလေ့ရှိတဲ့ ထိုးမြဲလက်မှတ်များကို တင်ပေးလိုက်ပါတယ်။ ဒီအထဲမှာ သာမာန်ထိုးရိုးထိုးစဉ် လက်မှတ်မျိုးများသာမက တစ်ချို့တွေရဲ့ ထူးထူးခြားခြား လှပစွာပုံဖော် ရေးထိုးမှုများကို တွေ့ရမှာပါ။ ဘယ်သူ့လက်မှတ်က အလန်းဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံးလည်းဆိုတာ ကြည့်လိုက်ရအောင်နော်...

ပဲရစ်မြို့ထဲလမ်းလျောက်ထွက်ခဲ့သည့် ကမ္ဘာ့အရပ်အမြင့်ဆုံး လူသားများ

အရပ်မြင့်မားတဲ့ လူတစ်ဦး မြို့ထဲလမ်းလျောက်ထွက်တာ တွေ့မြင်နေကျ ဖြစ်တတ်ပေမယ့် ကမ္ဘာ့အရပ်အမြင့်ဆုံး လူသားများ တစ်စုတစ်စည်းတည်း လူကြားထဲလမ်းလျောက်နေကြတာကတော့ တွေ့မြင်ရသူများအနေနဲ့ တအံ့တသြဖြစ်စေတာ အမှန်ပါ။

၂၀၁၈ ခု ဇွန်လ ၁ ရက်နေ့တွင် ပြင်သစ်နိုင်ငံ ကမ္ဘာကျော်ပဲရစ်မြို့ကြီးရဲ့ Champs-Elysees လမ်းမတစ်လျောက် ကမ္ဘာ့အရပ်အမြင့်ဆုံး ပုဂ္ဂိုလ် ၁၂ ဦးဟာ စုစည်းလမ်းလျောက်ခဲ့ကြပါတယ်။ ကြိုတငိသိရှိခြင်း မရှိကြသည့် မြို့သူမြို့သားအများစုဟာ သူများတွေထက် သိသိသာသာ အရပ်မြင့်မားနေကြတဲ့ ထိုသူများကို တွေ့မြင်ကြချိန်တွင် တအံ့တသြ ဖြစ်ကြရပါတယ်။

ထိုသူများထဲတွင် အရှည်အမြင့် ၂ မီတာနဲ့ ၄၆ စင်တီမီတာအထိ ရှိတဲ့သူတစ်ဦးပါဝင်သလို အခြားတစ်ဦးဆိုရင် ဖိနပ်ဆိုဒ်က ၆၈ အထိ ရှိပါတယ်။ ထိုပုဂ္ဂိုလ်များထဲမှ တစ်ချို့ဆိုရင် မိမိတို့သတ်ဆိုင်ရာနယ်ပယ်မှာ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း တင်ထားနိုင်သူများ ပါဝင်နေပါတယ်။
Related Posts Plugin for WordPress, Blogger...