Thursday, September 20, 2018

ကြည့်ရှုနားထောင်မှုအများဆုံး သီချင်းအဖြစ် ဂရင်းနစ်စံချိန်ဝင်သွားတဲ့ Despacito သီချင်း


အဆိုတော် ဂျက်စတင်ဘီဘာဟာ Luis Fonsi, Daddy Yankee တို့နဲ့အတူ သီဆိုထားတဲ့ သူ့ရဲ့ Despacito (Remix) သီချင်းဟာ ကမ္ဘာတဝန်း Streaming ကြည့်ရှုနားထောင်မှုအများဆုံး သီချင်းအဖြစ် ဂရင်းစံချိန်ကို ချိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

လက်တင်ဂီတသံစဉ်နဲ့ ရေးသားစပ်ဆိုထားတဲ့ အဲဒီသီချင်းဟာ ဂျက်စတင်ဘီဘာအနေနဲ့ ပထမဆုံးအကြိမ် စပိန်ဘာသာနဲ့ သီဆိုထားတဲ့ သီချင်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဧပြီလမှာ ဖြန့်ချိခဲ့ချိန်ကစလို့ အကြိမ်ပေါင်း ၅ ဘီလီယံနီးပါး Streaming ကြည့်ရှုနားထောင်ခဲ့ကြပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီပမာဏဟာ အဆိုတော် ဘီဘာရဲ့ Sorry သီချင်းတင်ထားခဲ့တဲ့ အကြိမ်ရေ ၄ ဒဿမ ၃ ဘီလီယံစံချိန်ကို ကျော်တက်နိုင်ခဲ့ တာပဲ ဖြစ်ပါတယ်။

အသက် ၁၂ နှစ်အရွယ်ဖြင့် တက္ကသိုလ်ဝင်ခွင့် အောင်မြင်ခဲ့သည့် ဉာဏ်ကြီးရှင် မက္ကဆီကိုကျောင်းသားလေး


ကားလို့စ်ဆန်တာမာရီယာဒိုင်ယက်ဇ် ဆိုတဲ့ အသက် ၁၂ နှစ်အရွယ် ကျောင်း သားလေးက မက္ကဆီကိုနိုင်ငံ၊ မက္ကဆီ ကိုမြို့ရဲ့ နာမည်ကျော်တက္ကသိုလ်ဖြစ်တဲ့National Autonomous Universityကို အသက်အငယ်ဆုံးနဲ့ဝင်ခွင့်အောင် မြင်ခဲ့ပါတယ်။ ဒီတက္ကသိုလ်ရဲ့သမိုင်းတစ် လျှောက်လုံးမှာ အသက်အငယ်ဆုံးနဲ့ ဝင် ခွင့်ရခဲ့တဲ့ ကျောင်းသားလည်းဖြစ်လာခဲ့ပြီး ဉာဏ်ကြီးရှင်ကျောင်းသားလေးအဖြစ် ချီး မွမ်းခံနေရပါတယ်။ ဇီဝဆေးသိပ္ပံရူပဗေဒ ဘာသာရပ်အထူးပြုနဲ့ တက္ကသိုလ်မှာ ပညာဆည်းပူးလေ့လာသွားမယ်လို့ သိရ ပါတယ်။ မက္ကဆီကိုနိုင်ငံ၊ ကွာဒါလာဂျာ ရာမြို့မှာ ပုဂ္ဂလိကကျောင်းတက်ရောက်ခဲ့ ပြီး သင်ယူရတဲ့ဘာသာရပ်တွေက ပျင်းရိ ငြီးငွေ့ဖွယ်ဖြစ်လာတဲ့အတွက် အွန်လိုင်း ဝက်ဘ်ဆိုက်တွေမှာ ကဲကုလစ်သင်္ချာနဲ့ ရူပဗေဒဘာသာရပ်တွေကို ကိုယ်ထူကိုယ် ထလေ့လာဖြစ်ခဲ့တဲ့အပြင် အသက်ကိုး နှစ်အရွယ်မှာတော့ စိတ်ဖြာလေ့လာမှု ဓာ တုဗေဒဘာသာရပ်၊ ဇီဝဓာတုနဲ့ ဇီဝဗေဒ ဘာသာရပ်တွေကိုလည်း တက္ကသိုလ်အစီ အစဉ်တွေနဲ့ ပါဝင်လေ့လာမှုပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

မြန်ပြည်တလွှား မြို့ထူးများ


ဆန့်ကျင်ဘက်မြို့များ
==============
၁။ ကျောက်ဖြူ  X ကျောက်မဲ
၂။ မိုးကောင်း X မိုးနဲ
၃။ တောင်ကြီး X တောင်ကုတ်
၎။ အလုံ X ပေါက်
၅။ အမြင့် X မြေထဲ
၆။ မေမြို့ X မောင်တော

အက္ခရာပူးမြို့များ
============
၁။ ကိုကိုးကျွန်း ၂။ ကျောက်ကြီး ၃။ ကျောင်းကုန်း ၄။ ဂန့်ဂေါ ၅။ ဆီဆိုင် ၆။ တံတား ၇။ တွံတေး ၈။ မြောင်းမြ ၉။ မြင်းမူ ၁၀။ မိုးမိတ် ၁၁။ မိုးမောက် ၁၂။ မောက်မယ် ၁၃။ တီးတိန် ၁၄။ လောင်းလုံ ၁၅။ လွိုင်လင် ၁၆။ ဟဲဟိုး ၁၇။ မေမြို့

မိတ်ကပ်လိမ်းခြယ်မှုများ ဖြစ်ပေါ်လာပုံ သမိုင်း အစ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်လောက်က စတင်ပြီးတော့ သုသေသန ပြုလုပ်ခြင်း၊ ဓာတုဗေဒ ပညာရှင်၊ မိတ်ကပ်ပညာရှင်၊ ဖက်ရှင် ဒီဇိုင်နာတွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ နိုင်ငံခေါင်းဆောင်တွေအထိ မိတ်ကပ်ဟာ ပါဝင်ပတ်သက်မှု ရှိလာပါတယ်။

ရှိတာထက်ပိုပြီး ပြည့်စုံချင်တဲ့ လူ့သဘာဝ၊ မိမိကိုယ်ကို ပိုမိုလှပချင်တဲ့ စိတ်သဘောထားတွေကြောင့် မိတ်ကပ်ဟာ နေ့စဉ်ဘဝမှာ အရေးကြီးတဲ့ အစိတ်အပိုင်းက ပါဝင်လာပါတယ်။ ဒါကြောင့် နိုင်ငံအသီးသီးက မိတ်ကပ် လိမ်းခြယ်ပုံတွေနဲ့ မိတ်ကပ်ဖြစ်ပေါ်လာပုံတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အီဂျစ်

အီဂျစ်နိုင်ငံဟာ မိတ်ကပ်အသုံးပြုမှုကို ကောင်းမွန်စွာ မှတ်တမ်းတင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ BC ၄၀၀၀ လောက်က စတင်ပြီး အီဂျစ်တွေဟာ မိတ်ကပ်ကို လိမ်းခြယ်ဖို့ တီထွင် ပြုလုပ်ခဲ့ကြပါတယ်။ ကြေးနီ သတ္တုရိုင်းကို မျက်လုံးဘေး ခြယ်သဖို့ အသုံးပြုခဲ့ကြပြီး မျက်လုံးအတွင်းပုံစံကို ပေါ်လွင်စေဖို့ Kohl ကို အသုံးပြုခဲ့ကြပါတယ်။ အနီရောင်မြေစေးကို နှုတ်ခမ်းနီအတွက် အသုံးပြုခဲ့ပြီးတော့ ဒန်းပင်ကိုတော့ ခြေသည်း၊ လက်သည်း အလှဖော်ဖို့ သုံးစွဲခဲ့ကြပါတယ်။

မက္ကဆီကိုက ကားသူခိုး အသုဘကားကို ခိုးတော့ အလောင်းကြီးပါ ပါလာ


မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းက ကားသူခိုးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ အဆိုပါ ကားသူခိုးဟာ လူသေအလောင်းရှိနေတဲ့ နာရေးကားကို ခိုးယူသွားတာ ဖြစ်ပါသတဲ့။ အသက် ၈၀ အရွယ် သေဆုံးသူရဲ့အလောင်းကို ဆေးရုံကနေ အသုဘရှုရင်ခွဲရုံကို ပို့ဆောင်ဖို့အတွက် အဆင်သင့် လုပ်ထားခဲ့တာဖြစ်တယ်လို့ တလာကေးပါကေးရဲဌာနက ထုတ်ပြန်ထားပါတယ်။ သော့တန်းလန်းနဲ့ ဖြစ်နေတဲ့ အသုဘကားကို အသက် ၄၀ အရွယ် ကားခိုးသူက ပြီးခဲ့တဲ့ သောကြာနေ့ညက ယူမောင်းသွားခဲ့တာ ဖြစ်ပါတယ်။
အဝေးပြေး လမ်းမကြီးအတိုင်း နာရေးကားကို မောင်းပြေးသွားပေမယ့် ရဲတွေက လိုက်လံဖမ်းဆီးရမိခဲ့ပါတယ်။ ကွယ်လွန်သူကိုရော အသုဘယာဉ်ကိုပါ ပြန်လည်ရရှိထားပြီး ဖြစ်ပါတယ်။
မူရင်း:The Voice Myanmar

သင်္ဘောကျင်းမဆံ့အောင် ကြီးသွားတဲ့ စပိန်ရေငုပ်သင်္ဘောသစ်


လွဲမှားမှုတွေရှိခဲ့တဲ့ စပိန် ရေငုပ်သင်္ဘောသစ်ကို ပြုပြင်ရင်း သင်္ဘောကျင်းနဲ့မဆံ့အောင် ကြီးသွားခဲ့လို့ သင်္ဘောကျင်းကိုပါ ပြုပြင်မွမ်းမံရတော့မှာပါ။ S-80 ရေငုပ်သင်္ဘောဟာ ၂၀၁၃ ခုနှစ်ကတည်းက ပထမဆုံး ပြဿနာကြုံခဲ့တာပါ။ S-80 ရေငုပ်သင်္ဘောကို ဒီဇိုင်းဆွဲဖို့ တွက်ချက်မှုတွေလုပ်ရာမှာ ဒဿမကိန်း အထားအသိုမှားပြီး ရှိသင့်ရှိထိုက်တဲ့ အလေးချိန်ထက် တန် ၁၀၀ ပိုသွားခဲ့ပါတယ်။ အဲဒီအတွက် S-80 ရေငုပ်သင်္ဘောဟာ ရေငုပ်နိုင်ပေမယ့် ရေပေါ် ပြန်ပေါ်လာနိုင်ခြင်း မရှိပါဘူး။

အဲဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ရေငုပ်သင်္ဘောကို ဒီဇိုင်းပြန်ဆွဲပြီး ဖော့ဂုဏ်သတ္တိ ပိုကောင်းအောင် သင်္ဘောရဲ့ အရှည်ကို တိုးမြှင့်ခဲ့ပါတယ်။ S-80 ရေငုပ်သင်္ဘောရဲ့ မူလအရွယ်အစားက အရှည် ၇၁ မီတာရှိပြီး တန်ချိန် ၂၂၀၀ ရှိပေမယ့် ပြုပြင်မှုတွေ လုပ်ခဲ့ပြီးနောက်မှာတော့ အရှည် ၈၁ မီတာ၊ တန်ချိန် ၃၀၀၀ ရှိသွားခဲ့ပါတယ်။ အဲဒါကြောင့် ကာတာဂျီနာမြို့မှာ အခြေစိုက်တဲ့ စပိန်ရေတပ် အခြေစိုက်စခန်းကို သောင်ပြန်တူးရမှာဖြစ်ပြီး ပြုပြင်မွမ်းမံမှုတွေ လုပ်ရတော့မှာပါ။ S-80 ရေငုပ်သင်္ဘောကို ပြုပြင်ရင်းနဲ့ ရေငုပ်သင်္ဘောတစ်စင်းစီရဲ့ ကုန်ကျစရိတ်က နှစ်ဆနီးပါး မြင့်တက်သွားခဲ့ပြီး ယူရို ၁ ဘီလျံလောက် ကုန်ကျခဲ့ပါတယ်။
Credit:Yoyarlay

မိမိခံစားရသည့် ဝေဒနာထက် လူနာများအသက်ကို ကယ်တင်ခဲ့သည့် လေးစားဖွယ် နှလုံးလှဆရာဝန်


ဆရာဝန်တစ်ဦးဟာ ခွဲစိတ်ခန်းအတွင်း အူအတက်ပေါက်ကာ ပြင်းထန်စွာနာကျင်မှု ခံစားနေရပေမယ့် အရေးကြီးသည့် လူနာများအတွက် ခွဲစိတ်မှု ၉ ခုကို ပြီးစီးအောင်လုပ်ပေးခဲ့ပါသည်။ တရုတ်နိုင်ငံအရှေ့ပိုင်း အန်ဟွီပြည်နယ်မှ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်သော လျန်ဖူချွင့်သည် ခွဲခန်းအတွင်း လူနာများကို ခွဲစိတ်ကုသပေးနေစဉ်တွင် မခံမရပ်နိုင်သော နာကျင်မှု ခံစားလာရပါသည်။
ကိုကိုယ်တိုင်လည်း အူအတက်ရောင်ရောဂါခံစားရပြီး ပြင်းထန်စွာနာကျင်နေပေမယ့် မိမိရဲ့လူနာများသည် ပိုအရေးကြီးသည်ဟုဆိုကာ ဝေဒနာကိုအောင့်အီးသည်းခံ၍ ခွဲစိတ်မှု ၉ ခု ပြီးအောင်လုပ်ပေးခဲ့ပါသည်။

ဒါပေမယ့် အလွန်နာကျင်မှု ခံစားနေရချိန် ခွဲစိတ်မှုကို အပြည့်အဝအာရုံစိုက်ကာ အမှားအယွင်းကင်းနိုင်ရန်အတွက် ခွဲစိတ်ခန်းထဲမှာ အခြားလုပ်ဖော်ကိုင်ဖက်များမှ ဒေါက်တာလျန် နာကျင်ကိုက်ခဲမှု သက်သာစေဖို့ ဆေးနှစ်ကြိမ် ထိုးပေးခဲ့ရပါသည်။
ခွဲစိတ်မှုတွေပြီးဆုံးခဲ့ချိန်တွင် ဒေါက်တာလျန်ရဲ့အခြေအနေကို  စစ်ဆေးလိုက်ရာတွင် အူအတက်ပေါက်သွားခဲ့ပြီဖြစ်တာကြောင့် အရေးပေါ်ခွဲစိတ်ကုသမှု ချက်ချင်းပြုလုပ်လိုက်ရပါသည်။
Related Posts Plugin for WordPress, Blogger...